Unicode
ရှီရှန်းက ရွှီခွန်းကို မောင်းထုတ်လိုက်သည်။
နန်းဆောင်သို့ပြန်ရောက်သည်နှင့် မင်ကျင့်ပေးထားသည့် ပိုးအိတ်ကို ထုတ်ကြည့်လိုက်သည်။ ၎င်းသည် အစိမ်းနုရောင်ဖြစ်ပြီး အပေါ်ပိုင်းတွင် ပိုရင့်သောအရောင်ဖြင့် ပန်းထိုးထားသော နဂါးပုံရှိသည်။
'ခွေးမသား ဒီမင်ကျင့်က ရဲတင်းလွန်းတယ် ! နဂါးပန်းထိုးအိတ်ကိုတောင် တကယ်ကြီးသုံးရဲတယ်ပေါ့လေ!'
(TN/ဘုရင်တစ်ယောက်ပဲ နဂါးအသုံးအဆောင်တွေကိုသုံးခွင့်ရှိပါတယ် အိမ်ရှေ့စံမင်းသားတောင် လက်သည်း၅ခုပါတဲ့ နဂါး၀တ်ရုံကို ၀တ်ဆင်ခွင့်မရှိပါဘူး)
ရှီရှန်းက အိတ်ကိုဖွင့်လိုက်သည်။ အထဲတွင် ကျောက်စိမ်းအဆောင်နဲ့ စာရွက်လေးတွေပါ၀င်သည်။
စာရွက်ပေါ်တွင် ရည်းစားစာရေးထားခြင်းပင်။
'ဘာလဲဟ! ဧကရာဇ်ရဲ့ကိုယ်လုပ်တော်နဲ့တောင် အီစီကလီလုပ်ရဲတယ် သူ့ဦးနှောက်ပျက်သွားပြီလား'
ရှီရှန်းက ကျောက်စိမ်းဆွဲသီးကို ကိုင်ကြည့်လိုက်ပြီး တော်တော်လေးတန်ဖိုးရှိပုံရသည်။
"ထောင်ချင်း"
"ဟုတ်ကဲ့..သခင်မ"
ထောင်ချင်းက အိပ်ယာခင်းနေပြီး ရှီရှန်း သူမကို ခေါ်သံကြားတော့ ချက်ချင်း ထွက်လာသည် ။"ဒါကို ရွှီခွန်းကို ပေးလိုက်ပါ အကြွေးရှင်းဖို့လို့ပြောလိုက်"
"သခင်မလေး ဆရာသခင်ရွှီခွန်းလို့ခေါ်ပါ.."
ထောင်ချင်းက ပြင်ပြောလိုက်သည်။"ဘာဖြစ်ဖြစ်ဟာ မြန်မြန်သွားပေးလိုက်စမ်းပါ"
ထောင်ချင်းက ဒီကျောက်စိမ်းအဆောင်ကို တစ်ခါမျှ မမြင်ဖူးတာကြောင့် စူးစမ်းလိုသော်လည်း ရှီရှန်းက လောနေသောကြောင့် ထပ်မပြောရဲတော့ပေ။
'နန်းတော်က ထွက်သွားဖို့က တော်တော်လျှောက်ရသေးတော့ အခု သူ့နောက်ကို လိုက်သွားရင် မှီနိုင်တယ်'
......
မင်ကျင့် ခန်းမထဲမှ ထွက်လာသောအခါ တောက်ပသောလရောင်အောက်တွင် သူ့အရိပ်ရှည်မျောမျောက သူ့ပတ်ဝန်းကျင်ရှိ ယိမ်းနွဲ့နေသော အရိပ်များနှင့် ထပ်နေကြသဖြင့် အတော်လေးကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာစေ သည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....