Unicode
ရှီရှန်း ကကြွက်စုပ်လေးကူးစူးကိုအမူအရာမပြောင်းမလဲကြည့်လိုက်တယ်
"ဆရာတူအစ်ကိုကြီးကိုတွေ့ချင်တယ်"
ကူးစူးက သိုက်ယွဲ့လက်ထဲကနေရုန်းလို့ရအောင်ကန်တယ် ကုတ်တယ် ဆွဲတယ်"အမတ်ချုပ်"
သိုက်ယွဲ့ကရှီရှန်းကိုကြည့်လိုက်တယ်ရှီရှန်း ကလျှောက်လာပြီးကူးစူးကိုဂုတ်ကနေဆွဲပြီးအခန်းထဲပစ်ထည့်လိုက်တယ် ပြီးတော့ ကူစူးပြန်မထလာခင်မှာတံခါးကိုဆွဲပိတ်လိုက်တယ်
"သော့ခတ်လိုက်"
ရှီရှန်း ကအမိန့်ပေးလိုက်တယ်သိုက်ယွဲ့"....."
'အမတ်ချုပ်, သခင်လေးလင်းယွဲ့သာဒီကိစ္စကိုသိရင်စိတ်မဆိုးဘူးဆိုတာသေချာရဲ့လားသူ့ကိုဆေးခတ်ပြီးအိပ်ခိုင်းတာကမှပိုကောင်းသလိုပဲ'ကူးစူးကအတွင်းကနေတံခါးကိုဆွဲနေတယ်
ရှီရှန်း လည်းအပြင်ကနေသူ့ထက်သာတဲ့အားနဲ့ဆွဲထားပြီးတော့ပြောတယ်
"မင်းရဲ့ဆရာတူအစ်ကို ကိုတွေ့ချင်သေးရင်တိတ်တိတ်နေလိုက်,မဟုတ်ရင်ထပ်တွေ့ရမယ်မကြံနဲ့"သိုက်ယွဲ့ကလက်မခံချင်ပေမယ့်လည်းချော့တာထက်ခြောက်တာက ပိုပြီးသက်ရောက်မှုရှိတယ်ဆိုတာကို လက်ခံလိုက်ရတယ် အခန်းကတိတ်ဆိတ်သွားတယ်
....ကောင်းကင်ရိုးရာပူဇော်ပွဲနေ့....
ကောင်းကင်ရိုးရာပူဇော်ပွဲက
နန်းတော့အပြင်က ပွဲစင်ခုံမှာကျင်းပမှာဖြစ်တယ်
ဧကရီနဲ့အမတ်တွေနဲ့တော်ဝင်မသားစုသာမက သာမန်ပြည်သူတွေပါရှိတယ်ဒီလိုပွဲတော်ရက်မှာ လုံခြုံမှုကပထမဆိုတဲ့အတိုင်းပဲပတ်ပတ်လည်မှာအစောင့်တွေရှိတယ် ကျန့်ဇီကတော့မင်းသားတွေမင်းသမီးတွေကြားမှာပျောက်နေတယ်
လူအုပ်ထဲကြီးက အိမ်ရှေ့စံရုတ်တရပ်ပျောက်သွားရတဲ့အကြောင်းကိုပြောနေကြတယ် သူတို့ပြောနေတာတွေကြားရတော့ ကျန့်ဇီက မသက်မသာဖြစ်လာတယ်
"အိမ်ရှေ့စံ နန်းဆောင်ကလူတွေပြောတာ သူမထပ်ပျောက်သွားပြန်ပြီတဲ့ ခိုးထွက်ပြန်ပြီနဲ့တူတယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....