Unicode
ယွီ၀မ်ရှင်း ကျွမ့်ချုံ၏ နန်းဆောင်သို့ မလာသည်မှာ တစ်လရှိပြီဖြစ်သည်။ ရှီရှန်းကို ဧကရာဇ်မင်းအား မျက်နှာသာမပေးတော့ကြောင်း လူအနည်းငယ်က ခန့်မှန်းကြလေပြီ။
ရှူးဖေးသည်ယခုလတွင် ဘုရင်မင်းမြတ်ကို အကြာဆုံး ခစားရသူဖြစ်ပြီး သူမ၏ မာနသည်လည်း ပိုပိုတိုးလာတော့သည်။
"ဒီလူတွေက မျက်နှလိုက်တဲ့သူတွေပဲ ကျွန်မတို့နန်းဆောင်က အထည်တွေကို အမြဲတမ်းအရင်ရွေးယူနေကြပေမယ့် ဒီတစ်ခါတော့ ရှူးဖေး ကို အရင်ရွေးခွင့်ပေးလိုက်ကြတယ်"
ထောင်ချင်း သည် ရှီရှန်း၏နောက်သို့ လိုက်ရင်း အထည်နှစ်လိပ်ကို ယူဆောင်လာခဲ့သည်။
"မယ်မယ် ဘုရင်မင်းမြတ်ကို ဆက်ပြီးစိတ်မဆိုးစေပါတော့နဲ့...မယ်မယ့်ဘက်က လိုက်လျောရုံပါပဲ အချစ်စမ်းတာကလည်း ကြာလွန်းရက်မကောင်းဘူး"
'ဘယ်သူက ဇာတ်လိုက်ကောင် နဲ့ အချစ်စမ်းနေလို့လဲ ပြီးတော့ 'လိုက်လျော'ဆိုတဲ့စကားလုံးကဘာအတွက်လဲ? ငါလေးက ဘယ်သူနဲ့မဆို အတူအိပ်နိုင်တဲ့ အမျိုးအစားနဲ့ တူနေလို့လား'
ရှီရှန်း၏တိတ်ဆိတ်မှုကို သတိပြုမိလိုက်သဖြင့် ထောင်ချင်းသည် သူမကိုဆွဲဆောင်ရန် ဆက်လက်ကြိုးပမ်းတော့သည်။
"ဘုရင်မင်းမြတ်က မယ်မယ့်အကြောင်းတွေးနေတုန်းပါပဲ မဟုတ်ရင် မနေ့က ဒီလောက်များတဲ့ ပစ္စည်းတွေ ပို့လိုက်မှာမဟုတ်ဖူး…"
တစ်လကြာအောင် အေးစက်နေခဲ့ပြီးနောက်ယွီ၀မ်ရှင်းလည်း နောက်ဆုံးတွင် ငြိမ်မနေနိုင်တော့ပေ။
မနေ့က သူမနန်းဆောင်ထံ ပစ္စည်းအမိားအပြား ပို့လွှတ်လိုက်ပြီး ပုံမှန်အတိုင်းသာ ဆိုလျှင် ရှီရှန်းက သူ့ကို ကျေးဇူးတင်ကြောင်း သွားပြောရမည်ဖြစ်ပြီး နှစ်ယောက်သား ချိုမြိန်တဲ့စကားတချို့ပြောကာ ဤကိစ္စက ပြီးသွားလိမ့်မည်။
သို့သော် ရှီရှန်းက ဇာတ်လိုက်များကို သူတို့ဆန္ဒအတိုင်း လိုက်လျောပေးမည့် သူမျိုးမဟုတ်ပေ။ သူမက ယွီ၀မ်ရှင်းပို့လိုက်တဲ့ ပစ္စည်းများကို ဘာမှမပြောဘဲ လက်ခံထားသည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....