Arc 14.7

3.2K 472 1
                                    

Unicode

ဖုန်းမြည်တဲ့အသံကို ကြားလိုက်ရတယ်
သူမဖုန်းကိုင်လိုက်တယ် ဆက်တဲ့သူက သူတို့ရှာနေတဲ့သူပဲ
"ဘာလို့ ငါ့ကိုခေါ်တာလဲ"
ရှီရှန်းက ဖုန်းကိုင်လိုက်တယ်
"နင်တို့တွေ လုပ်စရာရှိတာအကုန်လုပ်ပြီးသွားပြီလား"
"ချူးချူး, ကဒ်ထဲက ငွေနှစ်သိန်းက ဘယ်လိုဖြစ်တာလဲ"
ချန်းရှီက တန်းမေးလိုက်တယ်
"စိတ်ဝင်စားတယ်မလား"
ရှီရှန်းက အချက်ကျကျ ပြန်ဖြေတယ်
"ငါ့ကို ပိုက်ဆံချေးပေးတာကျေးဇူးတင်လို့"
'ဟာ....နှစ်သိန်းတောင်'
သူတို့တစ်ဖွဲ့လုံးကြောင်သွားကြတယ်
'လဝက်အတွင်း ပိုက်ဆံတစ်သန်းကျေးပေးလို့ အတိုးအနေနဲ့ နှစ်သိန်းထည့်ပေးတာလား မင်းမိသားစုက ဘဏ်များပိုင်တာလားဟင်'
ချန်းရှီက ပါးစပ်အပြည့်တံတွေးမြိုချလိုက်တယ်
"ချူးချူး နင်က တိုင်ကွန်းနတ်ဘုရားရဲ့ ပျောက်ဆုံးနေတဲ့ သမီးတော်လား"
ရှီရှန်းက အတည်ပေါက်ပြောလိုက်တယ်
"ငါကအရမ်းချမ်းသာတာလေ"
လူတိုင်း"....."
'ယုံချင်စရာကြီး'
ချန်းရှီက ရှီရှန်းမကောင်းတာတစ်ခုခုလုပ်မှာ စိုးတာကြောင့် သူမကိုခေါ်ပြီး စကားပြောဖို့ပြောတယ်
"ချူးချူး ဒီလောက်ညတွေနှက်နေပြီ နင်ဘာတွေလုပ်နေတာလဲ"
'သူမအခုရက်ပိုင်း အတန်းလည်းမတက်ဘူး ပြီးတော့ တစ်ခါတစ်လေငါဖုန်းဆက်ရင်တောင်မကိုင်ဘူး ငါသူမကိုရှာလို့လည်းမရဘူး'
"ပိုက်ဆံရှာနေတာလေ"
ရှီရှန်းက ထိုင်ခုံတစ်ခုံမှာထိုင်လိုက်တယ်
"ဘာပိုက်ဆံလဲ"
ချန်းရှီက မျက်မှောင်ကြုတ်လိုက်တယ်
''ချူးချူး ငါ့ကိုအမှန်အတိုင်းပြောပါ နင်ဒီပိုက်ဆံတွေဘယ်ကနေရလာတာလဲ"
"မိုးပေါ်က ကျလာတာလေ"
"ချူးချူး"
ချန်းရှီက လေသံမြှင့်လိုက်တယ်
"နှစ်ထောင်မဟုတ် နှစ်​သောင်း
မဟုတ်ဘဲ နှစ်သိန်းတောင်နော်"
ရှီရှန်းက သက်ပြင်းချလိုက်တယ်
"စိတ်မပူပါနဲ့ ငွေကရိုးရိုးသားသားရလာတာပါ ငါဆိုးဆိုးဝါးဝါးတွေ မလုပ်ပါဘူး ငါလုပ်ရင်တောင် နင့်ကိုမဖုံးကွယ်ဘူး"
"နင်တစ်ကယ်...မဟုတ်တာမလုပ်ခဲ့ဘူးမလား"
ချန်းရှီက သူမကိုမယုံနိုင်သေးဘူးပြီးတော့ ဒီလောက်အချိန်တို အတွင်းမှာ ဘာကသူမကို ငွေအများကြီးရစေတာလဲ
"တစ်ကယ်ပါဆို"
ငွေအားလုံးက ရိုးရိုးသားသားရလာတဲ့ပိုက်ဆံတွေပါ
ရှီရှန်းက ချန်းရှီသူမကို ဝယ်ခိုင်းထားတဲ့ပစ္စည်းကိုလာပို့တယ် သူကအချိန်အကြာကြီး အီလေးဆွဲနေတာကြောင့် နှစ်နာရီလောက်နေမှ သူမပြန်ရတယ်
အပြန်ကြတော့ တစ်ကယ်မတွေ့ချင်တဲ့သူနဲ့ တိုးပါတော့တယ်
ချင်ကော,ပါမောက္ခဆရာ
