Unicode
ရှီရှန်းက ယွိကျိုတစ်ယောက်ဘာတွေဖြစ်နေမှန်းမသိဘူး သူကိုယ်တိုင်ကလည်း သူမကိုစကားမပြောဘူး နောက်ပိုင်းအဲ့နေ့က ကိစ္စကိုသူမေ့သွားပြီတော့ သာမာန်ရွှင်လန်းနေတဲ့ မြင်လေးတစ်ကောင်ပုံစံဖြစ်သွားပြန်တယ်
ရှီရှန်းက နိုင်ငံခြားသားနဲ့ပတ်သတ်တဲ့ကိစ္စကို နည်းနည်းလေပင့်ပေးလိုက်တယ် ပြီးတော့ယွိကျိုရဲ့အကြောင်းကိုပြောပြလိုက်တယ်
ယွိကျို ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာက သူမကိစ္စမဟုတ်ဘူး
ရံဖန်ရံခါပျောက်နေတာက
လွဲပြီး အခြားအချိန်တွေမှာ ယွိကျိုက
ရှီရှန်းကိုကျောင်းကေနအိမ်ကို ခေါ်ဖို့အချိန်မှန်ရောက်လာလေ့ရှိတယ် တစ်ခါတစ်ရံသူက ပန်းတွေယူလာပြီး
ကဗျာဆန်တဲ့အချစ်ရေးတစ်ခုခုကိုလည်း စီစဉ်ပေးတတ်တယ်
တစ်ကျောင်းလုံးကသူတို့ရဲ့နာမည်ဆိုးကျောင်းသူ တစ်ယောက်မှာ ချစ်စရာကောင်းတဲ့ ရည်းစားရှိမှန်းသိကြတယ်
ထို့ပြင်ဤဆိုးဝါးလွန်းတဲ့သူမကို
ကျောင်းအုပ်ကအရိပ်အခြည်ကြည့်ရတဲ့အခြေအနေအချို့လည်းရှိခဲ့ဖူးတယ်ဒီလိုတင်းကျပ်လွန်းတဲ့ ကျောင်းအုပ်ကြီးက ဘာလို့သူမကို ခင်မင်ရင်းနှီးပြီး ခွင့်လွှတ်ပေးနေတာပါလိမ့်
ပြီးတော့ သူမအတန်းမတက်ဘဲကျော်သွားဖို့တောင် အကူညီပေးခဲ့တယ် ဒါကသေချာပေါက် သိပ်အဆင်မပြေတဲ့ ညှိနှိုင်းမှုတစ်ခုပဲ
အားလုံးသိနေတဲ့ ယောင်ချင်ကတော့ ကဒါကိုလှောင်ပြောင်ခဲ့တယ် 'ငါတို့သာမာန်လူတွေက ထိပ်တန်းကျောင်းသားတစ်ယောက်ရဲ့ကမ္ဘာကြီးကိုဘယ်လိုနားလည်နိုင်မှာလဲေနာ်။ '
"ရှောင်ယောင်ချင်!
သန်းခေါင်ယံကြီးကို စာကျက်နေတုန်းလား ကဲဒီမှာမင်းကိုပြန်လည်နုပျိုစေမယ့် အရာတစ်ခုရှိတယ် " ရှီရှန်းက သံပုရာအရသာအချိုရည်တစ်ခွက်ကို သူမရှေ့တွင်ချထားလိုက်တယ်
“ အိုင်းစတိုင်း ကြီး ငါ့ကိုစာသင်ပေးပါလား” ယောင်ချင်က ရှီရှန်းလက်ကို
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....