Unicode
ချင်ကောကတော့ ဒီကလေးမနဲ့ နေ့လည်စာအတူတူမစားချင်ပေမယ့် သူ့ဇနီးကတော့ အလိုရှိတဲ့ပုံပဲ
'ေမျှာ်လင့်ထားသလိုပဲ သူကဒီလိုမိန်းကလေးတွေကို ကြိုက်တာပဲ.....ငါလည်းအနာဂတ်မှာ ကြည့်လုပ်ရမယ်....သူတို့စကားပြောတာလေးတွေက ချစ်ဖို့ကောင်းတယ် ငါကြတော့ဘာလို့ ချစ်ဖို့မကောင်းတာလဲ'
ချင်ကောတို့နေ့လည်စာ စားပြီး ထိုကောင်မလေးကို ပြန်ပို့ပြီးတဲ့နောက်မှာ ချင်ကောက ရှီရှန်းကို မျက်နှာမဲကြီးနဲ့အိမ်ပြန်လိုက်ပို့တယ်
"ဘာလို့ စိတ်ဆိုးနေတာလဲ"
ရှီရှန်းက ချင်ကောကို နားမလည်စွာကြည့်လိုက်တယ်
ချင်ကောမျက်နှာက အေးစက်နေပြီးတော့ ရှီရှန်းကိုစိုက်ကြည့်လိုက်တယ်
သူ့အကြည့်တွေက အတွေးကိုဖော်ပြနေတယ်
"ကိုယ်မပျော်တော့ဘူးနော် မွှေးမွှေးပေးတော့လေ"
'ဒီကောင်ကတော့ မွှေးမွှေးပေးတာခံချင်နေပြန်ပြီ'
ရှီရှန်းက သူ့ကို လျစ်လျူရှုပြီး စာအုပ်ကိုပြန်ကြည့်နေလိုက်တယ်
ချင်ကောရဲ့မျက်နှာက မဲမှောင်သွားတယ် သူချူးချူးရဲ့နားနားကို ကပ်လာပြီးပြောတယ်
"ချူးချူး ဒီနေ့သင်ခန်းသာလေ့လာကြမလား"
"ဘိုးအေကိုပဲ သင်ခန်းစာလေ့လာ ရှင့်အလုပ်တွေမပြီးသေးဘူးမလား"
ရှီရှန်းက သူ့ကိုခေါင်းခေါက်လိုက်တယ်
ချင်ကောကအတည်ပေါက်မျက်နှာကြီးနဲ့ပြောလိုက်တယ်
"အလုပ်နဲ့ အနားယူတာကမျှတရမယ်လေ"
"ကြီးတော်ကြီးကိုပဲ မျှတနေ အလုပ်လုပ်!!"
ရှီရှန်းက သူ့ကိုကန်ထည့်လိုက်တယ်
"ရှင်ကျွန်မကိုဆက်နှောက်ယှက်နေမယ်ဆိုရင်ရှင့်ကို ကျွန်မ ရိုက်တော့မှာနော်"
ချင်ကောက ရှီရှန်းကို လွှတ်ပေးပြီးတော့ ဆူဆူပုတ်ပုတ်မျက်နှာကြီးနဲ့ ထွက်သွားတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....