Arc 13.11

2.8K 463 2
                                    

Unicode

ဓားပြတိုက်ခြင်းအားဖြင့် ရှီရှန်းက နတ်ဆိုး  ဂိုဏ်းအတွက် ငွေစု​ပေးနိုင်ခဲ့တယ်။ သူတို့က တစ်နေ့လုံး အလုပ်လုပ်ပြီး​တော့မှ ဆန်ပြုတ်​လေးတစ်ခွက်သာ သောက်ဖို့မလိုတော့ဘူး နောက်နေ့ဘာစားရမလဲကို စိတ်ပူစရာမလိုကြ​တော့ဘူး
ရှီရှန်းက ​တောင်တက်လမ်းကိုပြင်ဆင်ဖို့ အရင်ဆုံး ဆုံးဖြတ်ခဲ့တယ် နေ့တိုင်း သူတို့ဟာကြက်တွေထက်စောစောထရပြီး ခွေးထက်နောက်ကျမှအိပ်ရတယ်ဆိုပေမယ့်အနည်းဆုံးသူတို့မှာစားဖို့အသားရှိတယ်။
ဒါကြောင့် နေ့တိုင်းလမ်းပြင်ဖို့ဆန္ဒရှိတဲ့လူတွေအမြဲရှိခဲ့တယ်။

ရှီရှန်းက နတ်ဆိုးဂိုဏ်းရဲ့ အနာဂတ်အတွက်အရမ်းစိုးရိမ်ခဲ့ပေမယ့် ကျန့်ကျန်း ရဲ့ တံခါးပိတ်​လေ့ကျင့်ရေးကနေ မကြာခင်ပဲ ပြန်ထွက်လာခဲ့တယ်

သူက တောင်ထိပ်က ဂူတစ်ခုထဲက လျှို့၀ှက်ခန်းထဲမှာ ​လေ့ကျက့်​နေခဲ့တာ ဖြစ်တယ် သူတောင်ပေါ်ကဆင်းလာသည့်အခါမှာ လူတစ်စုက သူနဲ့ မနီးမဝေးမှာ အလုပ်များနေတာကို​တွေ့ရ​တော့တာပဲ
"မင်းတို့ဘာလုပ်နေတာလဲ?"
ကျန့်ကျန်းက မြန်မြန်လျှောက်လာပြီး ​အော်လိုက်တယ်။ သူ့ရဲ့ အသွင်အပြင်က နတ်ဘုရားထုဆစ်ထားတဲ့ ပန်းကုရုပ်လို လက်ရာမြောက်ပြီးနူးညံ့လှ​ပေမယ့်လည်း တစ်ချိန်ထဲမှာပဲ ခန့်ညား​နေပြန်တယ်။
သူအော်ဟစ်လိုက်တာ​ကြောင့် လမ်းပြင်​နေတဲ့သူ​တွေ လန့်သွားကြပြီး မျက်လုံးဆယ်စုံကျော်က သူ့ကိုလှည့်ကြည့်လာကြတယ်
"ဂိုဏ်း..ဂိုဏ်းချုပ်..မင်း..မင်း..ပြန်ထွက်လာပြီလား?"

"မင်းဘာလို့တုန်နေတာလဲ ငါမင်းကိုဝါးစားမှာ​ကြောက်လို့လား?! "
ကျန့်ကျန်းက စိတ်တိုလာတယ်
"မင်းတို့ဘာလုပ်နေတာလဲလို့ငါမေး​နေတယ်။ "

'ငါတို့ဘာမှ ​ကြောက်​နေစရာမလိုဘူး။ သူကဂိုဏ်းချုပ်မဟုတ်တော့ဘူး ...  '

"လမ်း..လမ်းပြင်​နေတာ"

"လမ်းပြင်တာလား အိုး! ငါ မင်းတို့ကိုနောက်ဆုံးအကြိမ် အမိန့်ပေးခဲ့တုန်းက
မင်းတို့မလှုပ်ခဲ့ပါဘူး၊ ဒါဆိုအခုမှဘာလို့စလုပ်တာလဲ မင်းတို့ ငါ့ကိုအံ့သြ​အောင်လုပ်ဖို့စီစဉ်နေကြတာလား "
'မင်းကိုပျော်ရွှင်အောင်ဘယ်သူလုပ်ချင်မှာလဲ။ လမ်းပြင်ရင် ငါတို့အသားစားရလိမ့်မယ်။ '

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora