Arc 13.18

2K 275 0
                                    

Unicode

နတ်ဆိုးဂိုဏ်းဝင်များက​တော့ သူတို့ရဲ့ ယခင်ဂိုဏ်းချုပ်ဟောင်းကို လက်ရှိဂိုဏ်းချုပ်က အတော်လေးနာကျင်စေမယ့် သင်ခန်းစာ​ပေး​နေခဲ့တာကို မျက်မြင်​တွေ့လိုက်ကြရပါတယ်  အဲ့ဒါက အလွန်ကြမ်းတမ်းရက်စက်ကာ ​သွေးထွက်သံယိုမြင်ကွင်းလည်း ဖြစ်တာ​ကြောင့် ၁၃နှစ်​အောက်က​လေးငယ်များ ကြည့်ရှုဖို့ မသင့်​တော်ဘူး

ကျန့်ကျန်းက ရှီရှန်းကို ​ပြန်လည်အော်ဟစ်ပြီး အရှုံးပေးဖို့ ငြင်းဆန်ခဲ့တယ်  ဒါ​ပေမယ့် ရလဒ်က​တော့ သူအော်ဟစ်ဖို့ အားမရှိတော့တဲ့ အထိ ရိုက်နှက်ခံရခြင်းနဲ့ အဆုံးသတ်သွားတယ်

ရှီရှန်းဟာ ကုယွီကို အနိုင်ယူပြီးသွားတဲ့အခါ ကျန့်ကျန်းရဲ့ စကား​တွေက မှန်​နေတယ် ဆိုတာ သိလိုက်ရတယ်  သူမ သူ့ကိုပြောတဲ့ ဘယ်သူ့ကိုမဆိုရိုက်နှက်​ပေးပြီး ကျန့်ကျန်း​တောင်  အလွတ်မ​ပေးခဲ့ဘူး

'ဒီ​ကောင်ကအရမ်းအသုံးဝင်တယ်ဆိုတာငါသိခဲ့ရင်ငါသူ့ကို အနိုင်ယူပြီးတာကြာပြီ'

"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်…မကောင်း​တော့ဘူး…"ဂိုဏ်းသားတစ်ဦး အပြင်ဘက်မှပြေးဝင်လာ​တယ်

"အခုဘာဖြစ်ပြန်ပြီလဲ?" ရှီရှန်ကတည်ငြိမ်စွာမေးလိုက်တယ်

ဂိုဏ်းသားက အလောတကြီးပြန်​ပြောရှာ​​လေတယ် "ဂိုဏ်းချုပ်ကျန့် ကလူတွေကိုသူနဲ့အတူတောင်ပေါ်ကခေါ်သွားတယ်"

"အဲ့​တော့...ငါနဲ့ဘာဆိုင်လဲ"
'ငါကသူ့နောက်လိုက်လား.. သူ့သက်တော်စောင့်လား '

"ဒါပေမယ့်…" ဂိုဏ်းသားကအားနည်းစွာပြောခဲ့တယ် "ဂိုဏ်းချုပ်ကျန့်က သူနဲ့အတူ ဘယ်လက်ရုံးနဲ့ ညာလက်ရုံးကိုပါခေါ်သွားတာ"

'ဘာတဲ့? သူကငါ့အစေခံတွေကိုပြန်ပေးဆွဲတာလား?! ဗီလိန်ကြီး.. မင်းပုန်ကန်ချင်တာလား..'

"သူတို့ကဘာအတွက်ဆင်းသွားတာလဲ"

ဂိုဏ်းသားက ခေါင်းယမ်းလိုက်တယ်

ကျန့်ကျန်း ကတောင်ပေါ်က​နေ ဘာကြောင့်ဆင်းသွားတယ်ဆိုတာဘယ်သူမှမသိဘူး

သူကဒီရက်ပိုင်းတွေသူနဲ့သူယူထားတဲ့လူတွေကိုစကားတွေပြောနေတာပဲ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now