Unicode
ယွီဝမ်မိုက သူနဲ့ အလွန်ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ကြောင်း မင်ကျင့် က ပြောပြခဲ့၏။
သူက မိမိလူမျိုးကို ဖြစ်စေ၊ အခြားနိုင်ငံမှ ဓားစာခံကိုဖြစ်စေ ကောင်းမွန်စွာ ဆက်ဆံလေ့ရှိသည်။သို့သော် လွန်ခဲ့သော 16 နှစ်က မင်ကျင့် ကို နတ်ဆိုးများက ဖမ်းစားထားတာကြောင့်အသက်အန္တရာယ်နှင့် ကြုံခဲ့ရပြီး ယွင်ယင်း ဘုရားကျောင်းသို့ ပို့ဆောင်ခံခဲ့ရသည်။
မင်ကျင့်က ထိုအချိန်က နားလည်ရန် ငယ်သေးသောကြောင့် အခြားသူများပြောသည့်အတိုင်းသာ လုပ်ဆောင်နိုင်ခဲ့၏။
ငယ်ရွယ်စဥ်က သူ့မှာ အမှတ်ရစရာတွေ အများကြီး မရှိဘဲ ကြီးပြင်းလာပြီးနောက် သူသိသမျှကို စူးစမ်းလေ့လာခဲ့ရသည်။
ယွီဝမ်မို၏ အိမ်တော်တစ်ခုလုံးကို ပုန်ကန်ခြင်းဖြင့် သေဒဏ်ပေးခံခဲ့ရ၏။
ရှီရှန်းက ယခင်ဘုရင်မင်းမြတ်၏တော်၀င်အမိန့်စာကို ကြည့်နေသည်။
'ယွီဝမ်မိုသာ ဘုရင်ဖြစ်ချင်တယ်ဆိုရင် ဒီအမိန့်စာကို အစောကြီးထဲက ထုတ်သုံးမှာပဲတော်လှန်ပုန်ကန်ခြင်းမပြုမီ နှစ်ပေါင်းများစွာ သူ့အစ်ကို ထီးနန်းဆက်ခံခါနီးအထိ စောင့်နေစရာမလိုပါဘူး အရင်ဧကရာဇ်မင်းက နန်းသက်နှစ် (၃၀)ကျော် စိုးစံခဲ့တာပဲ ယွီဝမ်မို ကို ဘာကြောင့် နောက်ပိုင်းကျမှ အပြစ်ရှာခဲ့တာလဲ ဒါမှမဟုတ် အရင်ဘုရင်က အဲ့ဒီအမိန့်စာရှိနေတာကို လုံး၀မသိခဲ့တာလား'
ဒါက သင့်လျော်သည့် တစ်ခုတည်းသော ရှင်းလင်းချက်ဖြစ်ပုံရသည်။
"ရှင် ကျွန်မကို ဒီတိုင်းပဲ ထုတ်ပြောလိုက်တာလား ကျွန်မက ယွီ၀မ်ရှင်းဘက်မှာ ရှိနေမှာကို ရှင်မကြောက်ဘူးလား?"
ရှီရှန်းက သူမ၏ ပြန့်ကျဲနေသော အတွေးများကို ပြန်ထိန်းကာ မင်ကျင့်ကို ဟန်ဆောင်ပြုံးပြလိုက်သည်။မင်ကျင့်၏ အမူအရာက လူအများကို ဆွဲဆောင်နိုင်အောင် စွမ်းအားရှိသော နူးညံ့သိမ်မွေ့မှု၊ နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ရှီရှန်း ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီး မျက်လုံးများတွင် အလင်းရောင်တစ်ခု လောင်မြိုက်လာသည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....