Unicode
နှင်းတွေထူထပ်တဲ့နေ့မှာ ငါ့ကို မွေးခဲ့တယ်လို့ပြောကြတယ်။
ရာသီဥတုအေးတာကြောင့် အမေက အဲဒီဆောင်းရာသီမှာ အသက်မရှင်ခဲ့ဘူး။
လမစေ့ဘဲမွေးလာခဲ့ပြီး မိခင်နို့မသောက်ရတာကြောင့် ငါက အမြဲ ချူချာခဲ့တယ်။
သိုင်းလောကသားတွေက နတ်ဆေးသမားတော်လို့ တင်စားခေါ်ဝေါ်ခဲ့ကြ ဆေး၀ိဇ္ဇာဖွားဖွားဆီကို ငါ့အဖေ နဲ့အတူ လိုက်သွားတုန်းက သူမကို ပထမဆုံးတွေ့ဖူးတာပဲ။
သူမက ခြံထဲမှာ တွင် ထိုင်နေခဲ့တာကြောင့် ငါခြံထဲဝင်လာတာနဲ့ သူမကိုတွေ့ခဲ့ရတယ်။ သူမက နူးညံ့လှပပြီး ပိတ်ကြမ်းအဝတ်အစားများကို ၀တ်ထားတာတောင် သူမရဲ့ တက်ကြွမှုကို မဖုံးကွယ်နိုင်ဘူး။
အဖေက ဖွားဖွားနဲ့ ဆွေးနွေးဖို့ အိမ်ထဲဝင်သွားတယ်။
ငါကတော့ သူမဘာတွေကို စိတ်၀င်တစားကြည့်နေတာလဲ သိချင်လွန်းလို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့တယ်။
"ဘာတွေကြည့်နေတာလဲ?"
အဲဒီတုန်းက ငါ ၈ နှစ်ပဲရှိသေးတာ။ ငါ့အသက်အရွယ်နဲ့ တော်တော်လေး အရပ်ရှည်တာမို့ သူမရှေ့မှာ ရပ်လိုက်တာက အလင်းရောင်ကို ပိတ်ဆို့ထားသလို ဖြစ်သွားတယ်။
သူမ ခေါင်းကို မော့လိုက်ပြီး မျက်မှောင်ကျုတ်ရင်း ကျွန်တော့်ကို တွန်းထုတ်လိုက်တယ်။
"နင်ဘာလုပ်တာလဲ! ငါ့ရဲ့ ပိုးကောင်လေးကို နင်းမိနေပြီ!"
'ပိုးကောင်လေး?'
သူမ ခေါင်းညိတ်လိုက်တယ်။
'အဲဒါ ဘယ်လိုလုပ်ပြီး ပိုးကောင်လေးဖြစ်ရမှာလဲ?! ငါ့ကို ကိုက်ဖို့ ပြင်နေတဲ့ ကင်းမြီးကောက်လေ'
"အားးးး!" ကျွန်တော်အော်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်တော့ ကျောပြင်က ချွေးတွေ စိုရွှဲနေခဲ့တယ်။
ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရတာကြောင့် ဖွားဖွားက အပြေးအလွှားထွက်လာပြီး သူမရဲ့ နားရွက်ကိုလိမ်ဆွဲတော့တာပဲ။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....