Arc 12.36

3.4K 531 24
                                    

Unicode

"ကျွန်မတကယ်မသိဘူး!"
ရှီရှန်း က ယွိကျိုရဲ့မျက်နှာကိုဆွဲလိုက်တယ်
"သူ့ ဦး နှောက်မှာဘယ်လိုချို့ယွင်းချက်မျိုးဖြစ်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ..ကျွန်မသူ့ကိုနောက်တစ်ခါတွေ့ရင် အ​သေသတ်မယ် ဟုတ်ပြီလား "

ယွိကျို က သူမကိုစက္ကန့်အနည်းငယ်ကြည့်ပြီးတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ် "ကိုယ့်ကိုထားမသွားပါနဲ့"

"အင်း" ရှီရှန်းကက နူးညံ့စွာ ပြန်​ဖြေလိုက်တယ်

ယွိကျိုက သူမရဲ့ ပုခုံးကို အားအနည်းငယ်သုံးကာ ကိုက်လိုက်တယ်  "မင်းကိုယ့်ကိုလုံးဝဂရုမစိုက်ဘူး!"
ရှီရှန်း "…" 'ငါနင့်ကိုဂရုမစိုက်ဘူးဆိုတာဘာကိုဆိုလိုတာလဲ! *စားပွဲလှန်လိုက်*
အကျိုးအကြောင်းသိပ်မမဲ့နဲ့..မဟုတ်ရင် ငါနင့်ကိုမုဒိမ်းကျင့်တာနဲ့ပဲအဆုံးသတ်လိမ့်မယ်'

ရှီရှန်းက သူ့ကို ဆက်နမ်းချင်​ပေမယ့် ယွိကျိုက သူမကို တွန်းထုတ်လိုက်ပြီး ရှီရှန်းကိုဆက်လုပ်ခွင့်မပြု​တော့ဘဲ သူ့ကိုယ်သူပိုးကောင်လိုထုပ်ပိုးလိုက်တယ်

သူမ အကြိမ်အနည်းငယ်ဆွဲကြည့်​ပေမယ့်လည်း မအောင်မြင်တာ​ကြောင့် သူမမျက်နှာကြက်ကိုသာစကားမဲ့စွာကြည့်နေခဲ့ရတယ်
'ဒီဇာတ်​ကြောင်းနဲ့ပတ်သတ်ပြီးတစ်ခုခုမှား​နေတယ် ... "

"ယွိကျို ... ကျွန်မအေးနေတယ်"

ယွိကျို ​စောင်​အောက်က​​နေ လေအေးစက်အဝေးထိန်းခလုတ်ကို လှမ်းနှိပ်လိုက်တာကို သူမခံစားမိလိုက်တယ်
ရှီရှန်း "... "
"ကျွန်မဗိုက်ဆာနေတယ်"

ယွိကျို ခဏလောက်တိတ်တိတ်လေး တုံ့ဆိုင်းသွားပြီး ထသွားတယ်
သူခေါက်ဆွဲအပြည့်ထည့်ထားတဲ့ပန်းကန်ကိုကိုင်ပြီးပြန်လာတော့ ဆိုဖာ​ပေါ်ကစောင်ပျောက်နေတာကိုတွေ့လိုက်ရတယ်

ရှီရှန်းက သူမရဲ့စမတ်ဖုန်းနဲ့ဂိမ်းကစားနေရင်း ကုတင်အစွန်းမှာ၌ထိုင်​နေတယ်

သူကကုလားထိုင်တစ်လုံးကိုတွန်းလိုက်ပြီးပန်းကန်ကို ရှီရှန်းရှေ့မှာထားလိုက်တယ်
"စား... "

ရှီရှန်းက ခေါက်ဆွဲတွေကိုတစ်လှည့် ယွိကျိုကိုတစ်လှည့်ကြည့်လိုက်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now