Arc 14.19

3.2K 435 2
                                    

Unicode

နောက်တစ်နေ့ ချင်ကောနိုးလာတဲ့အခါမှာ သူကြမ်းပြင်ပေါ်မှာ လှဲနေတယ်
သူ့အဝတ်တွေလည်း ဖရိုဖရဲဖြစ်နေတယ်
သူ့နှာခေါင်းကလည်း နည်းနည်းမသက်မသာခံစားနေရပြီးတော့ နှာချေ ချင်နေတယ်
'ငါဘယ်လိုဖြစ်ပြီး မနေ့ညက ကြမ်းပြင်ပေါ်မှာ အိပ်ပျော်သွားတာလဲ'
ချင်ကောက ခေါင်းလည်းနည်းနည်းကိုက်နေတယ်
'ငါမနေ့ညက ဆိုဖာပေါ် အိပ်တာမဟုတ်ဘူးလား'
သူကြမ်းပြင်ပေါ်ကနေထပြီးတော့ အိပ်ရာပေါ်ကို ကြည့်လိုက်တယ်
အိပ်ရာပေါ်မှာ ဘာမှမရှိဘူး ပြီးတော့ရေချိုးခန်းထဲက ရေသံကိုသူကြားနေရတယ်
ချင်ကောက မနေ့ညကဘာဖြစ်ခဲ့တယ်ဆိုတာကို စဥ်းစားကြည့်တယ် ဒါပေမယ့်တစ်ခုမှ မမှတ်မိဘူး
ခြေဗလာနဲ့ ရပ်နေတဲ့သူ့ကို ရှီရှန်းက လာကြည့်တယ် ပြီးတော့သူ့လည်ပင်းကအစင်းရာကြီးက ရှိနေတုန်းပဲ
မနေ့ညကအကြောင်းကို ရှီရှန်းက စဥ်းစားမိတော့ ဒေါသထွက်သွားတယ်
'ဒီကောင်က မကောင်းဆိုးဝါးကြီး သူ့ထက်ငါသာမသန်ရင် မနေ့ညက သူချုပ်တာ ငါခံရတော့မှာ ဒင်းကတော့ ဘယ်မှတ်မိမလဲ တွေးကြည့်ရင်းကို.....'
သူကဖုန်းစီ ဆိုတာ ရှီရှန်းက အတည်ပြုပြီးသွားပြီ  သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ခင် အတူတူအိပ်ရင် မုဒိမ်းကျင့်ခံရတာနဲ့ ဘာမှ ကွာခြားမှာမဟုတ်ဘူး
သူမဒါတွေကို ဂရုမစိုက်ပေမယ့်လည်းပေါ့....
"ဟတ်ချိုး!!''
ချင်ကောက နှာချေပြီ
ရှီရှန်းက မျက်မှောင်ကြုတ်မိတယ်
'သူမနေ့ညက အအေးမိသွားတာလား ဒီလိုလူကောင်ကြီးက အအေးလေးနည်းနည်းမိတာ သိပ်တော့ပြဿနာရှိမှာမဟုတ်ပါဘူး'
"ချောင်ချူး"
ချင်ကောက တော်တော်မေသက်မသာဖြစ်လာတာကြောင့် သူမကိုမေးလိုက်တယ်
"မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးမလား"
'မဖြစ်ခဲ့ဘူးမလား'
အရက်သောက်ပြီးတော့ ခနလောက်ဝေဝါးနေတာကြောင့် နောက်ပိုင်းသူဘာဖြစ်ခဲ့မှန်းမမှတ်မိဘူး
"ဘာဖြစ်စေချင်နေတာလဲ "
ရှီရှန်းက သူ့ကို ပြုံးစိစိနဲ့ မေးလိုက်တယ်
"အကယ်၍ ပါမောက္ခသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့အခုတောင် လုပ်လို့ရတယ်နော်"
ချင်ကော"....."
