Unicode
ရှီရှန်းက သူမကိုပြောဆိုနေကြတာတွေအားလုံးကို လျစ်လျူရှုပြီးတော့ မင်္ဂလာပွဲရက်ကိုရွေးချယ်လိုက်ပြီ သူမသေသေချာချာတောင်းဆိုပြီး ပြင်ဆင်တာမို့လို့ လအနည်းငယ်လောက်တော့ ကြာဦးမယ် အဲဒီအချိန်အတောအတွင်းမှာတော့ ကျန့်ဇီသတင်းဘာမှမကြားရဘူး
အမတ်တွေအများကြီးက လင်းယွဲ့ကို မကျေနပ်ကြပေမယ့် အပြစ်မပြုရဲကြဘူး
အခုအချိန်မှာ အမတ်ချုပ်က အရာအားလုံးကို ချုပ်ကိုင်ထားတာ ဧကရီတောင်သူမလက်အောက်မှာပဲ ရှိတယ်
မင်္ဂလာပွဲက အရမ်းကိုကြီးကျယ်ခမ်းနားတယ် အပြင်အဆင်ကအစ ပိုးဖဲကတ္တီပါတွေကို ပဲသုံးထားပြီးတော့ တစ်ချက်ကြည့်ရုံနဲ့တင် လင်းယွဲ့ကို သူမဘယ်လောက်ချစ်လဲသိနိုင်တယ်
အမတ်ချုပ်အိမ်တော် လက်အောက်ခံအမတ်တွေသာ မင်္ဂလာပွဲကို ခန်းမထဲအထိတက်ရောက်ခွင့်ရတယ် အခြားအမတ်တွေကတော့ အပြင်ဘက်က စားပွဲခုံတွေမှာပဲ ထိုင်ခွင့်ရကြတယ်
လင်းယွဲ့ ရဲ့ဝတ်စုံကအနည်းငယ်ရှုပ်ထွေးပြီး ထူးဆန်းနေပေမယ့် ရှီရှန်းဟာကတော့ရိုးရှင်းတယ် နှစ်ယောက်လုံး ပွဲစင်ပေါ်တက်တဲ့အခါမှာ လူတိုင်းရဲ့အားကျမှုတွေနဲ့ကြည့်နေတဲ့ အကြည့်တွေကိုမြင်နိုင်တယ်
"ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ပါ"
ရင်းယွဲ့က ရှီရှန်း နဲ့အတူ ကန်တော့ နေရင်း သူ့စိတ်ထဲမှာပုံရိပ်တွေ အရင်ကလည်းတစ်ခါ လက်ထပ်ခဲ့ဖူးသလို ပုံရိပ်တွေ ဖျက်ခနဲ ဝင်လာတယ်
သူ့ရဲ့အနီရောင်ဝတ်စုံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်တယ်
"ဘိုးဘွားကန်တော့ပါ"
ရုတ်တရပ်သူမြင်နေရတဲ့ပုံရိပ်တွေပျောက်သွားတယ် ပုံရိပ်ထဲက လူတွေကဘယ်သူတွေလဲ သူ့မှာစဉ်းစားဖို့အချိန်မရှိဘူး
ဒါပေမဲ့ ဘယ်ကမှန်းမသိတဲ့ပုံရိပ်တွေက သူ့စိတ်ကိုနွေးထွေးစေတယ်"တစ်ဦးကိုတစ်ဦး ကန်တော့ပါ"
ရှီရှန်း နဲ့လင်းယွဲ့တို့တစ်ယောက်ကိုတစ်ယောက်အလေးပြုကြတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....