သူက ဖုန်းပြောနေပြီးတော့ သူမကိုမြင်တာနဲ့ ချက်ချင်းဖုန်းချပြီး သူမရှေ့လျှောက်လာတော့တယ်
"ကျောင်းသူ ချောင်ချူး"
ရှီရှန်းက ပြေးဖို့လုပ်တယ် ဒါပေမဲ့ချင်ကောက သူမလမ်းကိုပိတ်ရပ်လိုက်တယ်
"ပါမောက္ခ ချင်"
ရှီရှန်းက သက်ပြင်းချလိုက်တယ်
"ကျွန်မ မေဂျာမပြောင်းချင်ဘူး ဒီအတိုင်းလေးလွှတ်ထားပေးပါလား"
"မင်းက အခုငါ့မေဂျာမှာရောက်နေပြီ"
ပါမောက္ခ ချင်က အေးအေးစက်စက်နဲ့အမှန်တရားကို ပြောလိုက်တယ်
"အတန်းတက်မလားမတက်ဘူးလားဆုံးဖြတ်တာတော့ လွှတ်လပ်မှုရှိသင့်တယ်မလား"
'ကျွန်မက အစကတည်းက ရှင့်တပည့်ဖြစ်ချင်နေတာ မဟုတ်ဘူး'
ချင်ကောက သူမကိုကြည့်လိုက်တယ်
"မင်းကျောင်းခေါ်နှုန်းကျ လိမ့်မယ်"
'အက်....ကျောင်းခေါ်နှုန်းပြည့်တာမပြည့်တာ ရှင်နဲ့ဘာဆိုင်လဲ'
"ရှင်က မြစ်ကမ်းဘေးမှာနေတာလား
[သူများကိစ္စအရမ်းစပ်စုတာကို ပြောချင်တာပါ]
"
'ရှင်က အဲလောက်တောင်စပ်စုနေရင်လည်း ကျွန်မအတန်းတက်တာမတက်တာက ရှင်နဲ့မဆိုင်ဘူးဆိုတာ အခြားပါမောက္ခတွေဆီကနေသင်ယူလိုက်ပါဦး ဘယ်လိုပဲဖြစ်ဖြစ်အတန်းကျမှာက ကျွန်မ မှမဟုတ်တာ'
"​ပင်လမ်းဘေးမှာ ငါပိုင်တဲ့ဗီလာရှိတယ်"
ချင်ကောက ခေါင်းညိတ်ပြတယ်
"တစ်ခါတစ်လေ အဲ့မှာနေတယ်"
ရှီရှန်း"...."
'ထားလိုက်ပါတော့ ငါရှင်းပြနေလည်းအပိုပဲထင်တယ်'
"မင်းငါ့နံပတ်ကို ဘလော့ခ်  လိုက်တာလား"
ချင်ကောက မျက်မှောင်ကြုတ်ပြီးမေးတယ်
"ဆရာက ကျွန်မကို လိုက်နှောက်ယှက်နေတာလေ"
'အတန်းစကတည်းက ခေါ်နေတာ မပြီးတော့ဘူး ဘာလုပ်နိုင်တော့မှာလဲ'
ချင်ကော"....''
အခြားမိန်းကလေးတွေဆို သူ့နံပတ်လိုချင်တာတောင်မရကြဘူး သူမကတော့ blပစ်လိုက်တယ်
အကြောင်းပြချက်အချို့ကြောင့် ချင်ကောက မသက်မသာခံစားလိုက်ရတယ်
သူမဖုန်းဆီသူ့အကြည့်တွေ ရောက်သွားပြီး ဆွဲယူပစ်လိုက်တယ်
"ရှင်ဘာတွေလုပ်နေတာလဲ"
ရှီရှန်းက သူမဖုန်းကိုဆွဲယူဖို့လုပ်တယ် ဒါပေမဲ့ ချင်ကောက အရပ်အရမ်းရှည်နေတာကြောင့် သူမခြေဖျားထောက်ရင်တောင်မမှီဘူး
'အကျိုးတော့နည်းပါပြီ ဒီပါမောက္ခကတော့တစ်ခုခုပဲ ငါ့ဓားဘယ်မှာလဲ'
သူမဓားက အဆင့်မြှင့်နေတုန်းပါပဲ
ချင်ကောသူမဖုန်းscreenကို အကြိမ်အနည်းငယ်လောက် နှိပ်ပြီးတော့ သူမကို ပြန်ပေးလိုက်တယ်
"ငါ့ဖုန်းကို ထည့်ပြီးမblနဲ့ နက်ဖြန်အတန်းလာခဲ့"
ရှီရှန်းက သူမဖုန်းကို ပြန်ယူလိုက်တယ် ပြီးတော့ ဖုန်းကိုဖွင့်တယ် contactထဲဝင်တယ် သူ့ရှေ့မှာပဲ သူ့နံပါတ်ကို ထည့်blလိုက်တယ်
ချင်ကော"....."
