Unicode
လွီရော့က သူမ၏ခါးကို နှိပ်နယ်လိုက်သည်။
'စိတ်လျှော့၊ စိတ်လျှော့ အရေးကြီးတဲ့ကိစ္စတွေကို အရင်ပြောကြရအောင်'" ကျွန်မ ရှင်နဲ့စကားပြောချင်တယ်"
"ငါတို့မှာ ဘာတွေများပြောစရာရှိလို့လဲ"
'ငါ့ကိုရှာနေတဲ့ ဇာတ်လိုက်မက ဘာတစ်ခုမှ ကောင်းကျိုးမပေးနိုင်ဘူး'
"ရှင့်မှာ spaceတစ်ခုရှိတာ ကျွန်မသိတယ် သူများတွေ မသိစေချင်ရင် စကားပြောလိုက်ကြရအောင်"
'ချီးပဲ! ဇာတ်လိုက်မက ဘယ်လို ခြိမ်းခြောက်ရမယ် ဆိုတာကို သင်ယူခဲ့တာပဲ'
"ဆက်လုပ်လေ"
'ငါမင်းကိုကြောက်နေမယ်ထင်လို့လား'လွီရော့"... "
'သူမက ငါ့ကို တကယ်ကြီး ဂရုမစိုက်တာလား ထားလိုက်တော့...သူမ ဖြီးဖြန်းနေတာဖြစ်ရမယ်'
လွီရော့၏ မျက်လုံးများက ပတ်၀န်းကျင်ကို ချိုးကြောင်ခိုး၀ှက်ကြည့်လိုက်သည်။
"ကျွမ့်ချုံ ရှင်က ဘယ်သူလဲ"
'System က သူမကို တခြားကမ္ဘာက မဟုတ်ဘူးလို့ ပြောပေမယ့် သူမက ဒီကမ္ဘာက သူတစ်ယောက်လို ပြုမူမနေဘူးဆိုတာကို ဆက်တိုက် ခံစားနေရတယ်'
လွီရော့က ကောက်ချက်အချို့ချနိုင်ခဲ့သည်။ အရင်တုံးက ကျွမ့်ချုံက မာနကြီးပြီး ရက်စက်တယ်ဆိုပေမယ့် အတိုင်းအတာဆိုတာကို သိသေးတယ် ဒီလို ရူးကြောင်ကြောင်ကိစ္စမျိုး လုပ်မှာမဟုတ်ပေ။
"မင်းနဲ့ဘာဆိုင်လို့လဲ"
"ရှင်က ကျွမ့်ချုံ မဟုတ်ဘူးမလား"
လွီရော့က ဆက်မေးလိုက်သည်။
"ရှင်က ကူးပြောင်းလာတဲ့သူလား ဒါမှမဟုတ် လူဝင်စားလား ရှင်က တကယ်ပဲဘယ်သူလဲ?"
"ငါက နတ်ဘုရားလေ"
လွီရော့ "..."
'ဘုရားသခင်! ဒီမိန်းမ တကယ်ပဲ ရူးနေတာလား သူမ ငါ့ကိုပြောပြချင်စိတ်မရှိလို့ဖြစ်မှာပေါ့ သူမရဲ့ ယုံကြည်မှုကို ငါရမှဖြစ်မယ်'"ကျွန်မက အနာဂတ်က လာတာ ဒါမှမဟုတ် အပြိုင်စကြ၀ဠာတစ်ခုကလည်း ဖြစ်နိုင်တယ် အရင်တုန်းက ဒီမင်းဆက်အကြောင်း တစ်ခါမှ မကြားဖူးဘူး ကျွန်မ ပြန်သွားချင်ပေမယ့် တစ်ချို့အရာတွေလိုအပ်တယ် ရှင့်မှာ ကျွန်မကိုပြန်ပို့ပေးနိုင်တဲ့ အရာတစ်ခုခု ပိုင်ဆိုင်ပုံရတယ် ရှင်ကျွန်မကိုကူညီနိုင်မလား"
ESTÁS LEYENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....