Unicode
ရှီရှန်း ကနည်းစနစ်ကျကျ တည်တည်ငြိမ်ငြိမ် ယုံကြည်မှုရှိရှိနဲ့ဖြေရှင်းနေတယ်
သူမရဲ့အာရုံစူးစိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အရှိန်အဝါတွေက သိုက်ယွဲ့ကို ရင်သပ်ရှုမောစေတယ်
'သူမက တကယ်ကိုခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာပဲ'စစ်သူကြီးချုပ်ရဲ့ စစ်တပ်ကမြို့
အပြင်ဘက်မှာရှိနေတာကြောင့် ရှီရှန်းက သူမရဲ့တပ်ဖွဲ့အချို့ကို မြို့တံခါးဝ မှာ တပ်စွဲစေလိုက်ပြီး သူမရဲ့တပ်သားအများစုက ချင်းဟွားရဲ့လူတွေကို
သတ်ခဲ့ကြတယ်သူမက ဘယ်သူမှ မဝင်မထွက်အောင်
သေချာစေဖို့နဲ့နန်းတော်ကိုစောင့်ဖို့ တပ်ဖွဲ့တွေကို နေရာချထားခဲ့လိုက်တယ်သိုက်ယွဲ့နဲ့လင်းယွဲ့ကပါ အမတ်ချုပ်ရောက်လာတာနဲ့ တိုက်ဖို့အဆင်သစ်ဖြစ်အောင်တပ်တွေကိုစွဲထားတယ်
နွေးထွေးပြီးလိုက်ဖက်ညီတဲ့မင်္ဂလာ ဦး ညဖြစ်သင့်တာကိုသတ်ဖြတ်ခြင်းတွေနဲ့ပြည့်နေတဲ့ညပဲဖြစ်လာခဲ့တယ်
ရှီရှန်း ကဓားကိုဆွဲထုတ်လိုက်ပြီး လင်းယွဲ့ကိုကြည့်လိုက်သည်
"လူသတ်ဖို့လိုက်ချင်လား""ဘယ်သူက ပိုသတ်နိုင်မလဲဆိုတာကိုကြည့်ဖို့လား"
" မင်းကဘေးကနေကြည့်ရုံပဲကြည့်ပါ
ငါပဲသတ်မယ်"လင်းယွဲ့“ …” ‘အဲ့ဒီထဲမှာပျော်စရာကောင်းတာ ပါလို့လား'
လင်းယွဲ့က နောက်ဆုံးတော့ ရှီရှန်း နောက်လိုက်သွားရတယ် သူမကသူ့ကိုတစ်ယောက်တည်းထားခဲ့ဖို့စိတ်မချဘူး
"ဘယ်သွားသွား အလှလေးကို အတူတူခေါ်သွားတာပိုကောင်းတယ်"
သူမက လင်းယွဲ့ထိုင်ဖို့အတွက်ရထားတစ်စင်းကိုတောင်ပြင်ဆင်ပြီး သူ့ရှေ့ကိုစီးဖို့ကာကွယ်ဖို့ အစောင့်တွေထားခဲ့တယ်
ချင်းဟွားက သူရဲ့တပ်ဖွဲ့တွေကို မြို့တွင်းထဲကိုအများကြီးခိုးသွင်းဖူးတယ် သူတို့အစကတော့ အမတ်ချုပ်အိမ်တော်ဘက်ကလူတွေလောက်ပဲသတ်တာ ဒါပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့သူတို့ကသူတို့ဘက်မှာမရှိတဲ့သူကိုသတ်ဖို့အထိတိုးလာတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....