Unicode
အမတ်ချုပ်အိမ်တော်တွင်...
သူတော်စင်ငယ်လေးကတော့ လင်းယွဲ့ရဲ့လက်မောင်းတွေထဲကို ချက်ချင်းခုန်ဝင်ပြီး ပါးစပ်ကနေ နှလုံးခုန်ထွက်လာတော့မတတ်ငိုတော့တယ် သူက ဒီရက်တွေမှာ ရှီရှန်းသူ့ကို ဘယ်လိုအနိုင်ကျင့်ကြောင်းတွေပါ တိုင်တန်းနေလေရဲ့
အခန်းပေါက်ဝမှာတော သူမပိုင်တဲ့အရာကို အခြားလူလုယူသွားသလိုခံစားနေရတဲ့ ရှီရှန်းက သူမရဲ့ဓါးနဲ့ မြေကြီးပေါ်မှာ လျှောက်ခြစ်ရင်း အချိန်ဖြုန်းနေတယ်
'အဲ့ကြွက်စုတ်လေးကို ဓါးနဲ့ခုတ်သတ်ပစ်ချင်လိုက်တာ..'
သူမရဲ့အနောက်မှာတော့ သိုက်ယွဲ့နဲ့ရင်းယွဲ့က အကြည့်ချင်းဖလှယ်နေကြတယ် 'အမတ်ချုပ်ရဲ့အရှိန်အဝါက ကြောက်စရာကြီး..'
သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ရှီရှန်းက အခန်းထဲကိုဝင်သွားပြီး ကူစူးကိုဂုတ်ကနေကိုင်ပြီး လင်းယွဲ့ရဲ့ရင်ခွင်ထဲကနေဆွဲထုတ်ပစ်လိုက်တယ်
"ဆရာတူအစ်ကိုကြီး..ဆရာတူအစ်ကိုကြီး.." လင်းယွဲ့ရဲ့လက်ကို အသဲအသန်ဆွဲထားတဲ့ကူစူးရဲ့မျက်နှာလေးက မျက်ရည်တွေနဲ့ပေပွနေပြီး လမ်းကြားထဲမှာ စွန့်ပစ်ခံထားရတဲ့ ကြောင်ပေါက်လေးလိုညစ်ပေနေတယ် "ကျွန်တော့်ကိုလွှတ်..ဆရာတူအစ်ကိုဆီသွားမယ်..ဆရာတူအစ်ကိုကိုပဲ လိုချင်တယ်"
"မင်းသူ့ကိုလိုချင်ရအောင် ဘယ်သူက ခွင့်ပြုပေးထားလို့လဲ.." ရှီရှန်းက လင်းယွဲ့ကိုဆွဲထားတဲ့ ကူစူးရဲ့ လက်ကောက်ဝတ်ကို ဓါးနဲ့ချိန်လိုက်တယ် "လွှတ်လိုက်.."
"ဟင့်အင်း..ဆရာတူအစ်ကို..ဝူး...ဆရာတူအစ်ကို..ကူပါအုံး.."
"အမတ်ချုပ်.." လင်းယွဲ့က ကူစူးရဲ့လက်ကို ဆွဲလိုက်တယ် "သူက ကလေးပဲရှိသေးတယ်.."
"၁၃နှစ် ၁၄နှစ်ဆိုတာ အမျိုးသမီးတစ်ယောက်ကို ခစားဖို့ သင့်တော်တဲ့အရွယ်ရောက်နေပြီ..ဘယ်မှာငယ်သေးလို့လဲ..လွှတ်လိုက်.." ရှီရှန်းရဲ့ ဓါးက ကူစူးရဲ့လက်ကောက်ဝတ်ပေါ်ကို ရောက်နေပြီ..
"ဒါက ငါ့ဓါးက မင်းလက်ကောက်ဝတ်ကို ခုတ်မချလိုက်ခင် မင်းအတွက်နောက်ဆုံးအခွင့်အရေးပဲ "
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....