Arc 13.30

627 73 0
                                    

Unicode

တစ်လအကြာ မနက်ခင်းတစ်ခုတွင် ရှီရှန်းသည် ဆူညံသံသံများနှင့်အတူ နိုးလာခဲ့သည်။

"ဂိုဏ်းချုပ်...ဂိုဏ်းချုပ် နိုးပြီလား"  ထင်ဖုန်းက တံခါးကိုခေါက်​နေသည်။

ရှီရှန်းက အခန်းပြက်ထွက်လာခဲ့သည်။ 
"ဘာလဲ?" 
'မင်း ငါ့ကို အိပ်ခွင့်မပေးနိုင်ဘူးလား  အစောကြီးရှိသေးတယ်...''

"သူတို့​တွေ အချင်းချင်း ရန်ဖြစ်နေကြတယ်!  ဂိုဏ်းချုပ် ကြည့်ချင်လား" 
ထင်ဖုန်းက အလွန်စိတ်လှုပ်ရှား​နေခဲ့သည်။

ရှီရှန်း မျက်မှောင်ကြုတ်လိုက်သည်။
'အချင်းချင်း တိုက်နေကြတာလား'

"လာ လာ!" ထင်ဖုန်း သည် အလွန်ရဲတင်းလာခဲ့ပြီး ယခု ရှီရှန်းကို ဆွဲထုတ်ရန်ပင် သတ္တိရှိ​နေပြီဖြစ်သည်။

ခွေးကလေးက အိမ်ထဲမှ ပြေးထွက်လာပြီး ရှီရှန်း နောက်သို့ တ​ကောက်​ကောက် လိုက်သွားသော်လည်း  လှေကားထပ်တွင်ကျန်နေခဲ့ရပြီး လှေကား​တွေက သူ့ဘာသာသူ ဆင်းဖို့ မြင့်​လွန်း​နေသည်။

ရှီရှန်း ဂိတ်၀ကို​ရောက်သောအခါတွင် ထင်မထား​သော လူတစ်​ယောက်ကိုတွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားခဲ့ရသည်။

"ကုယွီ အိမ်ပြောင်းလာတာလား" 
'သူက အမြဲတမ်း အိမ်ခေါင်မိုးပေါ်မှာ နေတာ မဟုတ်ဘူးလား?  အခုတော့ ဂိတ်တံခါးပေါ်က သဘာဝစွမ်းအင်တွေကို စုပ်ယူဖို့ပြောင်းလာ​နေပြီလား'

ထင်ဖုန်းက ​အေး​အေး​ဆေး​ဆေးပြန်​ပြောလိုက်သည်။  "အောက်​မှာဖြစ်​​နေတာ​တွေကို ကြည့်ချင်လို့ဖြစ်မယ်"

ရှီရှန်း "…"

နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသားထက်ဝက်ကျော်က တောင်အောက်ခြေတွင် စုဝေး​နေကြပြီး ရှီရှန်း ဆင်းလာသောအခါတွင်  သူမအတွက် အကောင်းဆုံး မြင်ကွင်း​ရ​စေရန်   ချက်ခြင်း ရှင်းလင်း​ပေးလိုက်ကြသည်။

အဝေးကလူတွေက အုပ်စုသုံးစုကွဲ​နေကြသည်။

တစ်ဖွဲ့ကို ရှန့်ရှင်းယန်နှင့် ရှန့်ရှင်းဟိုင်တို့က ဦးဆောင်​နေကြပြီး  ရွာသူကြီးကျိုးက  တစ်ဖွဲ့ကို ဦးဆောင်နေသည်။ကျန်တစ်ဖွဲ့ကို​တော့ ရှီရှန်းမသိ​သူ တစ်ဦးက ဦးဆောင်​နေ​လေသည်။ ဤ​နေရာတွင်  ပိုင်ဖုမရှိခဲ့​ပေ။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now