Arc 14.20

3.2K 438 4
                                    

Unicode

ရှီရှန်းကိုယ်တိုင်လည်း ရုတ်တရပ်ကြောင်သွားတယ်
'ဝိုး...ဝိုး...အဲလယ် မယ်ရီစူးပုံစံအထိတောင် အဆင့်မြင့်သွား ပြီလား'
မယ်ရီစူးပုံစံ အတိုင်းပဲ ဓားမှာ ခုနစ်ရောင်ခြည်ဖြာထွက်နေတာကြောင့် အတုတော့မဖြစ်နိုင်ဘူး အခြားအပိုပါနေတာလေးတွေက လွဲရင် ကျန်တာက မယ်ရီစူးထုံးစံအတိုင်း ဖြစ်နေတုန်းပဲ
ရှီရှန်းကတော့ ဓားကို အရူးတစ်ယောက်လိုကြည့်နေတယ်
"ဟားဟား....နင်အဲ့ကလေးကစားစရာကို ဘယ်ဆိုင်ကနေဝယ်လာတာလဲ အစစ်နဲ့တော့တူသား"
ချင်ရှင်းက လှောင်ပြောင်တဲ့အနေနဲ့ ပြောလိုက်တယ်
"ချူးချူး..."
ချန်းရှီက ရှီရှန်းကိုကြည့်လိုက်တယ်
'ဒီနေ့ကြမှ သူဘာဖြစ်နေတာလဲ'
ရှီရှန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်
အရောင်စုံနေတဲ့ ဓားလေးက သူ့ရောင်ခြည်တွေကို လေထုထဲပစ်လွှတ်လိုက်တယ်
'အရင်ကထက်ကိုင်ရတာ ပိုပေါ့လာတာပဲ ပြီးတော့ ပိုပြီးသန်မာနေသလိုလည်း ငါခံစားနေရတယ်'
'ငါလုပ်ချင်သလို လုပ်ရမယ့် လူတစ်သိုက်ကို တွေ့မှပဲခနစောင့်နေဦး'
"နောက်ဆုတ်နေ"
ရှီရှန်းက ချန်းရှီကို အဝေးကို တွန်းလွှတ်လိုက်တယ်
သူလည်း ချက်ချင်းရှီရှန်းကို တားဖို့လုပ်တယ်
"ချူးချူး"
"ချူးချူး နင်ဘာတွေလုပ်နေတာလဲ ဒီလောက်လူတွေအများကြီးကို နိုင်မယ်လို့များထင်နေတာလား အခြားလူတွေကရော ဘာတွေရပ်ကြည့်နေကြတာလဲ
သူမကို ဝိုင်းတားကြပါဦး"
အချိန်အကြာကြီး ဘာမှမလုပ်ဘဲရပ်ကြည့်နေတဲ့သူတွေက အခုမှထလာကြတယ်
၃မိနစ်ကြာသော်.....
ညည်းညူနေကြတဲ့ သက်တော်စောင့်တွေရဲ့အလယ်မှာ  ချင်ရှင်းက ဝေးဝေးကိုဆုတ်သွားတယ် သူမဒူးတွေလည်းတုန်နေပြီး ကြောက်လန့်နေတယ်
သူမ မျက်လုံးတွေဝဲ ထိတ်လန့်မှုတွေပြည့်နေပြီးတော့ ဓားတစ်ချောင်းကို စိုက်ကြည့်နေတယ်
သူမအခုတလော ဖတ်ခဲ့ရတဲ့ စာအုပ်တွေက အလကားဖြစ်သလိုခံစားနေရတယ်
'ဝတ္ထုစာအုပ်တွေ ထဲကလိုမျိုး ခုနှစ်ရောင်ခြည်တောက်နေတဲ့ ဓားကအပြင်မှာ ဘယ်လိုလုပ်ရှိနေတာလဲ'
ရှီရှန်းက သက်တော်စောင့်တစ်ယောက်ရဲ့ ရင်အုံပေါ် တက်နင်းလိုက်တယ်
သူမဓားက သူ့ရင်ခေါင်းကို ချိန်ထားတယ်
