Arc 12.39

3.6K 521 3
                                    

Unicode

  ယွိကျိုက ရှီရှန်းကို သုသာန်တစ်ခုဆီ ခေါ်သွားတယ်
တဖွဲဖွဲကျနေသောမိုးထဲမှာ သူမတို့ ​လျှောက်သွားခဲ့ကြတယ်
ယွိကျို သည်သူမချော်မသွားစေ​အောင် ​သေချာ ထိန်း​ပေးခဲ့တယ်
အဆုံးမှာ​တော့ သူတို့ သင်္ချိုင်းဂူတစ်ခုရှေ့မှာ ရပ်တန့်သွားကြတယ်

"သူက ​လော့စန်း ရဲ့မြေးလေ" ယွိကျို ကဖြည်းဖြည်းချင်းပြောလာတယ်
"ငါလွန်ခဲ့တဲ့ ၃ နှစ်ကသူ့အဖေကိုသတ်ခဲ့တယ်"

လော့စန်းက နိုင်ငံရပ်ခြားရာဇ၀တ်မှုအင်ပါယာ ရဲ့ရာဇာဖြစ်ခဲ့တယ်
သူတို့ရဲ့တွေ့ဆုံမှုသည်အထူးအထွေမဟုတ်ခဲ့ဘဲ အတော်လေးပုံမှန်ဖြစ်ခဲ့တယ်

ယွိကျိုအတွက် မိခင်သေဆုံးခြင်းက အများကြီး ဒုက္ခရောက်စေခဲ့တယ် သူနိုင်ငံကထွက်သွားချိန်တစ်ဝိုက်မှာစိတ်ကျရောဂါခံစားခဲ့ရတယ်  ယွိရှင်းယွင်က သူ့ကိုကုသဖို့ ပြည်ပသို့ခေါ်ဆောင်သွားခဲ့တယ်
ယွိကျိုက သူနာပြု​တွေကို လာဘ်ထိုးပြီး မကြာခန အပြင်ခိုးထွက်​လေ့ရှိခဲ့တယ်

ကျောင်းပတ်၀န်းကျင်မှာ မြစ်တစ်စင်းရှိတယ်
အဲ့ဒီမှာ သူကငါးဖမ်းဖို့လာလေ့ရှိတဲ့ လော့စန်း နဲ့တွေ့ခဲ့တယ်
ပထမတော့ ယွိကျို ကသူ့ဘေးမှာထိုင်ပြီးအ​ဝေးထဲကိုငေးကြည့်နေခဲ့တယ် လော့စန်း ရုသူ့အနားမှာ အဖော်ငယ်​လေးတစ်​ယောက် ​ရောက်လာတာကိုစိတ်မ၀င်စားဘူး..
တစ်နေ့မှာ​တော့  ယွိကျို စိတ်​ဖောက်ပြီး မြစ်ထဲကို ဆင်းသွားတယ်
လော့စန်းရဲ့မျက်နှာက မည်းမှောင်နေပြီး ယွိကျို ကို ကမ်းစပ်​ပေါ် ပြန်တွန်းတင်တယ်

ယွိကျိုက လော့စန်းရဲ့ ရှင်းလင်းပြတ်သားတဲ့ တရုတ်စကားကို​သေချာမှတ်မိတယ်

"မင်းအမေကမင်းကိုသေဖို့မွေးတာမဟုတ်ဘူး"

အဲ့ဒီစကားး​တွေက  ယွိကျို ကို အသိစိတ်ပြန်၀င်​စေခဲ့တယ်
လော့စန်း ကသူ့ကိုကျောင်းကိုပြန်ပို့​ပေးခဲ့တယ် ၀န်ထမ်း​တွေက​တော့ သူ့ကို ရူးမတတ်ရှာဖွေ​နေကြနေပြီဖြစ်တယ်

လော့စန်း မသွားခင် ယွိကျို ကသူ့ကိုရုတ်တရက်လှမ်းဆွဲလိုက်တယ် " ကျွန်​တော် ခင်ဗျားကိုပြန်တွေ့ခွင့်ရသေးလား"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Onde histórias criam vida. Descubra agora