Unicode
ရှီရှန်းသိလိုက်ရတာက ချောင်ချန်းချန်းပဲ မဟုတ်ဘူး ချင်ကော ကိုယ်တိုင်လည်းတစ်ခုခုဖြစ်နေတယ်
သူကျောင်းမလာတာ အတော်ကြာနေပြီ!
"သူဘာလို့ကျောင်းမလာတာလဲ?"
ရှီရှန်းက ချန်းရှီကိုမေးလိုက်တယ်
သူကသူမဘေးနားမှာထိုင်နေတယ်
ချန်းရှီက ပါးစပ်အပြည့် ထမင်းတစ်လုပ်ထည့်ပြီးတော့ ပြောတယ်
"သူ ဆိုင်းငံခံထားရတယ်
"ဆိုင်းငံခံရတယ်? ဘာဖြစ်လို့လဲ"
'ဒီရက်ပိုင်းသူ့ကို မမြင်ရတာ မထူးဆန်းတော့ပါဘူး'
'မသိဘူးလေ....ချူးချူး နင်တစ်ကယ်ကြီး ပါမောက္ခကို ကြိုက်နေတာတော့မဟုတ်ဘူးမလား ဟုတ်လား"
ရှီရှန်းက သူ့ကိုပြုံးပြလိုက်တယ်
"ငါနောက်နေတယ်လို့နင်ထင်နေတာလား"
"အင်းသူ့ပုံစံကတော့ အတော်လေးကောင်းပါတယ် နင်သူ့ကိုလိုက်တဲ့နေရာမှာ အဆင်ပြေတာပေါ့ အကယ်လို့သူနဲ့သာတွဲဖြစ်သွားရင် နာမ်မည်ကြီးလာတော့မှာပဲ"
"ငါက နာမ်မည်ကြီးပြီးသားလေ"
ချန်းရှီ"....."
'ဟုတ်သားပဲ...ငါ့ဘဒိုက အွန်လိုင်းမှာနာမ်မည်ကြီးနေတာပဲ သူမရုပ်ရှင်ရိုက်မှာကို စောင့်နေတဲ့သူအချို့တောင်ရှိတယ်'
#အွန်လိုင်းဆယ်လီတစ်ယောက်ရဲ့ ဘဒိုဖြစ်ရခြင်းခံစားချက်#
ရှီရှန်းက ချင်ကောကို ရှာမတွေ့ဘူး သူမဖုန်းဆက်ရင်လည်း သူကမကိုင်ပြန်ဘူးသူနေတဲ့တိုက်ခန်းကို သွားရှာတော့လည်း အဲ့ကဂိတ်စောင့်က သူဒီမှာ ဆက်မနေတော့ဘူးလို့ပြောတယ်
အခုမှပဲသူ့ကို ညသန်းခေါင်ကြီး မြင်ရတော့တယ်
'ဘာလို့လဲဆိုတော့ သူ့မှာ ပြန်စရာနေရာမှမရှိတာ'
'ဗီလိန်တစ်ယောက်က ဘဝအသစ်စဖို့ ဒီလောက်တောင်ခက်ခဲနေတာလား သူကသနားစရာကောင်းနေပြီ....ဗီလိန်များနှင့် သူတို့၏ ဆန်းကြယ်သောဇာတ်လမ်းများပေါ့....ဟင်း'
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....