''အားလားလား.....အမကြီး ကျွန်တော်တို့ကို လွှတ်ပေးပါ ဗျာ ကျွန်တော်တို့က ခိုင်းလို့လုပ်ရတာပါ"
သက်တော်စောင့်က ကြောက်ပြီး အော်ပြောတော့တယ်
'ဒီကလေးမလေးက သာမာန်ကျောင်းသူလေးဖြစ်ရမှာမဟုတ်ဘူးလား သူမဒီလောက်သန်မာတာကို ဘာလို့ဘယ်သူကမှ မပြောကြတာလဲ'
'ငွေပြန်အမ်းမယ် အလုပ်ထွက်တော့မယ်ကွာ'
"အိုး....ရှင်တို့က ဓာတ်ပုံတွေရိုက်နေကြတာပဲ"
ရှီရှန်းက ေဘးနားရပ်ကြည့်နေတဲ့သူတွေကို လက်ညှိုးထိုးလိုက်တယ်
ထိုလူတွေအားလုံး လန့်ပြီး ဖုန်းသိမ်းလိုက်ကြတယ်
"ကျွန်မကို ပုံထွက်ကောင်းအောင် သေချာရိုက်နော် အဖတ်လေးတွေလည်းထည့်ဖို့ မမေ့ကြနဲ့"
ဘေးနားမှရပ်ကြည့်သူများ "......"
'ငါတို့က မင်းငါတို့ဖုန်းတွေဆွဲယူတော့မယ်ထင်တာ မင်းက ပုံထွက်ကောင်းအောင်လုပ်တဲ့လား အဖတ်လေးတောင် ထည့်ခိုင်းသေးတယ် ငါတို့ထပ်ထည့်စရာတောင် လိုလို့လား'
ဂိမ်းသမားတစ်ယောက်ကတော့ ဒါကို liveလှင့်ပေးနေတယ် ရှီရှန်းက မယ်ရီစူး ဓားကို သုံးပြီး သက်တော်စောင့်တွေကို အနိုင်ယူတဲ့ နေရာက highlight ဖြစ်သွားပြီး သူ့ဖန်တွေများလာတော့တယ် screenတစ်ခုလုံးကလည်း ကွန်းမန့်တွေနဲ့ပြည့်နေတယ်
[ဒါကမယ်ရီစူးဓားမဟုတ်လား,ရုပ်ရှင်ရိုက်နေကြတာလား?]
[ငါတော့အဲဒီ အဖတ်ကို ကြိုဒေါင်းထားပြီ]
[ဝိုး..မယ်ရီစူး ဆိုတာ ဒါပဲ]
[မယ်ရီစူးရဲ့အလင်းတန်းက ကမ္ဘာကိုလွှမ်းခြုံသွားခြင်း]
[ကောင်မလေးက မိုက်လိုက်တာ ငါတော့ကွေးနေပြီ]
[အနောက်က နောက်ခံက တက္ကသိုလ်လား]
[တည်နေရာလေးပြောပြပါ]
ရှီရှန်းရဲ့ ဗီဒီရိုက အတော်လေး မီဒီယာမှာ ပြန့်သွားတယ်
လူအချို့ကလည်း မယ်ရီစူးအလင်းရောင်ခြည်ဆိုတာ ဘာလဲ သိသွားကြတယ်
သူမရဲ့ ကျော့ရှင်းတဲ့ရုပ်ရည်ရယ် လှုပ်ရှားမှုတွေနဲ့ မယ်ရီစူးအလင်းရောင်ကြောင့် ရှီရှန်းက အတော်လေး နာမ်မည်ကြီးသွားတယ်
နာမ်မည်ကြီးနေတဲ့ ရှီရှန်းကတော့ သက်တော်စောင့်ကို ကျော်ခွလာပြီး  ချင်ရှင်းကို မောက်မာတဲ့ အပြုံးနဲ့ကြည့်လိုက်တယ်
"မစ္စ ချင် ရှင်အခုထိ ကျွန်မကိုနိုင်ချင်နေသေးရင် လူတစ်သိန်းလောက်ခေါ်လို့ရတယ်နော်"
ဘေးမှရပ်ကြည့်နေသူများ "....."
