Extra 2

4K 567 4
                                    

Unicode

အမတ်ချုပ်ရဲ့ဒေါသကိုဖြေဖို့အတွက် ကူးစူးကိုအဝေးကိုဆွဲခေါ်သွားပြီးတော့ သူ့ကိုကြိုးတုပ်ထားရတယ်

ကူးစူးကအပြစ်ကင်းတဲ့မျက်နှာလေးနဲ့ သူမကိုကြည့်နေတယ်
"ကျွန်တော်ဘာလို့ အစ်ကိုကြီးနားကပ်လို့မရတာလဲဟင်"

သိုက်ယွဲ့ "....."
'ဘာလို့လဲဆိုတော့  သူက အမတ်ချုပ်ရဲ့ ဒဏ္ဍာရီလာခင်ပွန်းလေ'

ကျွန်မသူ့မျက်နှာကိုသုတ်ပေးဖို့အတွက် လက်ကိုင်ပဝါကိုရေသွားစွတ်လိုက်တယ်
" အမတ်ချုပ်က မင်းကို လင်းယွဲ့အနားမကပ်ဖို့နဲ့ သူ့ကိုစကားပြောချင်ရင် ခပ်ဝေးဝေးကနေပြောဖို့ အတန်တန်မှာထားတယ်မလား ဘာလို့ခုချိန်ထိကိုအမှတ်မရှိတာတုန်း သူ့ကိုမြင်တာနဲ့ ဘာလို့ပြေးပြေးဖက်တာလဲ"

ကူးစူးက ပိုပြီးတော့တောင်သွက်လာတယ်
"သူက ကျွန်တော့အစ်ကိုကြီးလေ"

ကျွန်မ စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားတယ်
ကူးစူးနဲ့ လင်းယွဲ့က ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာတာဆိုတော့ သူ့အစ်ကိုကို အရမ်းခင်တွယ်မှာ သဘာဝပဲ

သူ သခင်လေးလင်းယွဲ့ ကိုပြေးပြေးတွေ့မှာစိုးလို့ အမြဲတမ်းသူ့ကို စောင့်ကြည့်နေရတယ်

တောင်ပေါ်မှာနေထိုင်ရတဲ့နေ့တွေက အရမ်းကောင်းလွန်းတယ် အချိန်ကုန်လည်းမြန်တယ် အောက်ခြေမှာဘာတြွေဖစ်ပျက်နေတယ် ဆိုတာတောင် ကျွန်မတို့သတိမထားမိဘူး

ဧကရီနတ်ရွာစံသွားပြီ ဆိုတဲ့သတင်းကို ရုတ်တရပ်ကြားလိုက်ရတဲ့အခါမှာ ကျွန်မရော ရင်းယွဲ့ရော ကြောင်သွားတယ်

အမတ်ချုပ်ကလည်း အခုတလော ရုံးတော်ကိုမသွားဘူးသူမရဲ့အာဏာတွေကို ကျွင်းအိမ်တော်ကသူတွေကိုပေးထားတာ

အခုဧကရီရဲ့ရုတ်ချည်းကွယ်လွန်မှုက သူမကိုရုံးတော်ကို လာဖို့ခေါ်နေတာပဲ

တောင်ပေါ်ကနေအတူတူသွားဖို့အတွက် သူမနဲ့အတူငါပစ္စည်းတွေကိုထုပ်ပိုးလိုက်တယ်

မြို့တော်မှာ တစ်လလောက်ကြာမယ်ဆိုတာကိုတွေးမိတော့ ကူးစူးကိုနည်းနည်းစိတ်ပူလာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now