Unicode
ရှီရှန်း၏ အလွန်တည်ငြိမ်သော စကားများကြောင့် ယွီ၀မ်ရှင်း၏ ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နှက်သွားစေသည်။
"ယွင်ကွေ့ဖေး မင်းဘာလိုချင်တာလဲ"
"ရှင် ကျွန်မကို ဘာလုပ်ဖို့ ကြံစည်ထားတာလဲ ကျွန်မက ရှင့်ကို လွှတ်ပေးမယ်လို့များ ထင်နေတာလား"
ရှီရှန်းသည် ယွီ၀မ်ရှင်းကို ဓားဖြင့် ဖိအားအနည်းငယ်ပေးလိုက်သည်။
အေးခဲနေသောဓါးသွားက သူ့အရေပြားကို ဖိလိုက်သည်နှင့် အအေးဓာတ်က ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ လမရှိသော ဆောင်းညတွင် အေးစိမ့်သောရေထဲသို့ တွန်းချခံရသကဲ့သို့ပင်— သူ့ အရိုးများ အေးခဲသွားပုံရသည်။
ယွီ၀မ်ရှင်းသည် ဤတစ်ကြိမ်တော့ သူ့ကိုယ်သူ သေခါနီးနေသလို ခံစားလိုက်ရသည်။
ရှီရှန်းက သူ့ကိုနောက်ထပ်ဖိအားမပေးတော့ပေ။ ယွီ၀မ်ရှင်း၏ ခန္ဓာကိုယ်မှ တွန်းကန်အားကို သူမ ခံစားမိသည်။ အကယ်၍ သူမသာထပ်၍ တွန်းအားပေးရန် ကြိုးစားပါက 'ဇာတ်လိုက်ကောင်ရောင်၀ါ' ကြောင့် ဒုက္ခရောက်မည်မှာ အသေချာပင်။
ထိုအခါ သူမလည်း စတိုင်ထုတ်လို့မရတော့ပဲ အံ့မခန်းကျရှုံးခြင်းရဲ့ စံပြနမူနာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ရှီရှန်းက သူမမေးစေ့ကို စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးဆီသို့ ညွှန်ပြလိုက်သည်။
"အဲ့ဒါကိုသောက်"
'နင့်ဆေး နင်ပြန်သောက်'
"ယွင်ကွေ့ဖေး ကိုယ်တော်က ဘုရင်တစ်ပါးပဲ မင်း ကိုယ်တော့်ကို ဒီလို ဆက်ဆံရဲလား ?!"
သူသည် ဆေးကို လက်ဖက်ရည်ထဲခပ်ရန် အမိန့်ပေးခဲ့သူမို့ အထဲမှာ ဘာတွေပါနေကြောင်း မသိတာမဖြစ်နိုင်ပေ။ ဤဆေးကို သူလုံး၀ မသောက်နိုင်ပေ။
'ဒီမိန်းမကို ကိုတွယ်ရခက်မယ်မှန်းသာ ကြိုသိရင် ငါ့လူတွေကို ထွက်သွားဖို့ ပြောခဲ့မှာ မဟုတ်ဘူး'
"အရှင်မင်းကြီး ဘာပြောနေတာလဲ ကျွန်မက ရှင့်ကို လက်ဖက်ရည်တစ်ခွက်လောက် ပေးချင်ရုံပါ"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....