'လူတစ်သိန်း? သူမကအတော်လေး အမြင်ကပ်ဖို့ကောင်းတာပဲ'
ချင်ရှင်းက ချမ်းသာတဲ့ မိန်းကလေးသာသာပဲရှိတာ သူမသာ သက်တော်စောင့်တွေ မပါလာဘူးဆိုရင် သူမရှီရှန်းကို နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းက လှောင်ပြောင်ရဲမှာ မဟုတ်ဘူး
အခုတော့ သူ့သက်တော်စောင့်တွေလည်း မြေကြီးပေါ်ဝပ်နေပြီ သူမဘာလုပ်နိုင်ဦးမလဲ?
ချင်ရှင်းက အတွေ့အကြုံတွေအများကြီးရှိတယ် သိသိချင်းမှာ အဲလောက်တိုက်ရည်ခိုက်ရည်ရှိတဲ့ မိန်းကလေး မမြင်ဖူးသေးဘူး
ရှီရှန်းက သူမဓားကိုလွှဲပစ်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ သက်တော်စောင့်ကို ကန်လိုက်တယ်
ပြီးတော့ ချန်းရှီကို ဆွဲပြီး ထွက်သွားတယ်
နာမ်မည်ကြီး ရှီရှန်းရဲ့ ဘဒိုဖြစ်တဲ့ ချန်းရှီကတော့ ထွက်သွားတဲ့အချိန်ထိကို အူကြောင်ကြောင်ဖြစ်နေတယ်
'ငါ့ဘဒိုက အတော်လေးစွမ်းတာပဲ'
"ချူးချူး နင်ကဓားရေးတော်တာ ငါမသိရပါလား"
ချန်းရှီက ရှီရှန်းက တိုက်ခိုက်တဲ့နေရာမှာတော်တာကို သိတထားမိတယ်ဒါပေမဲ့ ဒီနေ့မှာ သူမက ခုနစ်ဏောင်ခြည်ရှိနေတဲ့အလင်းတန်းဓားကို ထုတ်သုံးသွားတာက ဓားရေးပြနေတဲ့အတိုင်းပဲ
'နေပါဦး သူမအဲဒီဓားကို ဘယ်ကနေရလာတာလဲ'
ရှီရှန်းက ဓားကို ကိုင်ထားတုန်းဖြစ်တာကြောင့် ချန်းရှီက ဓားကိုစစ်ဆေးကြည့်တယ်
'ဒါကအတုနဲ့လည်းမတူဘူး တော်တော်လေး အစစ်နဲ့တူတယ်'
''အချို့လူတွေ....."
သူမစကားပြောတယ်
"....က ပါရမီနဲ့မွေးဖွားလာတာလေ ငါ့မှာပါရမီပါတယ်လို့ပဲ မှတ်လိုက်"
ချန်းရှီ"....."
'ဘာလို့ နင့်ရဲ့ရှေးဟောင်းဘိုးဘိုးကြီးဆီက အမွေဆက်ခံတာလို့ မပြောတာလဲ'
"နင် ဒီဓားကို ဘယ်ကနေရလာတာလဲ.... အစစ်လား...ဘာလို့အရောင်လက်နေတာလဲ...အထဲမှာတစ်ခုခုရှိလား..."
ရှီရှန်းက သူမရဲ့ဓားကို ချန်းရှီရှေ့မှာ မြှောက်ပြတယ်
"ဒီဓားက ဒဏ္ဍာရီလာ မယ်ရီစူးဓားလေ ဘယ်လိုလဲ လှတယ်မလား နင်အရင်တုန်းက ဓာတ်ပုံလောက်ပဲ မြင်ဖူးတာမလား အခုအတည်တွေ့ရပြီလေ ထိကြည့်မလား"
ဓား"...."
'ငါ့နာမ်မည်က ဘာလို့ပြောင်းသွားတယလဲ???'
ချန်းရှီ"....."
