Unicode
ချင်ကောက ရဲခေါ်လိုက်တယ် သူတို့ရောက်လာတဲ့အချိန်မှာ ပြစ်မှုကျူးလွန်သူAက သူ့လည်ပင်းကအနီရာကြကို လက်ညှိုးတစ်ထိုးထိုးနဲ့ပြောတော့တယ်
"အဲတာသူမ!! ရဲကြီး ကျွန်တော့မဟုတ်ဘူး သူမသတ်ဖို့ကြိုးစားခဲ့တာ ကျွန်တော့လည်ပင်းကိုကြည့်လေ......သွေးသွေးထွက်နေတယ်....ဒါက ကိုယ်ထိလက်ရောက်ကျူးလွန်တာပဲ...သူမကိုဖမ်းလေ...ဖမ်း!"
ရဲက သူ့ရဲ့ဒဏ်ကို မျက်နှာမဲကြီးနဲ့ကြည့်လိုက်တယ် ဒါကသာမာန်ဒဏ်ရာလေးပါ သွေးလေးနည်းနည်းပဲထွက်နေတာပါ
'ဒါက ကိုယ့်ကိုယ်ကို ကာကွယ်တာလေ မင်းလည်ပင်းအပေါက်ဖြစ်သွားရင်တောင် ဒါက ကိုယ့်ကိုယ်ကို ကာကွယ်တာပဲ'
"ပါးစပ်ပိတ်ထားစမ်း!"
သူတို့နှစ်ယောက်လုံးကို ကားထဲ တွန်းပို့လိုက်တယ်
ချင်ကောနဲ့ရှီရှန်းက ဒီကိစ္စမှာပါနေတာကြောင့် သူတို့နှစ်ယောက်လုံးရဲစခန်းကို သွားပြီး မှတ်တမ်းတင်ရတယ် သူတို့နှစ်ယောက်လုံးက ဘာဖြစ်တယ်ဆိုတာကို ပြောပြရုံပဲ အခြားလူနှစ်ယောက်က ပြစ်မှုကျူးလွန်ဖူးတဲ့သူဖြစ်နေတာကြောင့် ရှည်ရှည်ဝေးဝေးလုပ်နေစရာမလိုဘူး
"နောက်ခါ အဲလို လူပြတ်တဲ့နေရာကို သွားပြီးတော့ မချိန်းတွေ့ကြနဲ့, တစ်ခုခုဖြစ်လာရင် မင်းတို့ပဲနောင်တရကြမှာ"
သူတို့နှစ်ယောက်ကို ရဲကအသိပေးလိုက်တယ်
"ရပြီ...မင်းတို့ပြန်လို့ရပြီ"
"ပါမောက္ခ ကြည့်ပါဦး ကျွန်မ အဆောင်ပြန်လို့ရတော့ဘူး"
သူမက ရဲစခန်းပေါက်ဝမှာရပ်နေပြီး အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ကြည့်နေတယိ
ချင်ကောကသူမကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်တယ်
သူမကို ဟိုတယ်မှာအခန်းငှားပေးပြီး ထွက်လာခဲ့တယ်
ရှီရှန်းကစိတ်ထဲကနေတိုးတိုးလေးရေရွတ်နေမိတယ်
'နောက်တစ်ခါကြရင်တော့ သူ့ကိုသေချာပေါက်မြူဆွယ်ပြမယ်!! ဟင်းး ဒင်းကမှ ဒီကမ္ဘာမှာ ကပ်စေးအနည်းဆုံးလူပဲ'
..........
"ဂျူနီယာ ချောင်...အားလား?"
"မအားဘူး"
"ဂျူနီယာချောင်...စိတ်ဝင်စား..."
"စိတ်မဝင်စားဘူး"
"ဂျူနီယာချောင်... အကိုညီမကို ကြိုက်တယ် အကိုနဲ့ချိန်းတွေ့..."
