Arc 13.23

780 82 7
                                    

Unicode

ဖူယွင်သည် လျို့ရွှီကို ပွေ့ချီကာ ဒုတိယထပ်မှ ခုန်ဆင်းလိုက်သည်။

လျို့ရွှီက ချက်ချင်းပဲ ပိုင်​လော့ ဆီကို လျှောက်လာသည်။
"ညီမ​လေး​ရှောင်​လော့မင်းဘယ်ရောက်နေတာလဲ။  မင်းဆီက ဘာသတင်းမှ မရှိဘူး... ကိုကိုယိယွင်နဲ့ ငါ ဘယ်လောက်တောင် စိတ်ပူနေရပြီလဲ သိလား။"

ပိုင်​လော့သည် သူမရှေ့တွင် ရပ်နေသောသူများကို မမှတ်မိ​ပေ။
သူမသည် ထင်ဖုန်း ၏နောက်သို့ ဆုတ်သွားပြီး "နင် ငါ့ကို သိလို့လား"ဟု ​​မေးလိုက်သည်။

"ညီမ​လေး​ရှောင်​လော့?"  လျို့ရွှီ က ဘာတွေဖြစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိ​ပေ။

ဖူယိယွင်က မျက်မှောင်ကြုတ်လိုက်သည်။  "​ရှောင်​လော့ မင်းငါ့ကိုမမှတ်မိဘူးလား"

ပိုင်​လော့၏ စိတ်ထဲတွင် စိမ်းသက်​သောပုံရိပ်များစွာ ပေါ်လာသည်။  အရှေ့ကလူက  အလွန်ရင်းနှီးတဲ့ခံစားချက်ကိုပေးပေမယ့် သူမစိတ်ထဲမှာတော့ သူ့အပေါ် အနည်းငယ်
သတိထား​နေသလို ခံစားရသည်။
သူမ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ရှီရှန်းလည်း ထမင်းစားပြီးတာနဲ့ သူမပန်းကန်ကို ချလိုက်သည်။

လျို့ရွှီနှင့် ဖူယိယွင် တို့သည် ပိုင်လျို့ ကို အတင်းအကြပ် ​ခေါ်ထုတ်သွားလိုသော်လည်း မိစ္ဆာဂိုဏ်းသားများက ခုခံ​နေကြသဖြင့် အခြေအနေ တင်းမာလာခဲ့သည်။

ကျန့်ကျန်းကတော့ သူ့ဓါးကို ကြမ်းပြင်​ပေါ် ထိုးစိုက်ထားရင်း လက်ရှိအ​ခြေအ​နေကို​စောင့်ကြည့်​နေ​လေသည်။ ရှီရှန်းနှင့်အကြည့်ချင်းဆုံသွားသည့်အခါမှာ​တော့ သူက ​ပြောင်ပြသလိုလုပ်လိုက်သည်။

ရှီရှန်း"... " '​ဘောပဲ​ဟေ့..'

ရှီရှန်းက အကြည့်လွှဲလိုက်ပြီး ပိုင်​လော့ ဆီကို လျှောက်သွားခဲ့သည်။

"၀ူကျန်း..." လျို့ရွှီအံ့သြသွားသည်။  'သူမက ဘာလို့ဒီမှာရှိနေတာလဲ'

ရှီရှန်း က ခပ်ညစ်ညစ် ပြုံးလိုက်သည်
  "ဇာတ်...ပိုင်​လော့က မင်းတို့နဲ့အတူ လိုက်ဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် မင်းတို့သူ့ကို ပြန်ပေးဆွဲဖို့ ကြံနေတာလား?"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now