'မိန်းကလေး တစ်ယောက်မှာရှိသင့်တဲ့ အရာကို မရှိတာပါလား'
"ဘာမှမဖြစ်ခဲ့ရင် ပြီးတာပါပဲ"
ချင်ကောက တစ်ခုခုဆီကနေ ထွက်ပြေးဖို့အတွက် ရေချိုးခန်းထဲကို ဝင်လာတယ်
အထဲမှာ မှန်အကြီးကြီး တစ်ခုရှိတယ်
သူမျက်နှာက မူမမှန်ဘဲ နီရဲနေတာကို သူတွေ့လိုက်ရတယ်
'ငါ့ခေါင်းကဘာလို့ အဲလောက်ကိုက်နေတာလဲ အအေးမိတာလားမသိဘူး'
ချင်ကောက သူ့ဘာသာတွေးနေပြီးတော့ မျက်နှာသစ်နေတယ် သူလည်ပင်းကို ရုတ်တရပ်ပွတ်ကြည့်တော့မှ အနီရောင်အစင်းရာကြီးရှိနေပြီးတော့ နီရဲနေတယ်
'ညက တစ်ခုခုတော့ဖြစ်ခဲ့မယ်ထင်တယ်'
ချင်ကောက သူ့အင်္ကျီတွေကို ချွတ်ကြည့်တယ် လည်ပင်းကအစင်းရာက လွဲရင် ကျန်တာ ဘာမှ မရှိဘူး
'ငါတို့တစ်ကယ်လည်း ဘာမှမဖြစ်ခဲ့ပါဘူး ငါကဘာတွေစိတ်ညစ်နေရတာလဲ'
ချင်ကောက သူ့ပါးသူပြန်ရိုက်လိုက်တယ်
'ငါဘာတွေတွေးနေတာလဲ'
ချင်ကောက ထွက်လာတာနဲ့ အခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး ပြီးတော့ သူဘားကနေ ပိုက်ဆံအိတ်ပြန်လာယူဖို့ဖုန်းဆက်ခံရတယ်
သူက ထောင့်တစ်နေရာမှာ ထိုင်နေတာကြောက့် သန့်ရှင်းရေးသမားက တွေ့သွားပုံရတယ်
ပိုက်ဆံအိတ်ယူပြီးတာနဲ့ ကျောင်းကိုတန်းလာတယ် ပထမဆုံးသင်ခန်းစာစသင်တယ်
ပါမောက္ခချင်က အတန်းမနောက်ကျဘူးတာကြောင့် သူတို့အထူးအဆန်းတွေဖြစ်ကုန်တယ်
ရှီရှန်းကလည်း ထုံးစံအတိုင်း အတန်းမလာပြန်ဘူး ညတုန်းက ဟိုတယ်မှာဖြစ်ခဲ့တဲ့ကိစ္စကြောင့် သူမကို ဖုန်းမဆက်တော့ဘူး  သူဆက်လည်းရမှာ မဟုတ်ပါဘူး သူ့နံပတ်က blacklistထဲရောက်နေပြီလေ
သူ့မှာကျောင်းကပေးထားတဲ့ အချိန်အနည်းငယ်ပဲ ကျန်တော့တယ်
............
"ချူးချူး အဲ့နေ့ကအတွက်ကျေးဇူးတင်ပါတယ်  ချန်းရှီက သူမကို နေ့လည်စာဝယ်ကျွေးပြီးတော့ အဲ့နေ့ကအတွက်ကျေးဇူးတင်လိုက်တယ်
"ဒါက စာချုပ်ကြောင့်ပါ"
ချန်းရှီ"....."
"အင်းပါ နင်နဲ့ပါမောက္ခ ချင်နဲ့ဘာဖြစ်ကြပြန်ပြီလဲ သူနင့်ကို ရည်းစားစကားပြောလိုက်လို့လား"
သူမနဲ့ ပါမောက္ခ ချင်ရဲ့ကောလောဟာလကို လူတိုင်းနီးနီးသိကြတယ်
"နင်ဒါကို ဘယ်ကနေကြားလာတာလဲ"
'ချင်ကောက?? ငါ့ကို? ငါ့ရဲ့ကျော်ကြားမှုကအတော်လေး စွမ်းတာပဲ'
"ကောလောဟာလတွေလေ....နင်တို့နှစ်ယောက်က အတော်လေးလည်းအနေနီးကြတာကိုး..ချူးချူး ငါနင့်ကိုသတိပေးထားမယ်နော်..ပါမောက္ခ ချင်ကဆရာဖြစ်ပြီးတော့ နင်ကကျောင်းသူလေ.. ဒီအချက်ကိုတော့စဥ်းစားမိတယ်မဟုတ်လား"
ချင်ကောက အသက်ငယ်တယ်ဆိုရင်တောင် သူကဆရာတစ်ယောက်ပဲ
ဆရာနဲ့ကျောင်းသူ သမီးရည်းစားဆက်ဆံရေးတွေ ကောလောဟာလပြန့်တာမကောင်းဘူး
"ဆရာနဲ့ကျောင်းသူ ရည်းစားဆက်ဆံရေးက ချစ်ဖို့ကောင်းတယ်လို့ရော နင်မထင်ဘူးလား"
ရှီရှန်းက သူ့ကိုမျက်တောင်ခတ်ပြတယ်
