Unicode
သုံးရက်လောက်ကြာတဲ့အခါမှာ ကုရန်က သူမကိုသူနဲ့အတူ အပြင်ထွက်စားဖို့ထပ်ခေါ်တယ်
ရှီရှန်းတစ်ယောက်မသွားချင်ပေမယ့် အခုတစ်ခေါက်က အရေးကြီးတယ်ဆိုတာကြောင့် သူမအဝတ်လဲပြီး ထွက်သွားရုံပဲ တတ်နိုင်တယ်
အပြင်ဘက်က ကောင်းကင်တစ်ခုလုံးလည်း အုံ့ဆိုင်းနေပြီး မိုးရွာတော့မလိုဖြစ်နေတယ်
ရှီရှန်းက taxi ငှားပြီးတော့ hotelကို မောင်းဖို့ပြောလိုက်တယ်
သူမရောက်တာနဲ့ ရှေးကျတဲ့အပြင်အဆင်တွေက သူမကိုဖိတ်ခေါ်နေတယ်
ကုရန်က အပြင်မှာ ရပ်စောင့်နေပြီးတော့ သူမ taxiပေါ်ကနေဆင်းလာတာမြင်တော့ လက်ဝှေ့ပြတယ်
[လျို့ဝှက်မစ်ရှင်:ဦးတည်ရာ မဲ့နေသော ကောင်လေး, ကွင်းဆက်မစ်ရှင်]
ရှီရှန်း "....."
'ဒီစိတ်ပျက်စရာ မစ်ရှင်တွေလာပြန်ပြီလား, ငြင်းပါတယ်,
ခေါင်းစဥ်ကိုက ဘာမှန်းမသိတာ,နင့်ရဲ့စကားစုလေးဘာလေးတွေတော့ ပြင်ပါဦး''လျို့ဝှက်မစ်ရှင်? '
သူမသက်ပြင်းတစ်ချက်ချလိုပ်တယ်
[မစ်ရှင်ပစ်မှတ်: ယွီကျိုး]
'ယွိကျို?, ဟေး သူက ရှန်းရှအပေါ် လေးနက်တဲ့ခံစားချက်ရှိတွေနေတဲ့ ကောင်လေးမလား
ဘာလို့ရှန်းရှက သူ့ကိုအဲ့လောက်ကြောက်နေရတာလဲ
ယွီကျိုးနဲ့ ရှန်းရှက ငယ်ပေါင်းလေးတွေမဟုတ်လား သူတို့မိသားစုတွေကလည်း အတော်လေးအနေနီးကြတယ်လေ'ဒါပေမဲ့ ရှန်းရှလေးအသက်ခုနစ် နှစ်ပြည့်သွားတဲ့အခါမှာ ယွိကျိုက ပြည်ပကိုထွက်သွားတယ် အကြောင်းအရင်းက ယွိကျိုအမေကိုယ့်ကိုယ်ကို သတ်သေလို့ဆိုတာပဲ
ယွိကျိုက ငယ်ငယ်လေးကတည်းက ရှန်းရှကိုတွေ့ရင် အနိုင်ကျင့်လေ့ရှိတာကြောင့် သူမအသက်ကြီးလာတာတောင် သူ့ကိုကြောက်နေတုန်းပဲ
ယွိကျိုနိုင်ငံခြားကို ထွက်သွားတာက ရှစ်နှစ်ပြည့်ခဲ့ပြီ
ကုရန်ကရှီရှန်းကို hotelထဲခေါ်လာတယ် လူတွေအများကြီးရှိနေပြီးတော့ သူတို့ဆယ်ထပ်မြောက်ကို ရောက်ဖို့အတွက် ဓာတ်လှေကားကို သုံးခဲ့ကြတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....