Unicode
ချင်ကောက ကျောင်းပြင်ဘက်မှာ ရှိတဲ့ခုံပေါ်မှာ ထိုင်နေတယ် သူ့ရဲ့အေးစက်တဲ့ ပုံရိပ်ကို ဖုန်းကလာတဲ့ အလင်းရောင်က လွှမ်းခြုံနေတယ်
ဖုန်းscreenပေါ်မှာတော့ ရှီရှန်းက သက်တော်စောင့်တွေကို သမတဲ့ ဗီဒီရိုပြနေတယ်
သူ့ခန္ဓာတစ်ခုလုံးက တန့်နေတယ် သူမသူတို့အားလုံးကို အနိုင်ယူနိုင်တော့မှ ချင်ကောက စိတ်အေးသွားတယ်
"ပါမောက္ခ ချင်တစ်ယောက်တည်းလား"
ရင်းနှီးနေတဲ့ အသံတစ်ခုက ခုံနောက်ကထွက်လာတယ်
"အတူတူ တွဲကြည့်မလား"ချင်ကောက လက်ခါပြတယ် ခုံနောက်ကိုမှီနေတဲ့ ရှီရှန်းက နောက်လှည့်ကြည့်တယ် သူမမျက်လုံးလေးတွေက အရောင်လက်နေတယ် အေးစက်မှုတစ်ခုမှမပါဘဲ တည်ငြိမ်နေပြီးတော့ နွေးထွေးမှုတွေရှိပြီး လှည့်ဖျားမှူတစ်ခုတောင်မရှိဘူး
"မတွဲဘူး"
ချင်ကောက အကြည့်လွှဲလိုက်တယ်ရှီရှန်းက ထိုင်ခုံပေါ်ခွလာပြီးတော့ ချင်ကောရဲ့ဘေးမှာ ထိုင်လိုက်တယ်
"ဘာလို့မရတာလဲ ရှင်လည်းတစ်ယောက်တည်း ကျွန်မလည်းတစ်ယောက်တည်းလေ ပြီးပြီပေါ့"ချင်ကော"...."
'ဘယ်လို အကြောင်းပြချက်ကြီးလဲ လောကကြီးမှာ တစ်ယောက်တည်းရပ်တည်နေတဲ့သူတွေမှ အများကြီးလေ'သူ့မျက်နှာက အေးစက်နေပြီး တိတ်တဆိတ်နေရာကနေ ထသွားတယ်
ရှီရှန်း"...."
'ဖုန်းစီ.....နင့်ရဲ့စိတ်ရှည်နိုင်စွမ်းကတော့ အတော်လေးပဲ'
'အစားကလည်းရွေးသေးတယ် တိတ်ဆိတ်တဲ့နေရာမှာ နေရတာလည်းကြိုက်သေးတယ် လွယ်လွယ်ကူကူလည်းရှက်တတ်သေးတယ် ကောင်းကင်ဘုံကိုပဲ တက်သွားလိုက်ပါတော့လား'
ရှီရှန်းက ချင်ကောနောက်ကနေလိုက်လာတယ်
"ပါမောက္ခ ချင်စားပြီးပြီလား"''အင်း"
ချင်ကောပြန်ဖြေတဲ့အချိန်မှာပဲ သူ့ဗိုက်ကဆန္ဒပြလာတယ်"ပါမောက္ခရဲ့ သည်းခံနိုင်စွမ်းကအတော်လေးကောင်းတာပဲနော်"
ရှီရှန်းက သက်ပြင်းချလိုက်တယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....