Unicode
"သခင်မ ကျွမ့်သခင်ကြီး လာပါတယ်"
ရှီရှန်း အိပ်ရာဝင်ခါနီးတွင် ထောင်ချင်းကအနည်းငယ်စိုးရိမ်နေသောမျက်နှာထားဖြင့် အပြင်မှ ရုတ်တရက် ပြေးဝင်လာခဲ့သည်။
"သူက ဘုရင့်အနောက်ဆောင်ထဲကို ဒီလိုပဲဝင်လာနိုင်တယ်လား"
ရှီရှန်းအံ့သြသွားသည်။'ဒီကျွမ့်သခင်ကြီး က တော်တော်တတ်နိုင်တာပဲ!'
ကျွမ့်အိမ်တော်သည် ယခင်ကကဲ့သို့ သူမထံ စာများ အဆက်မပြတ် ပေးပို့နေစဲဖြစ်သော်လည်း ရှီရှန်းက ၎င်းတို့ကို ၀ဋ်ကျေတန်းကျေ သို့မဟုတ် လုံးဝမတုံ့ပြန်ခဲ့ပေ။
သူမဘေးနားရှိ သူလျှိုအားလုံးကို ရှင်းထုတ်လိုက်ပြီဖြစ်သောကြောင့် ကျွမ့်သခင်ကြီးက စိတ်မအေးနိုင်တော့ပေ။ ထုံးစံအတိုင်း သူက နန်းတော်ထဲသို့ ခိုးဝင်လာတော့သည်။
တရား၀င်မဟုတ်တာကြောင့် ကျွမ့်သခင်ကြီးက အလွန်သတိထားနေခဲ့ပြီး အခန်းထဲ ဝင်လာပြီးသည့်တိုင် ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်နေဆဲဖြစ်သည်။
"ရှောင်ချုံ"
ရှီရှန်းက သူ့ကို နှုတ်ဆက်ဖို့ ရည်ရွယ်ချက်မရှိဘဲ ထိုင်နေတာကို မြင်လိုက်ရတော့ ကျွမ့်သခင်ကြီးက မျက်နှာပျက်သွားတော့သည်။"..သခင်မ.."
ထောင်ချင်းသည် သူမကို မျက်လုံးများဖြင့် အလျင်အမြန်စကားပြောရန် ကြိုးစားရင်း ကျွမ့်သခင်ကြီးကိုလည်း အနည်းငယ်ကြောက်နေပုံရသည်။ရှီရှန်းက မော့ကြည့်ကာ တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။
"ဘုရင်မင်းမြတ် သိသွားမှာကို အဖေမကြောက်ဘူးလား"ရှီရှန်း သူ့အတွက် စိုးရိမ်ပူပန်နေသည်ဟု ထင်တာကြောင့် ကျွမ့်သခင်ကြီး၏အမူအရာမှာ တည်ငြိမ်သွားသည်။
"အဖေ မင်းကိုလာတွေ့တာ"
ကျွမ့်သခင်ကြီးက ရှေ့သို့ ခြေလှမ်းအနည်းငယ် ရွှေ့လာသည်။"မင်း နေကောင်းရဲ့လား?"
"ဒီမေးခွန်းကို မေးစရာလိုသေးလို့လား အဖေ"
သူမနန်းဆောင်ရှိလူများကို ထုတ်ပယ်ထားသော်လည်း ကျွမ့်အိမ်တော်၏ သူလျှိုများကို အနီးပတ်ဝန်းကျင်တွင် နေရာချထားဆဲဖြစ်သည်။
VOUS LISEZ
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....