Unicode
"မမ" ပိုင်လော့က ရှီရှန်းဘေးကိုလျှောက်လာပြီး ခပ်တိုးတိုးမေးတယ် " မမမှာဖိတ်စာရှိလား..မမ ကျွန်မ ဖိတ်စာကိုသုံးချင်လား "
"လူအများကြီးကြည့်နေတဲ့အချိန်မှာ ဖိတ်စာမထုတ်ပြနိုင်ခဲ့ရင် ရှက်စရာကောင်းလိမ့်မယ်"
"မင်းကိစ္စမင်းသာ ဂရုစိုက်စမ်းပါ " 'ဇာတ်လိုက်မတွေက သူများကိစ္စတွေ ၀င်၀င်ပါတတ်တဲ့ ပြသနာတစ်ခုရှိတယ်'
ပိုင်လော့က ခေါင်းငုံ့လိုက်ပြီး မျက်၀န်းထဲက
နာကျင်မှုတွေကို ဖုံးကွယ်ထားတယ်ပတ်ဝန်းကျင်ကလူတွေမလှုပ်ရဲဘူး သူတို့က ရှီရှန်းသွားမယ့်အချိန်ကိုစောင့်နေပုံရတယ် သူတို့ကသူမတကယ်ဖိတ်စာရထားတာဟုတ်၊ မဟုတ်ကိုသိချင်နေကြတယ်
ရှီရှန်းက သူမရဲ့ ဖိတ်စာကို စတိုင်ကျကျဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်ကာ
ဖိတ်စာကို သူမလက်ညှိုးထိုးပြီး စစ်ဆေးသူကို ပြောလိုက်တယ် "ကောင်းကောင်းကြည့်ပါ"ထိုလူက ပြုံးပြီးခေါင်းညိတ်ကာ ဖိတ်စာကို ဖွင့်လိုက်တယ်
ဖိတ်စာရဲ့ အောက်ခြေမှာ "၀ူကျန်း" ဆိုတဲ့နာမည်ကိုသူတွေ့ခဲ့တယ်
"၀ူကျန်း ကျေးဇူးပြုပြီးဝင်ပါ "
စစ်ဆေးသူရဲ့ စကားတွေက ဖိတ်ကြားချက်မှန်ကန်ကြောင်းသက်သေပြခဲ့တယ်
'ဘယ်လိုဖြစ်ရတာလဲ? တောက်ပလရောင်ရွာ ကသူမကိုဖိတ်စာဘယ်လိုထုတ်ပေးနိုင်လဲ ??? '
လျှို့ရွှီအပါအ၀င် လူတိုင်းကစိတ်ရှုပ်နေကြတယ် ဒီကိစ္စက သေချာဆွေးနွေးစရာကိစ္စဖြစ်တယ်
တောက်ပလရောင်ရွာက ရှင်းလင်းချက်မပေးခဲ့ပေမယ့်လည်း သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူအချို့က သတင်းအချက်အလက်အချို့ကိုတူးဆွနိုင်ခဲ့ကြတယ်
ရှီရှန်းက လက်ရှိ မဟာမိတ်ခေါင်းဆောင်ရဲ့ညီငယ် ရှန့်ရှင်းဟိုင်နဲ့ သိကျွမ်းခဲ့တယ် သူက ဒီမဟာမိတ်ဂိုဏ်းများစုဝေးပွဲမှာ ရွေးချယ်မယ့် ခေါင်းဆောင်ရာထူးအတွက် ရာထားခြင်း ခံရသူတစ်ဦးလည်းဖြစ်တယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....