Arc 11.15

3.6K 515 1
                                    

Unicode

ရှီရှန်းက လင်းယွဲ့ရဲ့လက်တွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတယ် လင်းယွဲ့ကနည်းနည်းတုန်လှုပ်နေတယ် သူ့ပုံစံကိုရှီရှန်းမြင်တော့ သူ့လက်တွေကို သူမလက်တွေထဲ ထည့်ထားမိတယ်

ရှီရှန်းရဲ့လက်က နွေးထွေးပြီးတော့ နူးညံတယ်

နှင်းတွေဝေနေတဲ့ညမှာ အေးခဲနေတဲ့လက်ကို မီးပြင်းဖိုက အပူပေးသလိုမျိုးခံစားရတယ်

နွေးထွေးမှုက သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးသောနေရာအထိ ဝင်ရောက်သွားတယ်

ရှီရှန်းက ဧကရီကို ဆောင့်ကြွားကြွားပုံစံနဲ့ ကြည့်လိုက်တယ်
"ဧကရီ အတွေးလွန်နေပါပြီ  ကျွန်မသာ ပုန်ကန်ချင်တယ်ဆိုရင် ရှင်အစကတည်းဒီနေရာကိုရောက်မနေဘူး လင်းယွဲ့ က ကျွန်မပိုင်တယ် သူ့ကိုဆံပင်တစ်ချောင်းတောင်ထိရဲထိကြည့် အဲ့လူရဲ့ဘဝကို နိဂုံးချုပ်ပစ်မယ်"

လင်းယွဲ့ရဲ့နှလုံးသားကနာကျင်မှုကြောင့် တုန်လှုပ်လာတယ်

'ငါနှလုံးရောဂါရ နေတာလား,ဘာလို့လဲ'

"အတင့်ရဲလိုက်တာ ကျွင်းလီယုန်!!"
ဧကရီရဲ့ဒေါသကအဆုံးအစွန်ထိရောက်သွားတယ်

ရှီရှန်း ကပြုံးသွားပြီးတော့, လှောင်ပြောင်နေတဲ့ပုံစံကို မဖုံးကွယ်ဘူး
"ရှင့်ရဲ့ဧကရီဆိုတဲ့နေရာကိုတည်မြဲချင်ရင် ကျွန်မကိုလာမစမ်းနဲ့"

အမတ်ချုပ်အိမ်တော်မှလူများ
"...."
'အဲတော့ငါတို့က ပုန်ကန်ရမှာလား မပုန်ကန်ရဘူးလား အမတ်ချုပ်ရေ အနည်းဆုံးတစ်ခုခုမလုပ်ခင် ကြိုပြောပါလား ကျွန်မတို့အမတ်ချုပ်ဘာတွေတွေးနေမှန်းတစ်ကယ်မသိလို့ပါ'

"မင်း...မင်း..."
ဧကရီကရှီရှန်းကို လက်ညှိုးထိုးတယ် ဒါပေမဲ့ သူမဒေါသထွက်လွန်းလို့တုန်နေတယ် သူမစကားကိုပြောသင့်မပြောသင့်စဉ်းစားရင်းကနေ အံကြိတ်ပြီးပြောချလိုက်တယ်

"သူတို့ကိုသတ်စမ်း!!  ငါဧကရီ ဒီအပြစ်သားနှစ်ယောက်ကိုသတ်ဖို့ အမိန့်ပေးတယ်"

ဧကရီရဲ့မျက်လုံးတွေကနီရဲနေတယ်

အစောင့်တွေက ရှီရှန်းနားမှာပတ်လည်ဝိုင်းလာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Tempat cerita menjadi hidup. Temukan sekarang