Arc 14.11

3.1K 480 1
                                    

Unicode

ထျန်းကျင်းချန်က ရှီရှန်းကို ဆက်မေးတယ်
"မင်းတစ်ကယ်ပဲ ကိုယ့်ကိုမကြိုက်ဖူးလား"
'ရှင့်ကို အချစ်နတ်ဘုရားကကောင်းချီးပေးထားလို့လား? ရှိသမျှလူတိုင်းက ရှင့်ကိုလိုက်ကြိုက်စရာလား'
ရှီရှန်းရဲ့ အကြည့်တွေကြောင့် သူမသက်မသာခံစားရတယ် အရူးတစ်ယောက်ကို ကြည့်နေတဲ့အကြည့်လို စိတ်ပျက်စရာ ကောင်းတဲ့အကြည့်တွေကြောင့် အနာကိုဆားပက်သလိုခံစားနေရတယ်
"မင်းနဲ့ ချန်းချန်းက ဘာတော်တာလဲ"
ထျန်းကျင်းချန်က ခေါင်းစဥ်လွှဲလိုက်တယ်
အရင်တုန်းက သူမချန်းချန်းကို မမလို့ခေါ်လိုက်တာ ကြားဖူးတယ် ပြီးတော့နှစ်ယောက်လုံးရဲ့ မျိုးရိုးနာမ်မည်က ချောင်ဖြစ်နေတယ်
"ရှင်ကရော ဥက္ကဌရဲ့သားမဟုတ်ဘူးလား" ရှီရှန်းက သူ့ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
'သူနည်းနည်းအမိန့်ပေးလိုက်တာနဲ့ ဒါကသိသာမှာမဟုတ်ဘူးလား'
ရှီရှန်းရဲ့ အထင်သေးမှုက ထျန်းကျင်းချန်ကို တစ်ဖန်ပြန်လွှမ်းခြုံသွားပြန်တယ်
"မင်းက ချန်းချန်းရဲ့ ညီမလေးမဟုတ်လား, သူမတစ်ကယ်ပဲ ချင်ကောနဲ့ တွဲနေတာလား"
ထျန်းကျင်းချန်က သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့အရှေ့ကကောင်မလေးပါ စိတ်ဓာတ်ကျနေတာကို ခံစားမိတယ်
ရှီရှန်းကတော့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်
"သူတို့သာ အတည်တွဲနေတာဆိုရင် ငါနှစ်ယောက်လုံးကို သတ်ပစ်မယ်"
ဒါပေါ့, ဘာကြောင့်လဲဆိုတော့ ချင်ကောက ဖုန်းစီဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေတယ်
ထျန်းကျင်းချန်လည်း လန့်သွားပြီး ကားမောင်းပြေးတော့တယ်
........
ရှီရှန်းက အစားအစာတွေဝယ်လာပြီး ချန်းရှီနဲ့ အဖွဲ့ဆီကို ရောက်လာတယ် သူတို့အတန်းကလည်း တက္ကသိုလ်နှစ်ဝက်သင်တန်းလို ရှုပ်ပွနေတာပဲ
"ဂျူနီယာလေး မင်းကအရမ်းသဘောကောင်းတာပဲ, ဒါက MYစားသောက်ဆိုင်ရဲ့ အထူးဟင်းလျာပဲ"
''ဂျူနီယာလေး ကယ်မှပဲ အသားစားရတော့တယ်"
"ဒါလေးစစ်ကြည့်ပါဦး"
စီနီယာတစ်ယောက်က ရှီရှန်းရှေ့ကို လက်တော့ တစ်လုံးထိုးပေးတယ်
ရှီရှန်းက သူ့အပေါ်အကောင်းမြင်စိတ်တော့ရှိတယ် ဘာလို့လဲဆိုတော့ သူ့မျိုးရိုးနာမ်မည်က ချန်းရှီနဲ့တူနေပြီးတော့ စတုတ္ထနှစ်ကို ရောက်နေပြီ မကြာမီမှာ ဘွဲရတော့မှာဖြစ်ပြီး အမည်က ချန်ရှောင်း ဖြစ်တယ် ဒီပတ်လည်လောက်မှာ သူအလုပ်တစ်ခုရှာနေပေမယ့်လည်း ဒီပရောဂျက်က သူ့ကိုနှောင့်နှေးနေစေတယ်
"ဟေး, ဟေး!! တော်ပြီတော်ပြီ ချူးချူးက မင်းတို့ကောင်တွေအတွက်အလုပ်လုပ်ပေးမှာ မဟုတ်ဘူး"
