Arc 14.16

3.3K 439 3
                                    

Unicode

"လုပ်ပါ ဒီမှာတစ်ညလောက်တည်းလို့မရဘူးလား"
ရှီရှန်းက သူ့ကိုကြည့်နေတယ်.
"ကျောင်းသူ ချောင်ချူး, မင်းက လူပျိုတစ်ယောက်ရဲ့အိမ်မှာ အိပ်ဖို့တောင်းဆိုနေတာလား,မင်းကိုငါ တစ်ခုခု လုပ်လိုက်မှာ မကြောက်ဘူးလား"
ချင်ကောရဲ့အမူအယာက တည်နေပေမယ့် သူ့စကားလုံးတွေက တစ်မျိုးပဲ
"ရှင်က ကျွန်မကို ဘာလုပ်ချင်လို့လဲ"
"ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ဘာလုပ်မယ်ထင်လဲ"
"အကယ်၍ ပါမောက္ခချင်သာ အလိုရှိရင်ကျွန်မမငြင်းပါဘူး"
ရှီရှန်းက ရှက်နေတဲ့အမူအယာလေးနဲ့ပြောပေမယ့် စိတ်ထဲမှာတော့ တစ်ခြားစီပဲ
'ငါ့ကိုများဘာလုပ်နိုင်မှာလဲ, သေအောင်ရိုက်သတ်မှာဟင်း'
"မင်းက မိန်းကလေးနော် မင်းမှာအရှက်တရားဆိုတာရော ရှိသေးလား"
သူခေါင်းကို ခါလိုက်ပြီး ရှီရှန်းရဲ့ အပေါ်ဝတ်ကို ပစ်ပေးလိုက်တယ်
တစ်ခုခုထွက်ကျလာတယ်
ဖက်!
နှစ်ယောက်လုံးကုန်းကြည့်တယ်
ချင်ကော"......"
ရှီရှန်း"....."
'သွားပြီ..ငါ့ကွန်ဒုံး!'
လေထုကတော့ မှောင်မိုက်နေပြီ
ချင်ကောက သူမကို အဓိပ္ပါယ်ရှိရှိကြည့်နေပြီး ကျသွားတာလေးကို ကြည့်နေတယ်
သူကုန်းကောက်ပြီး ရှီရှန်းရဲ့လက်ထဲကို ကမ်းပေးတယ်
"ကျောင်းသူ ချောင်ချူး"
ရှီရှန်းက ခပ်တည်တည်ပဲ ယူလိုက်တယ် သူမရှင်းပြတယ်
"ထီပေါက်တာ"
"ထီ? တစ်ခုတည်းက ဘယ်လိုထီပေါက်တာလဲ"
ချင်ကောရဲ့ အေးစက်စက်အပြုံးကပေါ်လွင်လာတယ် သူနောက်လှည့်ပြီးတံခါးဆီထွက်လာတယ်
'အဲ..မဟုတ်ဘူး...နေဦး...ဟို...ရှင်းပြမယ်'
'ကျွန်မက နောက်ဆုံးတစ်ခုကိုပေးဖို့လူရှာနေတာလို့'
ချင်ကောက တံခါးကိုဖွင့်လိုက်ပြီ ဒါကြောင့် သူမအံကြိတ်ပြီးတော့ အဲတာကိုသိမ်းထားရတယ် ပြီးတော့မှ ဘာမှမဖြစ်ခဲ့သလို နောက်ကနေလိုက်လာတယ်
'ငါတို့နှစ်ယောက်လုံးက အရွယ်ရောက်နေပြီပဲကို ဘာတွေရှက်နေမှန်းမသိဘူး'
ချင်ကောက သူ့အိပ်ခန်းနောက်က အခန်းကို ငှားပေးပြီး ပြန်လာတယ်
'ဒီပါမောက္ခကို နားမလည်တော့ဘူး, အေးပေါ့လေ ဗီလိန်ဆိုတော့ နည်းနည်းတော့ကွာခြားမှာပေါ့'
နောက်နေ့မှာ ရှီရှန်းတစ်ယောက် အတန်းလစ်ပြန်တယ်
ချင်ကောက သူမကိုဖုန်းဆက်ခေါ်တယ် အဲတော့ သူ့ကိုဟိုက blacklistထဲထည့်ပစ်လိုက်တယ်
