Unicode
ထင်ဖုန်းနဲ့ကုယွီတို့ဟာ ကျန့်ကျန်းကို တကယ်ကြီး ဆေးတိုက်ခဲ့ကြတယ်
ရက်အတော်ကြာပြီးတဲ့အထိ ကျန့်ကျန်းရဲ့ သေဆုံးမှုသတင်းကိုမကြားရတဲ့အခါ ရှီရှန်း တော်တော်စိတ်ပျက်သွားတယ်။ 'ဒီကောင် ကံကောင်းသွားပုံရတယ် '" ၀ုတ်၀ုတ်.."
'မင်းက ဘာကိုဟောင်နေတာလဲ။ မင်းရဲ့သခင်မသေသေးဘူး။ ငါ့လမ်းကိုမပိတ်နဲ့'
ရှီရှန်း သူမခြေထောက်နားမှာ ပတ်ချာလှည့်နေတဲ့ခွေးကလေးကိုဖယ်ပစ်ဖို့ လုပ်ခဲ့ပေမယ့်လည်း သူက မှောက်ရက်လဲပြီး သူမခြေထောက်ပေါ်ပြုတ်ကျလာတယ်။
'အိုး ..ခွေးစုတ်လေး! မင်းလူတွေရဲ့ခြေထောက်တွေကိုဘယ်လိုပွေ့ဖက်ရမယ်ဆိုတာသင်ပြီးပြီပေါ့ '
ရှီရှန်း က သူ့ကို ကောက်ချီလိုက်တယ်။ ခွေးရဲ့ အမွေးတွေက နူးညံ့နေပြီး အတော်ကိုင်လို့ကောင်းတယ်။
ခွေးကလေးကို ဂိုဏ်းရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် တရား၀င်သတ်မှတ်ပြီးသားဖြစ်တယ်။ အရွယ်ရောက်ပြီးသူတွေကတောင် သူနဲ့ကစားဖို့ သူလုပ်နေလက်စအလုပ်ကိုခဏရပ်ထားနိုင်တယ်။"အုအုအုအု!" ရှီရှန်း ရဲ့နှောင့်ယှက်မှုကြောင့်ခွေးကလေးကအော်တယ်။
"ဂိုဏ်းချုပ်၊ သူ့ကို အနိုင်မကျင့်ပါနဲ့။ " ပိုင်လော့က ဘယ်ကမှန်းမသိပေါ်လာပြီး ရှီရှန်း လက်ထဲရှိ ခွေးကလေးအပေါ်ထားတဲ့ သူမရဲ့ သနားကရုဏာကို ထုတ်ဖော်တယ်။
ရှီရှန်း ကသူမကိုကြည့်ပြီး ခွေးကလေးကို အကြိမ်ကြိမ်ဖြစ်ညှစ်လိုက်တယ်၊ခွေးကလေးကလည်း ပိုအော်တယ်၊ ပိုင်လော့ရဲ့ အမူအရာကလည်း ပိုနာကျင်နေပုံပေါက်လာတယ်။
ရှီရှန်းက ခွေးကလေးကိုလွှဲပြောင်းပေးတော့မလိုလုပ်လိုက်တာမို့ ပိုင်လော့ က သူ့ကိုယူဖို့လက်လှမ်းလိုက်တယ်။ ဒါပေမယ့် ရှီရှန်း ရုတ်တရက် လက်ကိုပြန်ရုတ်ပြီး ခွေးလေးကို သူမပခုံးပေါ်တင်လိုက်ပြီး အဲ့ဒီမှာအိပ်ခွင့်ပြုလိုက်တယ်။ ခွေးလေးလည်း ပြုတ်ကျမှာကြောက်တာကြောင့် မလှုပ်ရှားဝံ့တော့ဘူး။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....