"သွားချင်တဲ့သူ သွားလိမ့်မယ် ကျွန်မကတောမလားဘူး နှုတ်ဆက်ပါတယ် ပါမောက္ခ"
သူတို့နှစ်ယောကိ ဖုန်းကို ဟိုပြန်ဒီပြန်လုနေတဲ့ အချိန်မှာပဲ ချင်ကောက ဘေးတစ်ဖက်ကို ရောက်သွားတာကြောင့် ရှီရှန်းက သူ့ကိုကျောခိုင်းပြီးထွက်လာခဲ့တယ်
ခြေနှစ်လှမ်းလောက်လှမ်းပြီးတဲ့အခါမှာ ရှီရှန်းက လှည့်ကြည့်တယ်
"ရှင်ကျွန်မကို လိုက်နှောက်ယှက်နေဦးမယ်ဆိုရင် ကျောင်းကလူတွေကို ရှင်ကမိန်းကလေးအတွင်းခံခိုးတဲ့ နှာဘူးကောင်ဆိုပြီး သတင်းဖြန့်လိုက်မှာ"
ချင်ကော"....."
ချင်ကောမှာ အရာအားလုံးက ပြီးပြည့်စုံနေတယ် ဒါပေမယ့် ကျောင်းသူတစ်ယောက် သူ့အတန်းကို မလာတာက သကို စိတ်မသက်မသာဖြစ်စေတယ် အဲ့တစ်ယောက်က အတန်းလာမှသာ သူနေသာထိုင်သာရှိမှာဖြစ်တယ်
ဒါပေမယ့်ဒီတစ်ယောက်ကတော့......
သူမက ထိန်းချုပ်မှုမရှိတဲ့ မြင်းရိုင်းတစ်ကောင်လိုပဲ.....လုံးဝကို ဖျောင်းဖျလို့မရဘူး
ပြီးပြည့်စုံနေတဲ့ ပါမောက္ခကတော့ ဒါကိုမယုံကြည်နိုင်သေးဘူး
.......
ရှီရှန်းက သူမအိမ်ကနေထွက်လာတဲ့အချိန်တုန်းက ပြက္ခထိန်ကိုမကြည့်လိုက်ရဘူး သူမပါမောက္ခဆီကနေ လွတ်အောင်ထွက်လာပြီးတော့ ချောင်မူနဲ့ ဇာတ်လိုက်မဆီထွက်လာခဲ့တာပဲ
ဇာတ်လိုက်မက အိတ်တွေအများကြီးသယ်လာပြီးတော့ နှစ်ယောက်သားက shopping ထွက်လာတဲ့ပုံပဲ
ချောင်မူထွက်သွားတော့ မှ သူမကဝင်လာမယ်ကြံစည်ထားပြီးသား ဒါပေမယ့်ချောင်မူက သူမကိုသတိပြုမိသွားတယ်
"ချောင်ချူး "
ချောင်မူက ချောင်ချူးကိုတွေ့တဲ့အခါမှာ အကြွေးပိုင်ရှင်လိုမျိုး ဆက်ဆံတော့တယ်
"နင်ခုတလော အတန်းတွေမတက်ဘူးဆို....ကိုယ့်ကိုယ်ကိုကြည့်စမ်း မိန်းကလေးတစ်ယောက်ဖြစ်နေပြီး အရှက်မရှိဘူးလား....ငါ့ကိုနင်သွေးတက်ပြီးသေစေချင်နေတာလား"
"ကျွန်မ မေဂျာကိုပြောင်းဖို့ရှင့်ကို ဘယ်သူပြောလဲ"
ရှီရှန်းက အားနည်းချက်တစ်ခုမှမရှိဘဲ ပြန်ရန်ထောင်လိုက်တယ်
"နင်ပဲ ပန်းချီကိုဆက်မသင်ချင်တော့ဘူးဆို နင့်မေဂျာကိုချိန်းပေးတာ ဘာဖြစ်လဲ"
"ငါကဘာလိုမချိန်းပေးနိုင်ရမှာလဲ"
''ငါကနင်အမေဟဲ့!! နင့်မှာ ​ဘာပြဿနာရှိနေနေ ကိုယ့်ကိစ္စကိုယ်ရှင်းလေ နင့်အမကိုကြည့်လိုက်ပါလား....နင့်လိုမဟုတ်ဘူး ချန်းချန်းလေးက ငါ့ကိုဘယ်တော့မှ ဒေါသမထွက်စေဘူး"
ရှီရှန်း "...."