တစ်ခါတစ်လေကြတော့လည်း လူတွေက ပြတ်သားဖို့လိုတယ် သူတို့ဘာမကြိုက်ဘူးလဲဆိူတာကို ပြောပြရမယ် သူတို့ကြိုက်တဲ့လူက ဒီဟာတွေကို လုပ်ခိုင်းနေရင်တောင် လွန်ဆန်ရမယ်
ရှီရှန်းကတော့ စံပြပုဂ္ဂုလ်ပဲပေါ့
........
စာသင်ခန်းထဲတွင် ချင်ကောတစ်ယောက် မျက်နှာမဲကြီးနဲ့ စာတွေပို့ချနေတယ် ကျောင်းသားတွေက သးဆွေးနွေးဖို့အချိန်ပေးတော့ အခွင့်ကောင်းယူကြတယ်
"အတော်ဆုံး အတန်းလစ်သမား မလာပြန်ဘူးလား?"
"စောစောက ပါမောက္ခ နာမ်မည်စစ်တော့မကြားလိုက်ဘူးလား? သူမသာသူ့ရှေ့ရောက်ရင် တစ်စဆီ ဆွဲဖြဲခံရမယ်လို့တောင်ငါထင်နေတာ"
"သူက အဲ့ကောင်မလေးကို လိုက်နေတယ်လို့လည်း ကောလောဟာလထွက်သေးတယ်နော်"
"နင်အဲတာကိုယုံလို့လား, ပါမောက္ခချင်က လိုက်တယ်ဆိုတာ သူ့အတန်းကိုလစ်တာမကြိုက်လို့ လိုက်တာလောက်ပဲရှိတာ ပြီးတော့ သူမက နှစ်ဝက်အစမ်းစာမေးပွဲတောင် မလာဘူး ပါမောက္ခချင် ဒေါသထွက်တာ ငါကိုယ်ချင်းစာတယ်"
"မှန်းကြည့်စမ်း.....ငါ့မှာလေ စာမေးပွဲအောင်ဖို့ assignmentကို ၅ခါတိတိ လုပ်ရတယ်, ငါ့ဘဝငါတောင်သံသယဝင်လာတယ်"
"နင်ကမှတော်သေးတယ် ငါဆို၇ကြိမ်တောင်"
တစ်အုပ်စုလုံးသက်ပြင်းချမိတယ်
'ငါတို့ မေဂျာပြောင်းရင် မှီသေးလားဟင်"
အတန်းပြီးသွားတာနဲ့ ချင်ကောက ဒီအပတ်အိမ်စာတွေစစ်ပြီးထွက်လာတယ်
သူအခန်းထဲက ထွက်လာတာနဲ့ ဥက္ကဌနဲ့တွေ့တယ် သူမျက်မှောင်ကြုတ်မိတယ်
"ရှောင်ချင်"
ဥက္ကဌက အသက်၅၀ကေျာ်လောက်ရှိတယ် သူ့ဆံပင်တွေက ဖြူဖွေးနေပြီးပြုံးပြတယ်
"ဥက္ကဌ"
ချင်ကောက အမူအယာကင်းမဲ့စွာ နှုတ်ခွန်းဆက်လိုက်တယ်
ဥက္ကဌက အရင်ရယ်မိတယ် ပြီးတော့မှ လူနည်းတဲ့နေရာကို လက်ညှိုးထိုးပြတယ်
"အဲ့ကိုအရင်သွားရအောင်"
ချင်ကောက သူ့ကို တစ်ခုခုပြောစရာရှိမယ်ဆိုတာ သိတာကြောင့် ခေါင်းညိတ်လိုက်တယ်
ဥက္ကဌက နည်းနည်းအရေးမပါတာတွေ နဲ့ဇာတ်လမ်းစပြီးမှ အဓိကအချက်ကို ပြောတယ်
"ရှောင်ချင်...ကျောင်းသူတွေက မင်းစာသင်တဲ့ပုံစံကို မလိုက်နိုင်ဘူးကွယ်....မင်းကသူတို့ကို ကောင်းစေချင်တာကြောင့် ဒီလိုလုပ်တာကိုငါသိပါတယ် ဒါပေမယ့် အဲလောက်ကြီးစည်းကမ်းတင်းကျပ်စရာ မလိုဘူးကွ"
ချင်ကောက မျက်မှောက်ကြုတ်ပြီးတော့ ပိုပြီး မဲမှောင်လာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now