Unicode
ချန်းရှီရဲ့ အရက်.သည်းခံနိုင်စွမ်းက သာမာန်ပဲ အဲ့တာအပြင်သူရောက်ကတည်းက သိပ်မသောက်ထားဘူး ကံကောင်းစွာနဲ့ပဲ သူကအရက်သောက်တဲ့နေရာမှာ ကိုယ်ကျင့်သိက္ခာရှိတယ်
ရှီရှန်းက သူ့အိပ်ခန်းဖော်ကို သူ့လာခေါ်ဖို့ဖုန်းဆက်တယ် သူတို့လက်ထဲထည့်ပေးပြီးတော့မှ ရှီရှန်းက ဘားတန်းဆီကို လျှောက်လာတယ်
ဘားထဲမှာရှိတဲ့ လေထုကသိပ်မကောင်းဘူး အဲ့တာအပြင်အကြာကြီးထိုင်နေရတော့ ရှီရှန်းက ဗိုက်ထဲအီလာတယ် သူမချင်ကော ဘေးနားဝင်ထိုင်ပြီး
စားပွဲပေါ်တင်ထားတဲ့ အရက်ကိုသောက်လိုက်တယ်
''*အဟွတ်...* အဟွတ်*"
ရှီရှန်းက သီးသွားတယ်
"ပါမောက္ခ ချင် ဘာတွေလဲ သောက်ရခက်လိုက်တာ"
ချင်ကောက သူမလက်ထဲက ခွက်ကိုယူလိုက်ပြီး ေအးစက်စက်လေသံနဲ့ပြောလိုက်တယ်
"မင်း ဒီမှာဘာလုပ်နေတာလဲ"
"ဘာလို့လဲ"
ရှီရှန်းက မျက်ခုံးပင့်ပြတယ်
ချင်ကောက သူမကိုကြည့်လိုက်ပြီးအရက်ကို ထည့်မော့တယ်
ချန်းရှီနဲ့မတူဘဲ ချင်ကောကတော့ အရက်တွေအများကြီးသောက်ပြီးတာတောင် ဘာအရိပ်အယောင်မှမပြဘူး
အလင်းရောင်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
အရက်တစ်ပုလင်းလုံး ကုန်အောင်သောက်ပြီးတဲ့အခါ သူ့ဝတ်ရုံကို ယူပြီးထွက်သွားတယ် ရှီရှန်းလည်း အနောက်ကနေ ခပ်သုတ်သုတ်လိုက်တယ်
အပြင်မှာ မိုးစရွာနေပြီးတော့ ငွေရောင်အမှုန်လေးတွေဟာ ကောင်းကင်ဘုံကနေ အဆက်မပြတ်ရွာသွန်းနေသလို ခံစားရတယ်
မတ်လကနေ ဧပြီအထိက အပူချိန်ကွာခြားမှု သိပ်မရှိဘူးမိုးရွာတယကလည်း အအေးဓာတ်နည်းနည်းကို သယ်ဆောင်လာတယ်
နေ့ဘက်မှာ အရမ်းပူတာကြောင့် ရှီရှန်းက အဝတ်ပါးပါးလေးပဲဝတ်လာတယ် အခုတော့သူမအအေးဓာတ်ကို ခံစားနေရတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....