Unicode
တစ်ပါးတည်းသော တော်ဝင်မင်းသားဖြစ်သည့် ယွီဝမ်ကျင့်သည် ရှီရှန်းကို အရိုအသေပေးလိုက်ခြင်းဖြင့် သူမအား ပြဿနာရှာလိုသူများကို တုန်လှုပ်စေခဲ့သည်။
တစ်ဦးတည်းသောမင်းသားအနေဖြင့် ယွီဝမ်ကျင့် ၏ရာထူးသည် ယွီဝမ်ရှင်း၏အောက်တွင်ရှိနေ၏။
ပွဲစပြီးတာနဲ့ ယွီဝမ်ရှင်း နှင့် ရှီးလျန်၏ ဒုတိယမင်းသား ဝင်လာကြသည်။
ဒါပေမယ့်!
ယွီဝမ်ရှင်း နဲ့အတူ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားတဲ့ ဇာတ်လိုက်မက ဘယ်ကပါလာတာလဲ။
'အအေးနန်းတော်က ဘာဖြစ်သွားတာလဲ ဒီဘယ်လိုလုပ်ပြီးက သူက မျက်နှာသာပြန်ရသွားပြန်တာလဲ ?!'
စောက်ခွေး! ဇာတ်ကြောင်းက တကယ်ကို တတ်နိုင်လွန်းတယ် ဇာတ်လိုက်တွေ မသေသေးသရွေ့ သူတို့ကို ပေါင်းစည်းပေးနေတာပဲ၊ ဟေး?!'
အမျိုးသားဇာတ်လိုက်က မြောက်ဝင်ရိုးစွန်းတွင်ရှိနေပြီး အမျိုးသမီးဇာတ်လိုက်က တောင်ဝင်ရိုးစွန်းမှာ ရှိနေလျှင်ပင် ဇာတ်ကြောင်းက သူတ်ု့ကို တွေ့ဆုံစေဆဲဖြစ်သည်။ ဒါက ကံတရားပင်။
ချီး! ဒါလုံး၀ တရားနည်းလမ်းမကျဘူး။
ရှီရှန်းက စားပွဲကို ကျယ်လောင်စွာ ထုလိုက်တာကြောင့် သူမဘေးနားက လူတွေ လန့်ကုန်ကြသည်။'ဘယ်သူကမှ သူမကို ရန်မစမိပါဘူး ဘာလို့ တစ်ယောက်ယောက်ကို သတ်ချင်နေတဲ့ပုံ ပေါက်နေရတာလဲ ငါတို့ကို အကြောက်လွန်ပြီး သေအောင်လုပ်နေတယ်!'
လွီရော့ နှင့် ယွီ၀မ်ရှင်းတို့က ပလ္လင်ပေါ်တွင် အတူထိုင်ကြသည်။ လွီရော့က ရှီရှန်းနှင့် တစ်စက္ကန့်မျှသာ မျက်လုံးချင်းဆုံသွားပြီး ချက်ချင်း အဝေးကိုအကြည့်လွှဲကာ ယွီ၀မ်ရှင်း၏ဘေးတွင် မတ်မတ်ထိုင်နေခဲ့သည်။
ယွီ၀မ်ရှင်းသည် ရှီးလျန် ၏ ဒုတိယမင်းသားအား ပြောင်မြောက်လှသော နှုတ်ဆက်စကားနှစ်ခွန်းဖြင့် ကြိုဆိုခဲ့ပြီး သူ၏သဘောထားမှာ ထင်ရှားပေသည်။
"တော်၀င်မင်းဆရာမှာ တုနှိုင်းမရတဲ့ အရည်အချင်းရှိတယ်လို့ ကြားတယ် ဒါကို သက်သေပြပေးတာကို မြင်ရဖို့ ကျွန်တော့်မှာ ဂုဏ်ရှိနိုင်မလား"
ESTÁS LEYENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....