Unicode
ကျန့်ကျန်းသေသွားပြီးတဲ့နောက်ပိုင်းမှာ ရှီရှန်းက နတ်ဆိုးဂိုဏ်းကို လက်ခံယူလိုက်ပြီး တိုးတက်လာအောင်လုပ်ပေးလိုက်တယ် ဒီလိုနဲ့ နတ်ဆိုးဂိုဏ်းဟာ သူဌေးတွေဖြစ်လာတယ်
သူမသေဆုံးသွားရင်လည်း ကျန့်ကျန်းရဲ့ဘေးမှာ မြှုပ်ပေးဖို့ အမိန့်ပေးထားတယ်
သူမsystemဆီကို ပြန်ရောက်လာတဲ့အခါမှာ systemက သူမကိုဘာမှမပြောဘဲ မျက်နှာပြင်ပေါ်မှာရလဒ်တွေ ချပြပေးတယ်
အမည်: ရှီရှန်း
ကိုယ်ကျင်တရားရမှတ်: _153,000
အသက်အမှတ်: 35
အကူအညီရမှတ်: 31,000
မစ်ရှင်အဆင့်:B
မစ်ရှင်ရမှတ်:76
အပိုမစ်ရှင်:ကျရှုံး
အပိုမစ်ရှင်ဆုလဒ်:မရှိ
ပစ္စည်းစာရင်း:"ဘုရင်မသရဖူ",
"တစ္ဆေဘုရင်၏ နှလုံးသား", " ညအမှောင်"
ရှီရှန်း"....."
'အပိုမစ်ရှင်က တကယ်တော့ကျရှုံးသွားတာပဲ ပြီးတော့ငါ့ရဲ့ ကိုယ်ကျင့်တရားရမှတ်တွေက ထပ်ပြီးအနှုတ်ခံရပြန်ပြီ'
ရှီရှန်းက အောက်နားကိုမျက်မှောင်ကြုတ်ပြီးကြည့်နေတယ်
'' 'ညအမှောင်' ဆိုတာကဘာကြီးလဲ?''
systemက သူမကိုစကားပြောခွင့်မပေးဘဲ လွှဲပြောင်းပေးလိုက်တယ်
[နောက်မစ်ရှင်အားကူးပြောင်းလိုပါသလား?]
[ကူးပြောင်းခြင်းစတင်...]
...........
"အမေနဲ့အဖေ, ကျွန်မသွားပြီ"
နားဝင်ချိုတဲ့အသံတစ်စုံကို ကြားလိုက်ရတယ်
ရှီရှန်းကအပေါ်မှာ ထိုင်နေပြီးတော့ ဘေးဘီကို အကဲခတ်ကြည့်လိုက်တယ်
သူမရောက်နေတဲ့အခန်းက ဥရောပစတိုင် ပြင်ဆင်ထားပြီးတော့ ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေမိတာပဲ
အခန်းက ရှုပ်ပွနေပြီးတော့ ကလေးငယ်တစ်ယောက် ပစ္စည်းတွေကို ပစ်ပေါက်ပြီး ဆော့ကစားထားသလို ပြန့်ကျဲနေပြန်တယ် ပြီးတော့အခြားတစ်ဖက်မှာလည်း ရေးဆွဲထားတဲ့ပန်းချီအချို့ရှိနေတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....