ချန်ရှောင်းက ချန်းရှီကို မျက်ခုံးပင့်ပြတယ်
"လုပ်စမ်းပါ, ဒါကအရေးကြီးနေလို့ပါ ဂျူနီယာလေးကအဲလောက်တော်တာကို ချင်ကောတောင်အရှုံးပေးရတယ်မလား"
ရှီရှန်းက ဘာမှမပြောဘူး အဲ့အစားသူ့လက်တော့ကို ယူပြီးတော့စစ်ဆေးပေးလိုက်တယ် သူတို့စားသောက်လို့ပြီးတာနဲ့ ရှီရှန်းကထိုင်ချလိုက်တယ်
"အရမ်းကြီး ကြီးကြီးမားမားမရှိပါဘူး ပြင်စရာရှိတာလေးတွေရေးပေးမယ် ကိုယ့်ဘာသာပြင်လို့ရတာပေါ့"
ရှီရှန်းက စာရွက်တစ်ရွက်တောင်းတယ်
"ကျေးဇူးပါ ဂျူနီယာလေး"
သူတို့တွေ ဆူဆူညံညံနဲ့ ပွက်လောရိုက်နေကြတယ်
ချန်းရှီက ရှီရှန်းရှေ့ကိုဘလျှောက်လာတယ်
"ငါအိမ်ပြန်လိုက်ပို့ပေးမယ်, ဒီကောင်တွေက လိုချင်တာရရင် ဘာမှသိတော့တာမဟုတ်ဘူး"
"ေဟးဟေး?! ချန်သခင်လေးရေ ငါတို့က အလိုက်တသိနေပေးတာပါကွာ မတုံးစမ်းပါနဲ့"
စီနီယာတစ်ယောက်က ခေါင်းမော့လာပြီး ချန်းရှီစကားကို ငြင်းလိုက်တယ်
ချန်းရှီကပြုံးသွားတယ်
'ဒီကောင်တွေကတော့ ချောင်ချူးက ငါ့အတွက်ညီအစ်ကိုလိုပါပဲလို့ အကြိမ်ကြိမ်ပြောထားတာကိုကွာ'
ရှီရှန်းကို လှေကားနားထိသူလိုက်ပို့ပေးတယ် သူမအဆောင်ထိ လိုက်ပို့ပေးမယ်လို့ပြောပေမယ့် ရှီရှန်းက ငြင်းထားတယ်
သူမလုပ်စရာရှိသေးတယ်
.......
{Nanshan International}
ဒီအိမ်ရာတွေက တော်တော်လေးအဆင့်အတန်းမြင့်တယ် သူတို့က အိမ်စျေးကျနေတဲ့အချိန်တွေလောက်ပဲ စျေးလျော့တာဖြစ်ပြီး အဲလိုအချိန်တောင် သာမာန်လူတွေဝယ်ဖို့ ဆိုတာမဖြစ်နိုင်ဘူး
အစောင့်တွေက ဂိတ်မှာရပ်နေကြတယ် တစ်စုံတစ်ယောက်လျှောက်လာတာ တွေ့တော့အမြန်ထွက်ကြည့်တယ် လူကိုမြင်တော့ သူတို့ပြုံးပြကြတယ်
"မစ္စတာ ချင် ပြန်လာပြီလား"
ဒါပေါ့ သူ့မှာက မြင်သူတိုင်းစွဲမက်လောက်အောင် ခန့်ညားတဲ့ပုံရိပ်ရှိပြီးသူက တက္ကသိုလ်က ပါမောက္ခဆိုတာလည်း သိကြတယ်လေ
ချင်ကောက ခေါင်းပဲညိတ်ပြလိုက်တယ်
"မစ္စတာချင်"
အစောင့်ကရုတ်တရပ်ခေါ်လိုက်တယ်
ဂိတ်စောင့်ကနည်းနည်းတော့ ချီတုံချတုံဖြစ်နေတယ်
"သူမက ဆရာ့ကို တွေ့ချင်လို့တဲ့ ဒါပေမယ့် မစ္စတာချင်က ဒီမှာမရှိတော့ ကျွန်တော်တို့လည်းသူမကို ဝင်ခွင့်မပြုရဲဘူး"
"သူမနာမ်မည်ပြောသွားလား"
သူဒီမှာနေတာကို သိတဲ့သူလည်းများများစားစားမရှိပါဘူး
"မပြောသွားဘူးခင်ဗျ"
ဂိတ်စောင့်က ခေါင်းခါပြတယ်
သူကလမ်းထိပ်က ကော်ဖီဆိုင်ကိုပါ လက်ညှိုးထိုးပြတယ်
ချင်ကောကတော့ အစကအဲဒီကိုသွားဖို့အစီအစဥ်မရှိဘူး ဒါပေမယ့် ဘာလို့မှန်းမသိဘူး သူအဲဒီကို ဦးတည်ပြီးထွက်လာခဲ့လိုက်တယ်
