Unicode
လင်းယွဲ့ ရဲ့ဓားသိုင်းကအတော်လေးမြင့်မားပုံရတယ် ရှီရှန်းကသူတိုက်ခိုက်နေတဲ့နောက်ကွယ်ကဖိအားကိုခံစားမိတယ်
'သူ့ဓားကဘာနဲ့များလုပ်ထားတာလဲမသိဘူး,ငါ့ဓားနဲ့အချက်ရေနည်းနည်းအခုတ်ခံရပြီးတာတောင်အကောင်းအတိုင်းရှိနေသေးတယ်'
ရှီရှန်း ကဒီခန္ဓာကိုယ်နဲ့သိပ်ပြီးတိုက်ခိုက်ဖူးတာမဟုတ်ဘူး သူမအနေနဲ့ပထမဦးဆုံးအကြိမ်မို့လို့အသားမကျတာတွေတော့ရှိတာကြောင့်သူမ လင်းယွဲ့ဓားနဲ့အခုတ်ခံရဖို့ခနခနဖြစ်လာတယ်
နောက်ထပ်ဓားသွားတစ်ချက်ရဲ့နောက်ကွယ်မှာပြင်းထန်တဲ့အင်အားကအတူပါလာတယ် ရှီရှန်းကဒီတစ်ကြိမ်မှာတော့သူမမခုခံနိုင်တော့ဘဲဓားကလက်မောင်းအတွင်းဘက်ကိုစိုက်ဝင်သွားတယ်
သူမတုန်လှုပ်သွားပြီး နောက်ကိုဆုတ်သွားတယ် သူမရဲ့အခုတ်ခံရတဲ့လက်မောင်းကိုကြည့်ပြီး,မျက်ဝန်းတွေကမဲမှောင်သွားတယ်
"ကျေးဇူးပြုပြီး ပြန်ပါ"
လင်းယွဲ့ ကဓားကိုအဝေးကိုဆွဲထုတ်လိုက်ပြီးပထမတစ်ခေါက်ကပြောခဲ့သလိုအေးစက်တဲ့လေသံနဲ့ ပြောတယ်ရှီရှန်း ကသူမဒဏ်ရာဆီကနေအကြည့်ခွာလိုက်ပြီးလင်းယွဲ့ကိုပြုံးပြတယ်
" လူသတ်မှုရဲ့ အကျိုးဆက်က သေဒဏ်ပဲ, မင်းက ဒီအမတ်ချုပ်ကိုသတ်ဖို့လုပ်ပေမယ့် မင်းအသက်ကို မယူဘူး,အဲ့အစားမင်းရဲ့ ခန္ဓာကိုယ်ကိုပဲပြန်ပေးသင့်တယ်"သူမရဲ့နက်မှောင်တဲ့မျက်ဝန်းတွေမှာလူသတ်ချင်စိတ်တွေပေါ်နေတယ်ဆိုတာကိုလင်းယွဲ့ခံစားမိတယ်
သူမဘေးပတ်လည်မှာလည်းလူသတ်ချင်တဲ့အရှိန်အဝါတြွေပည့်နေပြီးမရမ်းကြီးမထူထဲပေမယ့်မခံစားမိဘဲလည်းမနေနိုင်ဘူး လင်းယွဲ့ကသူ့ဓားကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားပြီးခေါင်းမော့လိုက်တယ်
"အမတ်ချုပ်, ကောင်းကင်ဘုံရိုးရာပူဇော်ပွဲအတွက်လာတာဆိုရင်ကျေးဇူးပြုပြီးပြန်ပါ"
ရှီရှန်း ကမျက်မှောင်ကျုတ်လိုက်တယ်
"ဒီအမတ်ချုပ်က တစ်ခါမှ ကိုယ့်ကိုကိုယ်မိတ်မဆက်ရသေးပါဘူး, မင်းကဘယ်လိုလုပ်ပြီး ဘယ်သူ,ဘာကြောင့်လာတယ်ဆိုတာသိနေတာလဲ"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....