Arc 12.14

3.7K 579 4
                                    

Unicode

"ဒါက လူတွေဝင်တဲ့အပေါက်ဆိုပြီး ငါကဘာလို့ဝင်ခွင့်မရှိတာလဲ"

အစောင့်"....."
'ငါအိမ်ကထွက်လာတုန်းက ဘုရားများမရှိခိုးမိဘူးလား, အစက ငါမမှတ်မိတဲ့ အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့တယ် အခုကြတော့လည်း ပြဿနာရှာတဲ့သူနဲ့တွေ့တယ်'

"သခင်လေး, ဟိုဘက်ဝင်ပေါက်ကနေဝင်လို့ရပါတယ်ခင်ဗျ"
အစောင့်က ရိုရိုသေသေတစ်ဖက်ကို ညွှန်ပြတယ်

"ဘာလို့တုန်း"

ရှီရှန်းက သူမမျက်နှာတစ်ခုလုံးနီရဲသွားသလိုခံသားရတယ်

'ဒီကောင်က ဗီလိန်ရောဟုတ်ရဲ့လားဟင်, နင်ကတော့ ငါတို့ဗီလိန်တွေရဲ့ မျက်နှာကို အိုးမဲသုတ်နေတာပဲ, ရင်းမော့နဲ့များယှဥ်ကြည့်စမ်းပါ, ဗီလိန်ဆိုတာ ဒီလိုအရှိန်အဝါတွေ ရှိနေရမယ်လေ '

'ဒါကြီးကိုပဲ အကြိမ်တစ်သောင်းလို့ထပ်ခါထပ်ခါမေးနေရလား, ဖီးးး'

'လောလောဆယ် ဒီအရူး ယွိကျိုရောက်နေပြီဆိုတော့ ငါပြေးရမယ်'

ဒါကိုတွေးမိတာနဲ့ ရှီရှန်းတစ်ယောက်လှေကားကနေဆင်းပြေးတယ်

ရှီရှန်း ထွက်ပြေးတာကိုမြင်တာနဲ့ ယွိကျိုက ဘာလို့တုန်းဆိုတာကြီးကို အကြိမ်တစ်သောင်းလောက် ထပ်မမေးတော့ပဲ သူမနောက်ကိုပြေးလိုက်တယ်

အစောင့်"....."
'ဒီကောင်​လေးက စိတ်ပိုင်းဆိုင်ရာများချို့ယွင်းနေတာလား, သူ့ရုပ်လေးကလည်းကြည့်ကောင်းပါတယ် ဘာတွေလာရစ်နေမှန်းကိုမသိဘူး'

ရှီရှန်းက အရမ်းမြန်တယ် ယွိကျိုကလည်းမနှေးတာကြောင့် မကြာခင်မှာပဲ သူမကို လမ်းပိတ်လိုက်နိုင်တယ်

"ညီမလေး, ကိုယ်က မင်းမြင်မြင်ချင်း ထွက်ပြေးရလောက်အောင်ကို ကြောက်ဖို့ကောင်းနေတာလားကွယ်, "
ယွိကျိုရဲ့ အသက်ရှူသံက ပုံမှန်ဖြစ်နေပြီး အကြည့်တွေက ကြောက်စရာကောင်းနေတယ်

"ရှင့်ကို မြင်တာနဲ့ ကျွန်မရိုက်သတ်ပစ်ချင်စိတ်တွေ မကုန်တော့မှာစိုးလို့ပါ ရှင်"
ရှီရှန်းက အမှန်တရားကို ပြောနေတာပါ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora