Unicode
"ယွင်ကွေ့ဖေး မင်းက ပုန်ကန်ချင်နေတာလား"
ယွီ၀မ်ရှင်းသည် ရှီရှန်းကို အေးစက်စွာ ငေါက်ငမ်းနေစဉ် ရှုးဖေး၏ခါးကိုဖက်ထားသည်။"မဟုတ်ပါဘူး"
ရှီရှန်း က ခေါင်းခါလိုက်သည်။
"ရှင်က ဘာလို့ အဲ့လိုထင်ရတာလဲ""ဒူးထောက်စမ်း!"
ခန်းမထဲသို့ဝင်လာကတည်းက ရှီရှန်း သူ့အပေါ် နာခံမှုကင်းမဲ့နေသဖြင့် ယွီ၀မ်ရှင်းကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ရှီရှန်း၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားသည်။
"ကျွန်မ သေသွားတဲ့လူတွေကိုပဲ ဒူးထောက်တာ"ယွီ၀မ်ရှင်း "... "
'အစောင့်တွေ! ဒီသစ္စာမဲ့တဲ့ ယွင်ကွေ့ဖေး ကိုချက်ချင်းဆွဲထုတ်သွားပြီး ခေါင်းဖြတ်လိုက်စမ်း!'"အရှင်မင်းကြီး အမျက်မထွက်ပါနဲ့ အရှင့်ကျန်းမာရေးကို ထိခိုက်လိမ့်မယ် အဲဒါက ကျွန်တော်မျိုးမရဲ့ ပေါ့လျော့မှုပါပဲ မမကို အပြစ်မတင်ပါဘူး"
ရှုးဖေးက ယွီ၀မ်ရှင်းကို နှိမ့်ချစွာ ဖြေသိမ့်ပေးသည်။သို့သော် ဤ 'နှစ်သိမ့်သောစကားများ' သည် ယွီ၀မ်ရှင်းကို ရှီရှန်းအပေါ် ပို၍ ဒေါသထွက်ရန်သာ လုပ်ဆောင်ခဲ့လေသည်။
"မင်း ခုနက ရှုးဖေး ကို တွန်းလိုက်တာလား" ယွီ၀မ်ရှင်းက အေးစက်သောအမူအရာဖြင့် မေးလိုက်သည်။
"ရှင်ဘယ်လိုထင်လဲ"
"..."
'ကိုယ်တော်ဘယ်လိုထင်လဲ? ကိုယ်တော် ဒေါသထွက်ပြီး သေတော့မယ်!'"ရှုးဖေး သူမက မင်းကို အခုနက တွန်းခဲ့သလား"
ရှုးဖေးက တုံ့ဆိုင်းသွားပုံပေါ်သည်။ "အရှင်မင်းကြီး… ဒါ…"
ယွီ၀မ်ရှင်း က ရှုးဖေး ကိုအားပေးလိုက်သည်။
"အမှန်အတိုင်းသာ ပြောပါ ကိုယ်တော်ဒီမှာယှိနေတယ် သူမ မင်းကို ဘာလုပ်နိုင်မှာလဲ"
"ကျွန်တော်မျိုးမက မမ ကို အပန်းဖြေဆောင်မှာထိုင်ဖို့ ဖိတ်ချင်ပေမယ့် သူမက ဆန္ဒမရှိဘူး... ပြီးတော့ သူမက ကျွန်တော်မျိုးမကို တွန်းထုတ်လိုက်တာ ဒါပေမယ့် ကျွန်တော်မျိုးမလည်း ကိုယ့်ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်လို့ ကျွန်တော်မျိုးမရဲ့အမှားပါ မမ မှာ အပြစ်မရှိပါဘူး..."
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....