'ငါ့အထင်ကိုတောင်မမေးဘဲ မေဂျာကိုချိန်းပစ််တယ်....ဒေါသထွက်သင့်တာက သူလားငါလား?'
ရှီရှန်းက ချောင်ချန်းချန်းကို ကြည့်မိတယ် သူမက ခေါင်းငုံ့ထားပြီး သူတို့နှစ်ယောက်စကားများတာကို မမြင်ချင်ယောင်ဆောင်ပေးတယ်
ချောင်ချန်းချန်းက သူ့ညီမနဲ့သူ့အမေစကားများကြရင် ဘယ်တော့မှဝင်မပါဘူး ဘေးနားမှာ နှုတ်ပိတ်ပြီးရပ်နေတာများတယ်
"ကောင်းပြီ, သမီးကအမေ့အတွက်အရမ်း စိတ်ပျက်စရာကောင်းနေတာမလား...အခုကစပြီးကိုယ့်သမီးလို့ သတ်မှတ်မနေနဲ့တော့"
ရှီရှန်းက တစ်ချက်တောင်လှည့်မကြည့်ဘဲ ထွက်သွားတယ်
"ချောင်ချူး!"
ချောင်မူက အနောက်ကနေလှမ်းအော်တယ် ရှီရှန်းက မြန်မြန်လျှောက်တယ်
သူမအိပ်ဆောင်ရောက်တော့မှဘဲ စိတ်အေးနိုင်တယ်
သူမအခန်းတံခါးကို ဖွင့်ကြည့်တော့ အထဲမှာ သူမစီနီယာရောက်နေပြန်တယ် သူ့ပုံစံက စပ်စုချင်တဲ့ပုံစံပေါ်နေတယ်
"ဂျူနီယာချောင်ချူး, တစ်ယောက်ယောက်က မင်းကိုဖုန်းခေါ်သေးတယ်သလား"
စပ်စုချင်နေတဲ့ပုံစံကို မြင်နေတာကြောင့် ရှီရှန်းက သူမကို ဘယ်သူဆက်တာလဲဆိုတာမမေးတော့ဘူး
ဒါပေမဲ့ သူမစီနီယာရဲ့စိတ်က ထိန်းနိုင်တာမဟုတ်တာကြောင့် သူမမမေးလည်း ပြောတာပဲ
"ပါမောက္ခချင်ဆက်တာ သူမင်းကိုရှာနေတယ်"
သူ့မျက်နှာပေါ်က အရိပ်အယောင်ကို ရှီရှန်းမြင်နေရတယ်
"ငါအခုတလော မင်းအတန်းတွေမတက်ဘူးဆိုတာကြားတယ် သူ့အာရုံကို ဖမ်းစားတဲ့နည်းလမ်းက အရမ်းမိုက်တာပဲ "
စီနီယာက လက်မထောင်ပြတယ်
" အကောင်းဆုံးကြိုးစားထား!"
'စိတ်လေးထိန်းပါဦး အမကြီးရယ် ကျွန်မကသူ့ကို တွေ့တောင်တွေ့ချင်တာမဟုတ်ဘူး'
"စီနီယာ....မပြန်သေးဘူးလား"
"အာ! ငါနည်းနည်းနောက်ကျမယ်"
စီနီယာက ဖိုင်တွေဆွဲယူပြီးတံခါးပေါက်ဆီပြေးသွားတယ်
" ရှောင်ချူး ဒီကမမကြီးက မင်းကိုအပေးနေမယ်နော် ကမ်းပါးတဲတဲ.....!"
ရှီရှန်း"....."
[TN....ကမ်းပါးတဲ....က ဂျပန်လို  "ကြိုးစားထား" ဆိုတဲ့စာလုံးကိုအားကြိုးမာန်တက်ပြောတာပါ]
....

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now