ကော်ဖီဆိုင်ထဲမှာ လူသိပ်မရှိဘူး အဲတာကြောင့် သူတစ်ချက်ကြည့်ရုံနဲ့တင်အထဲမှာ ရှိနေတဲ့လူတွေအားလုံးကိုမြင်နိုင်တယ် ဒါပေမယ့်လည်းသူ့အကြည့်တွေက တစ်ဦးတည်းသောသူဆီကိုသာရောက်နေတယ်
သူမက သူ့ကိုလက်ဝှေ့ယမ်းပြနေတာကြောင့် အခြားသူတွေလည်း သူ့ကိုအာရုံစိုက်နေကြတယ်
သူခနလောက်တော့ တုန့်ဆိုင်းနေပြီး သူမဆီကို လျှောက်လှမ်းသွားတယ် သူ့အမူအယာက အရင်ကထက်ကို အေးစက်နေပြီး
"ဘာလို့ရောက်လာတာလဲ"
"ရှင်ဘယ်လိုအခြေအနေရှိနေလဲဆိုတာ သိချင်လို့ "
သူမ အဖြေပြန်ပေးတယ်
"ငါကတော့ အခြေအနေအရမ်းကို ကောင်းနေတယ်"
"ရှင်ကကျောင်းမှာ ကျောင်းဆရာလုပ်နေပြီး အရမ်းကောင်းနေတယ်လို့ ဆိုလိုနေတာလား "
အထက်တန်းဆန်တဲ့ဆံပင်ပုံစံနဲ့ မိန်းမတစ်ယောက်က ချင်ကောကို လှည့်ကြည့်ပြီး စိတ်ပျက်တဲ့ ပုံစံကိုပြလိုက်တယ်
"ချင်ကော, ရှင်ကျွန်မကို လက်ထပ်သ၍ ကျွန်မပိုင်တာအားလုံးက ရှင့်အတွက်ပဲ"
"ငါအတွက် အဲတာတွေမလိုဘူး"
"ချင်ကော"
"ငါ့ကို ဆက်မရှာပါနဲ့တော့"
ချင်ကောက မတ်တပ်ထလိုက်တယ်
''ငါမင်းတို့ကို ပြန်ပေးစရာရှိတာ ပြန်ပေးမယ်"
"ဘာနဲ့လဲ"
ထိုမိန်းမက လက်မလျော့သေးဘဲ  နှစ်ယောက်စလုံးက ကော်ဖီဆိုင်ရဲ့လမ်းကို ပိတ်ရပ်သလိုဖြစ်သွားတယ် ဒါကြောင့် လူအများရဲ့ အာရုံစိုက်မှုကိုပါ ခံလာရတယ်
သူမကို ကြည့်ရတာ နည်းနည်းအထက်တန်းဆန်နေတာကြောင့် ဒီလို လူကြည့်ခံရတာက သူမကို အရှက်ရစေတယ် ဒါကြောင့် ချင်ကောရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်
"ချင်ကော တော်ပါတော့ ကျွန်မနဲ့ပြန်လိုက်ခဲ့ပါ"
ချင်ကောက သူ့လက်ကိုခါထုတ်လိုက်ပြီး သူမကိုကြည့်တယ် တစ်လုံးချင်းပြောတယ်
"မင်းကသာ ရပ်ရမယ့်လူ ငါ့မှာ မင်းမိသားစုနဲ့ပတ်သတ်ပြီး ဘာမှပြောစရာမရှိဘူး"
သူကော်ဖီဆိုင်ထဲက ထွက်သွားတာကို သူမကြည့်နေတယ် ချင်ကောနောက်ကို အံကြိတ်လိုက်လာပြီး အော်ပြောတယ်
"ချင်ကော ရှင်နောင်တရလိမ့်မယ်"
သူနည်းနည်းလေးတောင် တုန့်ဆိုင်းမှုမရှိဘဲ လမ်းကိုဖြတ်ကူးသွားတယ်
အပေါ်ကိုတက်လာပြီး သူ့တိုက်ခန်းဆီတက်သွားတယ် တံခါးကိုဆောင့်ပိတ်ပြီး ဝင်လာတော့ ပြတင်းပေါက်တွေတောင်လှုပ်သွားတယ်
အခန်းကမှောင်နေတယ် ဒါပေမယ့်ချင်ကောအတွက်တော့ သူ့အခန်းကို လျှောက်သွားဖို့က ပြဿနာမရှိဘူး
သူအခန်းတံခါးကို ကိုင်မိတော့မှဘဲ ရုတ်တရပ်ရပ်သွားတယ် နောက်ပြန်လှည့်ကြည့်ပြီး ဧည့်ခန်းကိုသေသေချာချာစစ်ကြည့်တယ်
သူမီးရောင်နည်းနည်းထွန်းပြီးတော့ သေသေချာချာပြန်ကြည့်မှ ဆိုဖာပေါ်မှာတစ်ယောက်ယောက်ထိုင်နေတယ်
'တစ်ယောက်ယောက်ရှိနေတာလား?'