"မလုပ်ဘူး"
ရှီရှန်းက ကျောင်းကနေလမ်းလျှောက်ထွက်လာတယ် သူမကအခုဆို အင်တာနက်ပေါ်မှာ ဆယ်လီဖြစ်နေပြီ
သူမဓားကို စိတ်ဝင်စားနေကြတဲ့ သူအချို့လည်းရှိတယ်
ရှီရှန်းက သူမကိုလာတွေ့တဲ့သူတွေကို ရှောင်ပြီး လူရှင်းတဲ့နေရာကိုထွက်လာတယ် ဒီလူတွေက သူမလိုချင်တဲ့သူတစ်ယောက်မှ မပါဘူး
"ချန်းချန်း, ဘာလို့ဒီလောက်စကားနားမထောင်ရတာလဲ ကွယ်"
ဒီအသံကိုကြားတဲ့အခါမှာ ရှီရှန်းက ရပ်လိုက်တယ်
'ချောင်မူက ကျောင်းကိုရောက်နေတာလား'
"အမေ....သမီးတစ်ကယ်သူ့ကိုကြိုက်လို့ပါ"
"ချန်းချန်း သမီးက အရွယ်ရောက်လာပြီလေကွယ် အမေကသမီးကို လူကောင်းနဲ့တွေ့စေချင်တာပါ သူကသမီးထက်အသက်အရမ်းငယ်တော့ သမီးပဲ ပင်ပန်းလိမ့်မယ် အမေကသမီးကို ပိတ်ပင်ချင်တယမဟုတ်ပါဘူး သမီးနဲ့သူကတော့ မဖြစ်နိုင်ဘူး"
"အမေ...."
"သူနဲ့လမ်းခွဲဖို့အတွက် အမေသမီးကို အချိန်သုံးရက်ပေးမယ် မဟုတ်ရင် သူ့မိသားစုကို အမေသွားပြောတော့မယ်"
ဒေါက်ဖိနပ်နဲ့ ေလျှာက်လှမ်းလာတဲ့အသံတွေကို ကြားနေရတယ် အချိန်ခနလောက်ကြာတဲ့အခါမှာ ချောင်ချန်းချန်းက ရှီရှန်းရဲ့မြင်ကွင်းဆီကို ရောက်လာတယ် သူမပုံစံက သာယာနေတဲ့ပုံတော့မပေါက်ဘူး
ရှီရှန်းအပြင်ဘက်မှာ ရပ်စောင့်နေတာကိုတွေ့တော့ ချန်းချန်းက ခနလောက်ကြောင်သွားပြီးတော့ တစ်ခုခုကို နားလည်သွားပုံရတယ်
"ချောင်ချူး ငါနင့်အပေါ်မှာ ဘာလုပ်မိလို့လဲ"
ရှီရှန်းက စိတ်ရှုပ်သွာတယ် သူမဇာတ်လိုက်မဆီကို မမျှော်လင့်ဘဲရောက်လာတာပါ ဘယ်လိုဖြစ်ပြီး ဒီကိစ္စထဲပါသွားရတာလဲ
"နင်အမေ့ကို ပြောလိုက်တာမလား ဟုတ်တယ်မလား ငါ့ကိုဒီအတိုင်းလေး ပျော်ရွှင်ခွင့်ပေးလို့မရဘူးလား နင်ကငယ်ငယ်လေး ကတည်းကအဲလိုပဲ အခုထိကို အဲလိုဖြစ်နေတုန်းပဲ ငါနင့်အတွက်ဒီလောက်တောင်ပေးဆပ်ပြီးပြီလေ ဘာတွေထပ်လိုချင်နေတာလဲ"
ချောင်ချန်းချန်း ကပြောရင်းပြောရင်းနဲ့ ဒေါသထွက်လာတယ်
ရုတ်တရပ်ကြီး အပြစ်ပုံချခံလိုက်ရတဲ့ အွန်လိုင်းဆယ်လီ ရှီရှန်း"......"
'ဇာတ်လိုက်မရေ ဘာတွေပြောနေတာလဲ ရုတ်တရပ်ကြီးပေါက်ကွဲနေရလား ငါနားမလည်ဘူးလေ'
ချောင်ချန်းချန်းက ဆက်ပြောနေတုန်းပဲ
"ချောင်ချူး ငါ့ကိုလွှတ်ပေးဖို့ နင့်ကိုဘာလုပ်ပေးရမလဲ ငါ့ကိုဘာလို့အမြဲတမိးဆန့်ကျင်နေရတာလဲ?"
