Unicode
ရထားမောင်းသူဟာ အလောင်းတစ်စုကို သနားစွာ ကြည့်လိုက်တယ်
'ဒီအမျိုးသမီးကမင်းတို့အနှောင့်အယှက်ပေးနိုင်တဲ့အမျိုးအစားမဟုတ်ဘူး '
သူက မျက်စိရှေ့မှာတင် ကိစ္စတွေအများကြီးကိုတွေ့ခဲ့ရတာမို့ ရှီရှန်း အမှားလုပ်တယ်လို့သူမခံစားရဘူး။
'ဒီအမျိုးသမီးမှာသာ ခွန်အားမရှိရင်သူမဟာဒီလူတွေရဲ့ အနိုင်ကျင့်တာကို ခံရလိမ့်မယ် "
ရှီရှန်းက မီးပုံအနားမှာ ဒူးထောက်နေတဲ့ ၂ယောက်ကို ငုံ့ကြည့်ရင်းထိုင်ချလိုက်တယ်။
"ငါ့ကို ကြိုက်တုန်းပဲလား?"
သူတို့နှစ်ဦးစလုံး ကြောက်လန့်တကြားနဲ့ ခေါင်းကိုအစွမ်းသတ္တိရှိသမျှ ခါရမ်းလိုက်တယ်
"သခင်မ.. ကျွန်တော်တို့ သခင်မကို အပြစ်ပြုမိပါတယ်..ကျွန်တော်တို့ မျက်လုံးတွေကန်းသွားခဲ့ပါတယ် ! ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုခွင့်လွှတ်ပါ""သခင်မ၊ ကျွန်တော်တို့ကို လွှတ်ပေးပါ..."
"ကျွန်တော်တို့ကို ချမ်းသာပေးပါ!"
'ဒီမိန်းမကဘယ်ကရောက်လာတာလဲ!'
"ဟမ့်..." ရှီရှန်ကသူတို့ကိုကြည့်ပြီးထလာတယ်
"တကယ်လို့ ခုနက ငါကသာ မင်းတို့ကိုတောင်းပန်ခဲ့ရင် မင်းတို့လွှတ်ပေးပါ့မလား"သူတို့၏ရှုထောင့်ကနေ ကြည့်ရင် သူမရဲ့ နက်ရှိုင်းသောမျက်ဝန်းတွေထဲက အေးစက်မှုကို မြင်နေရတယ် အဲ့ဒီမျက်၀န်းတွေက ငရဲမီးတောက်တွေလို ပူပြင်းမှုမရှိ ပေမယ့်လည်း စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်စွမ်းရှိတယ်
"ငါတို့ကဘယ်သူလဲမင်းသိလား! မင်းငါတို့ကိုထိရင်မင်းလည်းလွတ်မှာမဟုတ်ဘူး။ "
တောင်းပန်နေလို့ အသုံးမဝင်တော့တာကြောင့် သူတို့က သူတို့ရဲ့ အဆင့်အတန်းကိုအသုံးချဖို့ ကြိုးစားလာကြတယ်"မသိဘူး။ ကျွန်မဂရုမစိုက်ဘူး..။ "
ရှီရှန်း ကအေးစက်စွာပြန်ဖြေတယ်။
ဒါပေမယ့် သူတို့ကသူမ ပြောတာကိုမကြားဟန်နဲ့ ဆက်ပြောကြတယ်
"ငါတို့က သွေးနက်ဂိုဏ်းကပဲ.. မင်းငါတို့ဆံပင်တစ်မွှေးကိုထိခိုက်အောင်လုပ်ရင်တောင် သွေးနက်ဂိုဏ်းကိုမင်း ထိပါးရာကျသွားပြီ"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....