Unicodeရှန့်ရှင်းဟိုင်သည် မိန်းကလေး၂ယောက်ကို ရှီရှန်းဆီမှာ ထားခဲ့ပြီး ထွက်ခွာသွားခဲ့သည်။
ပိုင်လော့နိုးလာပြီး ရှီရှန်းကိုမြင်သောအခါ ထွက်ပေါက်တစ်ခုတွေ့လိုက်သကဲ့သို့ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။
ထို့နောက် ရှီရှန်း သိချင်သည်ဖြစ်စေ မသိချင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမကြုံတွေ့ခဲ့ရသည့်အရာများကို ငိုရင်းပြောပြလေသည်။ထိုနေ့က သူမသည် မနက်စာစားရင်း လက်ဖက်ရည်ခွက်ကို မတော်တဆတိုက်မိသွားသဖြင့် အ၀တ်လဲရန် အခန်းသို့ ပြန်သွားခဲ့သော်လည်း လျို့ရွှီသူမကိုလာရှာမည်ဟု မထင်မိခဲ့ပေ။
ပိုင့်လော့က လျို့ရွှီကို မမှတ်မိသော်လည်းအလိုလိုပင်မကြိုက်သောကြောင့် အခန်းတံခါးကိုပိတ်ထားလိုက်သည်။
"ညီမလေး ရှောင်လော့ ဒီမှာ လူတွေ အများကြီးပဲ စကားပြောဖို့ တို့အခန်းထဲလိုက်ခဲ့ပါလား" လျို့ရွှီက နူးညံ့ညင်သာစွာပြောဆိုခဲ့သည်။
သို့သော် ပိုင်လော့ကတော့ ခြွင်းချက်ဖြစ်သည်။ လျို့ရွှီကို သူမ နှလုံးသားထဲမှပြတ်ပြတ်သားသားငြင်းပယ်ထားပြီးပြီ။
"မင်းပြောချင်တာရှိရင် ဒီတိုင်းပြောလို့ရတယ်"
ဒါကိုကြားတော့ လျို့ရွှီလည်း နည်းဗျူဟာပြောင်းလိုက်သည်။
"ညီမလေး ရှောင်လော့ မင်းရဲ့အတိတ်ကို မသိချင်ဘူးလား?"ပိုင်လော့၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။
"ငါ့အတိတ်ကို မင်းသိလား"သူမပြောပြီးသည်နှင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။
'သူငါ့ကိုသိတယ်၊ ငါ့အတိတ်အကြောင်းတချို့ကို သူသိလိမ့်မယ် ငါ့မေးခွန်းက မလိုအပ်ဘူးမဟုတ်လား..'လျို့ရွှီက ပြုံးပြီး ခေါင်းညိတ်သည်။
"မင်းဘယ်သူလဲ မင်းဘာတွေကြုံဖူးလဲ တို့ သိတယ် ညီမလေး သိချင်ရင် တို့ပြောပြနိုင်ပါတယ် ဒါပေမယ့် ဒီနေရာက တော်တော်လေးအဆင်မပြေဘူး..."
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....