Arc 12.35

3.3K 534 18
                                    

Unicode

ယွိရှင်းယွင်  ကုယန်ရဲ့ကုမ္ပဏီဆီ ပြန်မောင်းလာခဲ့တယ် ကားထဲက ​လေထုက ​လေးလံ​နေပြီး  မီးပွိုင့်တစ်ခုမှာ ရပ်တန့်လိုက်တဲ့နောက်ဆုံးမှာ​တော့ ယွိရှင်းယွင်ကက ထုတ်​ပြောမိသွားတယ် "ဒီကလေး ရှောင်ရှ …"

"တကယ့်ကိုထူးဆန်းနေတယ်မဟုတ်လား " ကုရန်က သဘာဝကျကိဆက်​ပြောခဲ့တယ် " ဒီနှစ်တွေအတွင်းမှာ သူမအများကြီးပြောင်းလဲသွားခဲ့တယ်...သူမဒါတွေအားလုံးကိုဘယ်ကနေသင်ယူခဲ့လဲ​တော့မသိဘူး.. တစ်ခါတစ်ရံမှာသူမလမ်းကြောင်းလွဲသွားမှာကို ငါစိုးရိမ်မိတယ်"
ယွိရှင်းယွင်က ကုယန်ရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ် "ဒီကလေးကသူမကိုယ်ပိုင်ထင်မြင်ချက်တွေရှိတယ်..သူမကအရမ်းယုံကြည်မှုရှိပြီး   ရှန်းရှီGroup နှင့်ဆက်ဆံတဲ့​နေရာမှာလည်း ကောင်း​ကောင်းလုပ်နိုင်ခဲ့တယ်  သူမရဲ့နည်းလမ်း​တွေက ကြမ်းတမ်း​ပေမယ့်လည်း အဲ့ဒါ​တွေက အမြန်ဆုံးနည်းလမ်း​တွေဆိုတာ သေချာတယ်.. ငါတို့သာဆိုရင် ဒီလိုမျိုးတွေးလို့ရမှာမဟုတ်ဘူး"

ကုယန်ရဲ့မျက်ခုံး​တွေက တင်းကျပ်စွာမှုန်ကုတ်နေကြဆဲဖြစ်တယ် "ယန်​ဟွေ့ရန် နဲ့ဆက်ဆံရတာမလွယ်ဘူး "

"ငါ သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အချို့ကိုစုဆောင်းပြီးပြီ.. သူလုပ်ခဲ့တဲ့အရာတွေကိုဖုံးကွယ်ဖို့ကမလွယ်ဘူး…စိတ်မပူပါနဲ့"

ကုယန်က သူ့ကိုကြည့်ပြီး အားတင်းပြီးပြုံးခဲ့တယ်
……

ရှီရှန်းက ယောင်ချင်ကို အိမ်ပြန်ပို့​ပေးပြီး​​နောက်မှာ ဇာတ်လိုက်​တွေ​နောက် လိုက်ဖို့ စိတ်အားထက်သန်​နေခဲ့တယ်
'ဇာတ်လိုက်​တွေဆိုတာ ​နေရာတကာမှာ ရှိနိုင်တယ်..ဒါ​ပေမယ့် ယောင်ချင်က အဆင့်မြင့်အိမ်ရာမှာ နေတာမှမဟုတ်တာ..သူတို့၂ယောက်က ဘာလို့ ဒီ​ရောက်​နေတာတုန်း..ချစ်စရာကောင်းတဲ့ညရှုခင်းကိုကြည့်ဖို့လား'

တကယ်​တော့ ဇာတ်လိုက်​ဆွေက သူများ​တွေ လိုက်ဖမ်းတာ ခံ​နေရတာ ဖြစ်တယ် ဇာတ်လိုက်​တွေမှာ အမြဲတမ်းရန်သူတွေအများကြီးရှိခဲ့တယ်

သူမတို့က ကျဉ်းမြောင်းတဲ့လမ်းကြားထဲမှာ
ထိပ်တိုက်​တွေ့ခဲ့ကြတဲ့အတွက် ရင်း​မော့နဲ့ ရှန့်ကျားရင်း တို့က မတတ်နိုင်ဘဲရပ်တန့်လိုက်ရတယ်.
ရှီရှန်းနှင့် ယွိကျိုတို့က ဘယ်ဘက်ကမှန်းမသိတာကြောင့် အ​ခြေအ​နေက ရှေ့မတိုးနောက်မဆုတ်သာဖြစ်​နေတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now