'အဲတော့ နင်ဒီဓားကို ဘယ်ကနေရလာတာလဲ'
ချန်းရှီက သူမဓားကို စမ်းစစ်ကြည့်တယ် ပြီးတော့ဖုန်းစီတောင်မရနိုင်တဲ့ အဖြေကို သူရခဲ့တယ်
ရှီရှန်းက အဲဒီနေ့မှာပဲ အတော်လေးကျော်ကြားသွားပြီးတော့ အဲ့ညမှာပဲ လူတွေက သူမအကြောင်းကိုဖော်ထုတ်ကြတော့တယ်
နိုင်ငံခြားကပြန်လာတဲ့ ပါမောက္ခ တစ်ဦးနဲ့ဆက်ဆံရေးရှိပြီး အတန်းပြေးရတာကြိုက်တဲ့ ဒုတိယနှစ်ကျောင်းသူတစ်ဦး
ကောင်းကင်ဘုံကိုပဲ တက်လိုက်ပါလား:
နတ်ဘုရားမလေးက တက္ကသိုလ်တက်တယ်ပေါ့....ငါလာပြီဟေးးး
ကွန်ဖြူရှပ်မှပြောခဲ့သည်: မယ်ရီစူးက အဖက်လား ဖိုတိုရှော့်ပ်လည်းမလုပ်ထားပါဘူး
တိကျသေချာသောအဖြေတစ်ခု:
ငါပြောရဲတယ် အဖက်တွေက ကြိုတင်ဆွဲထားတာ ကြိုတင်ဆွဲထားတယ ကြိုတင်ဆွဲထားတာ.....သုံးခါလောက်ပြောရမယ်
နတ်သူငယ်လေး: မင်းတို့တွေက ဓားကိုပဲအာရုံရောက်နေတာ သူမရဲ့တိုက်ရည်ခိုက်ရည်ကိုမတွေ့ကြဘူးလား
သုံစက္ကန့်လောက်ချောမောနေသူ:
မယ်ရီစူးဓားမှ ကျော်ကြားမှုကို သိမ်းပိုက်သွားခြင်း
OL':  ရုပ်ဆိုးတဲ့သူတွေက အတော်လေးအတံရှည်ရှာတာပဲနောိ, သူတို့ဒီလိုရဖို့ငွေဘယ်လောက်သုံးထားလည်းမှမသိတာ အရူးတွေ မင်းတို့ပဲယုံကြ
ဘုရင်မချောင်ချူး: အပေါ်ကလူက အရူးတစ်ယောက်ဖြစ်ကြောင်းသိရှိရ
မမြင်နိုင်သော အတိတ်ရိပ်,: ဘာလို့လူတွေအများကြီးမခေါ်ခဲ့တာလဲ
ဆောင်းဦးကျသောအရွက်များ: ဟုတ်တယ်
ဒီလိုနဲ့သူမရဲ့ အကောင့်ကိုသူတို့တွေ့ရှိသွားရုံတင်မကဘူး သူမဝက်ဘ်ဆိုဒ်ထဲဝင်ကြည့်ကုန်ကြတယ်
ဒီလိုနဲ့ သူမနာမ်မည်အရမ်းကြီးသွားပြီး လူတိုင်းက မယ်ရီစူးရဲ့ဖန်ဖြစ်လာကြတယ်
'သာသာ, ဘာလို့မယ်ရီစူးနဲ့ ဒီလောက်တောင်ဆွဲဆောင်နေရတာလဲ '
ရှီရှန်းက ကွန်းမန့်တွေကို အတည်ပေါက်မျက်နှာနဲ့ကြည့်နေမိတယ် ခနအကြာမှာ သူမစုထားတဲ့စာတွေကို အကုန်တင်ပစ်လိုက်တယ်
'သာသာက အကုန်တင်တယ်ဆိုတာ သူမစာအုပ်ထုတ်တော့မယ်လို့ဆိုလိုတာ....ဝေးး'
သူမအကောင့်က လအနည်းငယ်လောက်ပဲ activeဖြစ်နေပြီးတော့ စာအုပ်ငါးအုပ်ထုတ်ထားတယ် အရှည်ဆုံးက စာလုံရေ နှစ်သောင်းနဲ့အတိုဆုံးက ငါးထောင်လောက်ပဲရှိတယ်
ဒါပေမဲ့ တစ်အုပ်မှ အပြီးမသတ်ထားဘူး
ရှီရှန်းကသူမ ပေ့ချ်ကိုဖျက်လိုက်တော့တယ်
......

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now