'ဘယ်သူက နင့်ကိုဆန့်ကျင်နေလို့လဲ ငါဘာမှမလုပ်ဘူး အကုန်စာရေးဆရာမရဲ့အမှားတွေပဲ'
"နင်အခုပျော်သွားပြီလား"
ချောင်ချန်းချန်းက ငိုပြီးပြေးထွက်သွားတယ်
အခုမှပဲ ရှီရှန်းက သက်ပြင်းချနိုင်တယ်
'ဇာတ်လိုက်မက ငါချောင်မူကိုပြောလိုက်တယ်လို့ထင်သွားတာပဲ တစ်ကယ်ကငါလေးဘာမှ မလုပ်ပါဘူးနော်'
ချောင်မူက ချောင်ချန်းချန်းကိုအချိန်သုံးရက်ပဲပေးတယ် သူမကအခုထိ စိတ်မဆုံးဖြတ်ရသေးဘူး ထျန်းကျင်းချန် ရဲ့အမဖြစ်သူက သူမကိုဖုန်းဆက်လာတယ်
ေချာင်ချန်းချန်းက ထျန်းကျင်းချန် ရဲ့မိသားစုကိုတွေ့ရမှာ အရမ်းကြောက်တယ် ဒါကြောင့် သူမမသွားမီသေသေချာချာအဝတ်အစားလဲပြီး ပြင်ဆင်တယ်
ထျန်းမိသားစုက အတော်လေးတောင့်တင်းတဲ့မိသားစုပဲ ထျန်းကျင်းချန်မတိုင်မီ သူတို့မှာ သမိးနှစ်ယောက်ရှိတယ်
သူမကိုတွေ့ဖို့ရောက်လာတဲ့သူက ထျန်းကျင်းချန်ရဲ့ အမအလတ်ဖြစ်ပြီးတော့ အတော်လေးအထက်တန်းကျတယ် သူမနဲ့ထျန်းကျင်းချန်ရဲ့ ကြားကတူညီချက်ကို တွေ့နိုင်တယ်
"တွေ့ရတာ ဝမ်းသာပါတယ် မစ္စချောင်"
ထျန်းကျင်းချန် ရဲ့အမက နှုတ်ဆက်လိုက်တယ် ချောင်ချန်းချန်းကို ဆက်ပြောခွင့်မပေးဘဲ သူမဆက်ပြောတယ်
"ရှင်က ဘွဲ့လွန်ရပြီးသားဆိုတာကို ကျွန်မသိတယ် ရှင့်အရည်အချင်းနဲ့ပတ်သတ်ပြီး ကန့်ကွက်စရာကျွန်မတို့မှာ မရှိပါဘူး, ဒါပေမဲ့ အသက်အရွယ်အရတော့ မစ္စချောင် ရှင်က ကျွန်မတို့ ကျင်းချန်နဲ့ လိုက်ဖက်မှုမရှိဘူး"
ချောင်ချန်းချန်းက သူမနှုတ်ခမ်းကို ကိုက်မိတယ်
'လာပြန်ပြီ ဒီအသက်ပဲလား သူတို့မှာ ငါ့အသက်နဲ့ပတ်သတ်ပြီးပြောနေတာမပြီးနိုင်တော့ဘူးလား, မနဲ့မောင်အချစ်ဇာတ်လမ်းဖြစ်နေတာ ဘာလို့လက်မခံနိုင်ကြတာလဲ '
"မစ္စ ချောင် ရှင့်အရည်အချင်းတွေနဲ့ဆိုရင် နောက်တစ်ယောက် ရှာဖို့ဆို မခဲဇယဥ်းပါဘူး"
ထျန်းကျင်းချန်ရဲ့အမက သူမကို ယဥ်ယဥ်ကျေးကျေး ပြောတယ်ဆိုပေမယ့်လည်း သူမလေသံထဲမှာ မထီမဲ့မြင်ပြုတဲ့အရာတွေပါနေတယ်
"ကျေးဇူးပြုပြီး ထျန်းကျင်းချန်ကို လွှတ်ပေးပါ သူကငယ်သေးတယ်"
ချောင်ချန်းချန်းက သူမအင်္ကျီလက်ကို ကျစ်ကျစ်ပါအောက်ဆုပ်ထားတယ်
'ငါ့ကိုစလိုက်ခဲ့တာက ထျန်းကျင်းချန်ပါနော် ဘယ်လိုဖြစ်ပြီး လက်လွှတ်ခိုင်းတဲ့သူက ငါဖြစ်နေတာလဲ'
ချောင်ချန်းချန်း ခေါင်းခါပြတာကိုမြင်ပြီး သူ့အမက တွေးမိတယ်
'ဒီကလေးမက ကျင်းချန်နဲ့အသက်မရွယ်တင်မကဘူး စိတ်ပိုင်းဆိုင်ရာပါမလိုပ်ဖက်ဘူး'
".....မစ္စချောင် ဒီမှာသုံးသန်းပါ ရှင်က ချောင်မိသားစုရဲ့ မွေးစားသမီးဆိုတာ ကျွန်မသိထားပါတယ် ဒီငွေက ရှင်ပြည်ပကို ထွက်သွားပြီး စာသင်ဖို့အတွက်လုံလောက်ပါတယ် အဲ့နေရာမှာ ဗီဇာနဲ့နေထိုင်ဖို့ပါလုံလောက်နေမှာပါ"
