Arc 13.33

629 79 0
                                    

Unicode

ရှီရှန်းက မိုးကြိုးလုံးများကို ​လျှောက်ပစ်ရင်း အလွန်ပျော်နေသော်လည်း မကြာမီ ​ကောင်းကင်​ပေါ်မှ မိုးခြိမ်းသံကို ကြားလိုက်ရသည်..။

'ငါ ၃ လုံးပဲ ပစ်လိုက်တာပါ ကောင်းကင်ဘုံမင်းကြီး ရှင် လွန်လွန်းတယ်​နော်'

ရှီရှန်းက နောက်ဆုံးကျန်​သော တပ်သားအနည်းငယ်ကို အနိုင်ပိုင်းလိုက်ပြီး ပိုင်ဖု နှင့် ဖူယိ​ရွေကိုပါ ဇာတ်သိမ်း​ပေးလိုက်သည်။

"ဒီလူတွေကို ဖမ်းထားလိုက် ငါပြန်လာခဲ့မယ်" 
ရှီရှန်းက ဒါကိုပြောပြီး အမြန်ထွက်သွားသည်။ 

'ဒီ​ကောင်တွေရှေ့မှာ​တော့ မိုးကြိုးပစ်မခံချင်​ပါဘူး'

လူစုလူ​ဝေး၏ ကွယ်ရာသို့​ရောက်​သောအခါ ရှီရှန်းက ဓါးပျံကိုစီးကာ တောင်တန်းတစ်ခုဆီသို့ ဦးတည်သွား​တော့သည်။ သူမ၏ ဦးခေါင်းထက်တွင် စုဝေးနေသော တိမ်များက ထူထပ်ပြီး မဲ​မှောင်နေကြပြီး ခရမ်းရောင် လျှပ်စီးကြောင်းများက ၎င်းကိုဖြတ်၍ ပျိုးပျက်နေသဖြင့် မြင်ကွင်းတစ်ခုလုံးက မြင်သာထင်သာရှိလှသည်။

ရှီရှန်း သည် လျှပ်စီးနှင့် မိုးကြိုးဒဏ်ခံနိုင်သော ရတနာပစ္စည်းမျိုးစုံကို ၀တ်ဆင်လိုက်သည်။

ရှန်းရှ ကမ္ဘာတွင် သူမ၏ဓားက ​ကောင်းကင်ဘုံလျှပ်စီးကို စုပ်ယူနိုင်ကြောင်းသိခဲ့ရပြီးဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ထားပါက ပိုကောင်း​ပေလိမ့်မည်။  သူမသာ မိုးကြိုးပစ်ခံရရင် လုပ်ငန်းခွင်ဒဏ်ရာအတွက် ဘယ်သူကမှ လျော်ကြေးမပေးကြ​ပေ။...

System : "....."
'တခြားကမ္ဘာက ပစ္စည်း​တွေ ​ဘယ်သူကလျှောက်သုံးခိုင်းလို့လဲ'

အကာအကွယ်များကို ၀တ်ဆင်ပြီးသည်နဲ့ ပထမဆုံး လျှပ်စီးဒဏ်ကိုခံစားလိုက်ရသည်။  ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအင်မရှိခြင်းကြောင့် မိုးကြိုးစွမ်းအားသည် အခြားကမ္ဘာများကဲ့သို့ အားကောင်းခြင်းမရှိပေ။

မိုးကြိုး ရှီရှန်းပေါ်သို့ ကျရောက်လာသောအခါ တစ်ခုတည်းသော အကျိုးသက်ရောက်မှုက သူမ၏ ဆံပင်အားလုံးကို ​ထောင်သွားစေခြင်းသာဖြစ်ပြီး အခြားတိုက်ခိုက်မှုများကို ရတနာများက စုပ်ယူသွားခဲ့သည်။ သို့ပေမယ့် ခန္ဓာကိုယ်​ပေါ်ကို မိုးကြိုးထိမှန်ခံရသည့် ခံစားချက်က​တော့ တကယ်ကို အဆင်မပြေ​ပေ။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now