Unicode
''ချင်ကော" ထိုမိန်းကလေးက မျက်မှောင်ကြုတ်လိုက်တယ်
"ရှင် ဒီလောက်ထိ သွေးအေးရလား?''
ချင်ကောက သူမလက်ကို လွှဲချလိုက်တယ် သူ့ဒေါသကိုပါ မနည်းထိန်းထားရတယ်
"ကျွန်မ ဘယ်နေရာမကောင်းလို့လဲ, ဘာကြောင့် ဒီလောက်တောင်ဖြစ်နေရတာလဲ"
သူမ မျက်လုံးတွေက မယုံကြည်.နိုင်ဖြစ်နေတယ်
"ငါတို့က တစ်ကမ္ဘာတည်းမှာ ရှိမနေသင့်ဘူး"
[အပိုမစ်ရှင်: အမှောင်ထုရဲ့ သစ္စာတရား]
ရှီရှန်း"....." 'ငါကဒီအတိုင်း ဇာတ်လမ်းလေးကြည့်နေရုံလေ: ငါ့ကိုဘာလို့မစ်ရှင်တွေ လာပေးနေတာလဲ? ပြီးတော့ အရင်တုန်းက ကိစ္စကိုတောင်မရှင်းရသေးဘူးနော် ငါ့ကိုမစ်ရှင်တွေပေးရယ်တယ်ပေါ့'
'မလုပ်ဘူးဟာ'
systemက ရှီရှန်း ပြဿနာရှာမှကြောက်တာကြောင့် ဘာမှဆက်မပြောတော့ဘူး
'၃၁ဘုံမှာ ငါလေးက သနားစရာအကောင်းဆုံး systemပါလား'
ချောင်ချန်းချန်းက ထျန်းကျင်းချန်ရဲ့ဆုပ်ကိုင်မှုထဲကနေ ရုန်းထွက်လာပြီးတော့ ချင်ကောဆီပြေးလာတယ်
"ချင်ကော,သွားရအောင်"
"နင်ဘယ်သူလဲ"
ထိုမိန်းမက သူမကိုမျက်မှောင်ကြုတ်ကြည့်လိုက်တယ်
"သူ့ကိုထိခွင့်ပြုတယ်လို့ နင့်ကိုဘယ်သူပြောလဲ လွှတ်လိုက်စမ်း"
ထိုမိန်းမက ချန်းချန်းကိုတွန်းပစ်ခိုက်တယ် ဇာတ်လိုက်မကဟန်ချက်မထိန်းနိုင်ဖြစ်သွားပြီးတော့ ရှီရှန်းပေါ်ကို ပြုတ်ကျနီးနီးဖြစ်သွားတယ်
ရှီရှန်းက ဝင်မပါချင်တာကြောင့် ဘေးကို တိုးသွားတယ် ရလဒ်အနေနဲ့ ဇာတ်လိုက်မကတော့ ကြမ်းပြင်နဲ့နဖူးနဲ့ရိုက်မိတာပဲ
ကြမ်းပြင်က ကြွေပြားဖြစ်တာကြောင့် ချောင်ချန်းချန်းရဲ့နဖူး နီသွားတယ်
ချင်ကောက ရှီရှန်းကို အဓိပ္ပါယ်ရှိလွန်းတဲ့အကြည့်နဲ့ကြည့်နေတယ်
CZYTASZ
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....