အရှိုက်ကိုထိသွားသလို ခံစားရပြီး ချောင်ချန်းချန်းက ချက်လက်မှတ်ကိုဆွဲယူလိုက်တယ် ထျန်းကျင်းချန်အမရှေ့မှာ စုတ်ဖြဲလိုက်တယ်
"မစ္စ ထျန်း, ချောင်မိသားစုက ငွေကြေးလစ်ဟင်းနေတဲ့မိသားစုမဟုတ်ပါဘူး"
ဇာတ်လိုက်မက အေးစက်စွာပြောလိုက်တယ်
"ငါကသူတို့ရဲ့ မွေးစားသမီးဖြစ်နေရင်တောင်ပြည်ပကိုထွက်သွားဖို့ သူစိမ်းတစ်ယောက်ရဲ့ ပိုက်ဆံမလိုဘူး"
ချောင်ချန်းချန်း ပြောလို့ပြီးတဲ့အခါ ထျန်းအာကျယ် ကသူမကိုအေးစက်စွာကြည့်နေပြီ ပြောလိုက်တယ်
"ကျင်းချန်ကို လက်လွှတ်ပေးဖို့ ရှင့်ကိုဘာပေးရမလဲ"
"ကျွန်မတို့နှစ်ယောက်က တစ်ကယ်ချစ်နေကြတာမို့ ဘယ်လိုအခက်အခဲဖြစ်နေပါစေ ကျွန်မရင်ဆိုင်မှာ"
ချောင်ချန်းချန်းက ယုံကြည်ချက်ရှိရှိပြောလိုက်တယ် သူမဒီအခြေအနေအထိတောင်ရောက်လာမှတော့ ပန်းမပွင့်ခင် ပန်းမခူးနိုင်သလို စမတွဲရသေးဘဲ ဆက်ဆံရေးကို မဖြတ်နိုင်ဘူး
နှစ်ယောက်လုံးစကားပြောတာက မပြေလည်ဘဲ ပြီးသွားတယ်
မထင်မှတ်ဘဲ သူတို့ရှီရှန်းကို တွေ့လိုက်ကြတယ် ရှီရှန်းက ချင်ကောနောက်ကနေလိုက်လာတာကြောင့် သူမ သူတို့ကိုမတွေ့ဘူး ချောင်ချန်းချန်းရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အကြည့်တစ်ခုပေါ်လာပြီး ပျောက်သွားတယ်
"နင်တို့ညီအမတွေက တစ်ခုခုပဲနော်"
ထျန်းအာကျယ်က လှောင်ပြောပြီး ထွက်သွားတယ်
'တစ်ယောက်က ပါမောက္ခကို ကြိုက်တယ် တစ်ယောက်က ကိုယ့်ထပ်ငယ်တဲ့သူကို ကြိုက်တယ်... '
.......
ချောင်ချန်းချန်းက သူမအမေနဲ့ပဲ ရှင်းရတာမဟုတ်ဘဲ ထျန်းအိမ်တော်က လူတွေနဲ့လည်း ရှင်းရသေးတယ် အဲ့အချိန်မှာ ထျန်းကျင်းချန်က အခြားမိန်းကလေးတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေတာကို သူမမြင်သွားတယ်
သူမကို သူလိုက်နေတုန်းက ထျန်းကျင်းချန်က လူလွတ်တစ်ယောက်ပဲ...သူတို့ချိန်းတွေ့ကတည်းက ဘာမှပွေတာတွေမရှိခဲ့ဘူး ရုတ်တရပ်တွေ့လိုက်ရတော့ ငြင်းလို့မရတော့ဘူး
သူတို့ကိုတွေ့တော့ ချောင်ချန်းချန်းက သူမလုပ်ခဲ့ရသမျှက ဟာသတစ်ခုလိုဖြစ်သွားတယ် သူနဲ့ သူမလမ်းခွဲချင်ခဲ့တယ်
ကိစ္စကကြီးသွားတယ်....ထျန်းကျင်းချန်က ကျောင်းမှာပြဿနာရှာတော့တယ် ဒါပေမဲ့ ချောင်ချန်းချန်းက စိတ်ဆုံးဖြတ်ပြီးသားဖြစ်နေပြီ ထျန်းကျင်းချန် ဘယ်လောက်ထိကြိုးစားကြိုးစား သူ့ကိုဘသူမ တွေ့ဖို့ငြင်းခဲ့တယ်
ရှိုးပွဲ ကြည့်နေကြတဲ့သူတွေကတော့ ဘယ်ချိန်မယ်ရီစူးကို တွေ့ရမလဲပဲ မျှော်နေကြတော့တယ်
.......
ESTÁS LEYENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....