Unicode
တစ်နေ့ပြီးတစ်နေ့ ဒီဆရာအဟောင်းကိုပဲတွေ့နေရတဲ့ ကျောင်းသားတွေကတော့ ရင်းမော့ကို ၀မ်းသာအားရလက်ခံကြတယ်
အခြားအခန်းက ကျောင်းသားတွေကလည်း သူတို့ဆရာတွေ မီးဖွားခွင့်ယူရင် ဒီလိုဆရာချောချောလေးတစ်ယောက် ရလိမ့်မယ်လို့ မျှော်လင့်နေကြတယ်
ဆရာချောချောလေးရှိနေတာကြောင့် မိဘတွေကလည်း သူတို့ကလေးတွေ စာကောင်းကောင်းမလုပ်ကြမှာ စိတ်မပူရတော့ဘူး
ရင်းမော့ စာသင်ခန်းကိုရောက်ရောက်ချင်းပထမဦးဆုံးလုပ်တာက သူတို့ကို စာမေးပွဲစစ်တာပဲ အကြောင်းပြချက်ကိုတော့ သူတို့အခြေအနေကိုသိချင်လို့ဆိုပြီး ပြောခဲ့တယ်
ရှီရှန်းမေးခွန်းလွှာကို ရတဲ့အခါမှာတော့ စတင်ပြီးရေးတော့တယ်
ရလဒ်တွေကို ကြေငြာတဲ့အခါမှာတော့ အားလုံးကကြောင်သွားကြတယ်
'ထိပ်တန်းကျောင်းသားက ဘယ်လိုဖြစ်ပြီး ၄၅နေရာကို ကျသွားရတာလဲ'ရှန့်ကျားရင်းကလည်း သူမကိုထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတယ်
လူတိုင်းရဲ့ အာရုံစိုက်မှုတွေက သူမဆီရောက်နေတာကြောင့် သူမစာအုပ်တစ်အုပ်ကိုသာထုတ်ပြီးတော့ ဖတ်နေလိုက်တယ်
ဘေးနားမှာ ရှိနေတဲ့သူတွေကတော့စာအုပ်နာမည်ကိုမြင်နေရတယ် အဲ့တာကအင်္ဂလိပ်လိုရေးထားပြီး သူတို့မဖတ်နိုင်ကြဘူး
'ငါတို့ကသာမန်ကျောင်းသူတွေဆိုတော့ ထိပ်တန်းကျောင်းသားတွေရဲ့ စိတ်ကိုနားမလည်နိုင်ဘူး'
ရင်းမော့ကတော့ ရှီရှန်းကို စိတ်မဝင်စားဘူး သူစိတ်ဝင်စားတာက ရှန့်ကျားရင်းပဲ
ရှန့်ကျားရင်းရဲ့အဆင့်တွေက ပျမ်းမျှသာသာပဲရှိနေခဲ့တာဆိုပေမယ့် သူမကအခုစာမေးပွဲမှာ ထပ်ဆုံးဆယ်ယောက်ထဲကို ဝင်နိုင်ခဲ့တယ်
ရှန့်ကျားရင်းက ဒီလူကအတော်လေးတော်တာကိုသိတာကြောင့် သူမစားပွဲခုံကိုဆုပ်ကိုင်ထားပြီး နှလုံးခုန်းသံကို သူမလည်ချောင်းက တစ်ဆင့်ကြားနေရတယ်
ရင်းမော့က သူ့ကိုအဓိပ္ပါယ်ရှိရှိနဲ့ကြည်
နေတယ် သူဖတ်စာအုပ်ကိုထုတ်ပြီးစတင်ပြောတယ်
"အားလုံး ဖတ်စာအုပ်ရဲ့စာမျက်နှာ၁၃၆ကို လှန်ကြမယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....