Unicode
ရှီရှန်းက မနေ့ညက လင်းယွဲ့ကို အပြစ်ပြုမိတဲ့သူမှန်သမျှကိုအပြစ်ပေးခံရမယ်လို့ပြောလိုက်တယ်
အပြစ်ဒဏ်က မြေပြင်ပေါ်မှာသေမလားရှင်မလားမသဲမကွဲအခြေအနေကိုရောက်နေတဲ့အမတ်လင်လောက်တော့မပြင်းထန်လောက်ဘူး
ရှီရှန်း က စစ်ဆေးပြီးတဲ့နောက်မှာ ဓားကိုဒရွတ်တိုက်ဆွဲပြီး ထွက်သွားတယ်
အမတ်တွေအားလုံးကမြေပြင်ပေါ်ဒူးထောက်ကျသွားကြပြီး သူမထွက်သွားမှသက်ပြင်းချနိုင်မိတော့တယ်အမတ်လင်ကတော့သူတို့နဲ့မနီးမဝေးမှာသွေးထွက်နေပြီးလဲနေတာကြောင့် သူတို့တော်ဝင်သမားတော်ကို အမြန်ပင့်ရတယ်
အမတ်ချုပ်အိမ်တော်ကသူတွေကတော့အခြားအမတ်တွေနှုတ်မဖွာအောင် လာဘ်ပေးလာဘ်ယူလုပ်တာကလွဲလို့အခြားနည်းလမ်းအကုန်သုံးပြီးဖုံးထားကြတယ်
ရှီရှန်း ကအိမ်ရှေ့စံကို ချက်ချင်းပြဿနာသွားမရှာဘဲနန်းတော်ကနေသာထွက်လာတယ်
နန်းတော်ထဲမှာတော့ အိမ်ရှေ့စံကိုတိုက်ခိုက်လို့မဖြစ်ဘူး ဘယ်လိုကိစ္စမဆိုဧကရီကသူမဘက်ကနေပဲရပ်တည်မှာပဲ ရှီရှန်းသာသူမကိုပြဿနာသွားရှာရင်ကျွင်းအိမ်တော်ကိုဖျက်ဆီးဖို့ဧကရီကိုအခွင့်အရေးပေးလိုက်သလိုဖြစ်သွားလိမ့်မယ်
ရှီရှန်း သူမအိမ်တော်ကိုပြန်ရောက်တဲ့အခါမှာ သူမလက်ကဓားသွေးတွေစီးကျနေတာကိုမြင်ပြီးလင်းယွဲ့နဲ့သိုက်ယွဲ့ကနှလုံးရောဂါရမလိုဖြစ်သွားတယ်
"ဘယ်သူ့ကို အမတ်ချုပ်ကြီးတိုက်ခိုက်ခဲ့ပြန်ပြီလဲ?"
"ငါတို့ဘက်ကလူတွေကိုပြောလိုက်, ကိုယ့်ကိုယ်ကိုသတိထားနေဖို့!, သူတို့သာထောင်ထဲရောက်ရင်ငါလာမကယ်ဘူးလို့ပါပြောထား!"
ရှီရှန်း ကအမိန့်ပေးလိုက်တယ်ရင်းယွဲ့နဲ့သိုက်ယွဲ့က ပိုပြီးတော့တောင်စိတ်ညစ်သွားကြတယ်
'အမတ်ချုပ်က ညီလာခံသွားပြီးဘာတွေလုပ်လာခဲ့တာတုန်း'သူတို့တွေမကြာမီမှာလူတွေပြောသံကနေတစ်ဆင့်သိလိုက်ရတယ် အမှန်တရားကသူတို့မကြားချင်တဲ့အတိုင်းပဲ
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....