ဧည့်ခန်းမီးခလုတ်က အိပ်ခန်းဘေးမှာရှိတာကြောင့် သူဖွင့်လိုက်တယ် မှောင်မဲနေတဲ့အခန်းက မီးတွေလင်းသွားတယ်
ချင်ကောရဲ့အကြည့်တေီက ဆိုဖာပေါ်မှာထိုင်နေတဲ့သူဆီရောက်သွားတယ်
အချိန်တွေကခနအကြာတိတ်ဆိတ်သွားတယ်
"ချောင်ချူး"
"ပါမောက္ခ ကျွန်မရှင့်ကိုစောင့်နေတာ ၃နာရီနဲ့ ၄၆မိနစ် ရှိနေပြီ"
ရှီရှန်းက နာရီကို ​ြကည့်ပြီးပြောတယ်
"တောင်းပန်ပါတယ်"
ချင်ကော ကရုတ်တရပ်စကားထွက်သွားတယ် 'ငါကဘာလို့သူ့ကို တောင်းပန်နေရတာလဲ ငါ့အိမ်ပဲကို'
ချင်ကောရဲ့ အမူအယာက ရုတ်တရပ်မဲမှောင်သွားတယ် "မင်းဒီအထဲကို ဘယ်လိုဝင်လာတာလဲ"
သူ့အရှေ့တံခါးက လက်ဗွေနဲ့ထားထားတာ ဒါကြောင့်တစ်စုံတစ်ယောက်က ဖောက်ဝင်ဖို့ကြိုးစားရင် ဂိတ်စောင့်တွေသိကြမှာပဲ
သူမစွမ်းရည်ကိုသတိရသွားတော့လည်း.... သူမအနေနဲ့ဖောက်ဝင်ဖို့လွယ်ကူမှန်းအမှတ်ရသွားပြန်တယ်
"ပြတင်းပေါက်က ဝင်လာတာလေ"
ချင်ကော"....."
'ငါနေတာက ဆယ့်ရှစ်လွှာမှာလေ နင်ကဘယ်လိုလုပ်ပြီး ပြတင်းပေါက်ကနေတဲ့လဲ'
ရှီရှန်းက တစ်ကယ်ပဲ​ြပတင်းပေါက်ကနေဝင်လာတာဖြစ်တယ် ပြီးတော့တိုက်ခန်းက အထပ်နှစ်ဆယ်ရှိတာကြောင့်အထပ်နှစ်ဆယ်ကိုအရင်တက်ပြီး အပေါ်ကနေအောက်ကိုဆင်းလာတာဖြစ်တယ်
သူမအားတော်တော်သုံးလိုက်ရတယ်
သူမဓားသာ အဆင့်မမြှင့်နေဘူးဆိုရင် အေးအေးဆေးဆေးတက်လာလို့ရတယ်
ချင်ကောက သက်ပြင်းချပြီးသူမကိုကြည့်လိုက်တယ်
"ကျောင်းသူ ချောင်ချူး, အခြားလူရဲ့အိမ်ကို ပိုင်ရှင်မသိဘဲ ဝင်တာက ဖောက်ထွင်းမှုဆိုတာကို မင်းသိရဲ့လား"
ရှီရှနက အတည်ပေါက်ကြီးနဲ့ပြန်ဖြေတယ်
"ကျွန်မက ရှေ့နေမှမဟုတ်တာ ဘယ်သိမလဲ"
ချင်ကောက သူမရှေ့လျှောက်လာတယ်
"အခုသိပြီလား"
"အင်း"
ပြီးတော့ သူလက်တွေကို ဆိူဖာပေါ်တင်လိုက်ပြီး သူမနားကပ်သွားတယ်
"ယောကျ်ားတစ်ယောက်အိမ်ကို ဝင်လာတာက ဘယ်လိုအန္တရာယ်များလဲဆိုတာရော မင်းသိလား"
...........

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora