Arc 14.34 END

5.3K 513 30
                                        

Unicode

ဒီကိစ္စကြောင့် ထျန်းကျင်းချန်က ချောင်ချန်းချန်းကို သတိပေးလိုက်ပြီးတော့ သူမကုမ္ပဏီကိုပါ သိမ်းထားတယ်

ဒါပေမဲ့လည်း ချောင်မူက ပိုက်ဆံအတွက်ချောင်ချန်းချန်းကို လိုက်နှောက်ယှက်နေတုန်းပဲ

သူမ ပိုက်ဆံလိုတာနဲ့ ချောင်ချမ်းချန်းကို တောင်းဖို့လောက်ပဲ သူမသိတယ်

ပိုက်ဆံမရတာကြောင့် ချောင်မူက ချောင်ချန်းချန်းကို နှောက်ယှက်နေတာကြောင့် ဇာတ်လိုက်နှစ်ယောက်ရဲ့ဆက်ဆံရေးက ဆိုးဝါးလာပြန်တယ် 

သူ့ရဲ့မယားကြီးနဲ့တစ်ဦးတည်းသော သားကပါဒီကိစ္စမှာပါဝင်လာခဲ့တယိ

ဇာတ်လိုက်မက လိုက်ပြီးနှိပ်ကွပ်တဲ့ဝတ္ထုကနေ အနှိပ်ကွပ်ခံရတဲ့ ဝတ္ထုအဖြစ်ပြောင်းသွားတယ် ဒါကြောင့်သူမနှလုံးသားက အမုန်းတရားတွေနဲ့ပဲပည့်နှက်သွားခဲ့တယ်

ထျန်းကျငိးချန်ကလည်း ချောင်ချန်းချန်းကို နှိပ်စက်ရတာကြိုက်တဲ့ပုံပဲ သူမမရိုးနိုင်တဲ့ နှိပ်စက်နည်းပေါင်းစုံရှိနေတယ်

ထျန်းကျန်းချန်ကို သူ့အမနဲ့သူ့အမေက ဆိုးဝါးတဲ့စကားတွေနဲ့ သွေးထိုးနေတာကို သူမသိလိုက်ရတယ် 

သူမရှင်းပြချင်ခဲ့တယ် ဒါပေမယ့်မရှင်းပြခင်မှာပဲ တစ်ခုခုဖြစ်ပျက်လာတယ်

ထျန်းကျင်းချန်ရဲ့သား ပျောက်နေတယ်

ထျန်းကျငိးချန်က သူ့သားကို ရတနာတစ်ခုလိုသဘောထားတာဖြစ်တယ်

ချောင်ချန်းချန်းရဲ့စာရိတ္တက အစစ်ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့သားကိုတော့ သူတစ်ကယ်ချစိမှာ အသေအချာပဲ ဒါကြောင့်ကလေးပျောက်ဆုံးမှုက လူတိုင်းကို ထိတ်လန့်သွားစေတယ်

သူတို့ ရဲ့ကိုတိုင်ကြားထားပြီး မကြာခင်မှာပဲ ဘယ်သူလုပ်တယ်ဆိုတာကို သိလိုက်ကြတယ်

ချောင်ချန်းချန်းက အဖမ်းခံရတဲ့သူကိုလည်းသိရော သူမသွေးတက်သွားတယ် စကားတောင်မပြောနိုင်တော့ဘူး

ဖျောင်း!...

ရုတ်တရပ်ပါးရိုက်ခံလိုက်ရတာကြောင့် ချောင်ချန်းချန်းက ကြောင်သွားတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Место, где живут истории. Откройте их для себя