"ဝတ္ထုတွေအများကြီးမဖတ်စမ်းပါနဲ့ ချူးချူး"
'တစ်ကယ့်ဘဝက ဘယ်လိုလုပ်ပြီးပုံပြင်ဆန်နိုင်မှာလဲ'
ရှီရှန်းက ဒါကဝတ္ထုတစ်ပုဒ်ဆိုတာ သူ့ကိုပြောပြချင်မိတယ်
'မပြောတော့ပါဘူး...မဟုတ်ရင် ဒီကောင်က ငါ့ကိုဘာတွေမေးဦးမလဲမသိဘူး'
ကျောင်းကိုပြန်တဲ့လမ်းမှာ ချန်းရှီက သူမရဲ့ပစ္စည်းတွေကို သယ်လာပေးတယ် သူတို့လမ်းကို တစ်စုံတစ်ယောက်လာပိတ်ရပ်တယ်
ချန်းရှီက ချင်ရှင်းကို အကဲခတ်မိတယ်
'​ဒီမိန်းမကို ကြည့်ရတာ အထက်တန်းစားဆန်တာပဲ သူမဝတ်ထားတာတော်တော်လန်းတယ်'
"ချူးချူး နင်သူ့ကိုသိလား"
ချန်းရှီက ချူးချူးကို အသံတိုးတိုးလေးနဲ့မေးလိုက်တယ်
ချင်ရှင်းက ချန်းရှီကို ကြည့်လိုက်ပြီး ရှီရှန်းကို စကားပြောတယ်
"မစ္စချောင် ကျွန်မရှင်နဲ့စကားပြောချင်တယ်"
"မစ္စ ချင် ကျွန်မတို့ကြားမှာ ဘာမှပြောစရာမရှိလောက်ဘူးလို့ထင်တယ်"
ရှီရှန်းကသူမကို အတုအယောင်အပြုံးတစ်ခုနဲ့ကြည့်လိုက်တယ်
'ဒီမိန်းက​လေးက အတော်လေးသတ္တိရှိတာပဲ ငါ့ကိုကြောက်တဲ့စိတ်ကို မြန်မြန်ဖျောက်နိုင်သားပဲ'
တစ်ကယ်တော့ ချင်ရှင်းကသူမကိုကြောက်နေတုန်ပဲ ဒါပေမဲ့သူမနဲ့အတူခေါ်လာတဲ့ လူတွေကြောင့် သူမရဲရင့်နေတယ်
"ချင်ကောကို လွှတ်ပေးဖို့အတွက်ရှင့်ကို ဘယ်လုပ်ပေးရမလဲ"
ချင်ကောက သူမအပေါ်ထူးခြားတာကို တွေ့တာကြောင့် သူ့အနားမှာ ရှိခွင့်မပေးနိုင်ဘူး
"ရှင်ကျွန်မကို ဘယ်လောက်ပေးမှာလဲ"
ချင်ရှငိး"....."
'ငါသူမကို ပိုက်ဆံပေးမယ်ဆိုတာ ဘယ်လိုသိတာလဲ ဒီမိန်းမကအတော်လေး ခန့်မှန်းရခက်တာပဲ'
"၅သန်း ချင်ကောကို လွှတ်ပေးလိုက်ပါ သူ့ရှေ့ကို ထပ်မပေါ်လာပါနဲ့"
ချင်ကောက ချက်လက်မှတ်ကို ထုတ်ပေးလိုက်တယ်
"ချင်ကောက ရှင့်အတွက် ဒီလောက်ပဲတန်တာလား"
ချက်လက်မှတ်ကို ခါထုတ်လိုက်တယ်
"စျေးပေါလိုက်တာ"
ချင်ရှင်းက မျက်ခုံးတွန့်သွားတယ်
"မစ္စ ချောင် လောဘမကြီးပါနဲ့"
"ရှင်က ကျွန်မကိုငွေနဲ့လည်း ရှင်းပစ်ချင်သေးတယ် ညှိနှိုင်းတာကျ လက်မခံပါလား"
'ချီး...ငါ့ဖုန်းစီလေးကို ငွေနဲ့ဝယ်နိုင်မယ်လို့များ နင်ထင်နေတာလား'
"ချင်ကောက ပစ္စည်းမဟုတ်ဘူး''
"အဲတာဆိုလည်း ကျွန်မကို ဘာကိစ္စပိုက်ဆံလာပေးနေလဲ"
'ရူးနေတာလား အပြောနဲ့အလုပ်နဲ့ကိုမညီဘူး'
ချင်ရှငိးက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်
"ကျွန်မရှငိမျက်နှာပျက်ရမှာစိုးလို့ ပိုက်ဆံပေးပြီး ထွက်သွားခိုင်းနေတာ"
ချန်းရှီ"....."
'နင်က လူကိုတောင်ပိုက်ဆံနဲ့မောင်းထုတ်နေတာလေ ဘာကိုမျက်နှာပျက်ရမှာစိုးတာလဲ သိက္ခာက အဲ့မှာကတည်းက ကျနေပြီမဟုတ်ဘူးလား'
ချန်းရှီက ရှီရှန်းရဲ့လက်မောင်းကို ဆွဲလိုက်တယ်
"ချူးချူး သွားကြမယ်".'ဒီမိန်းမက ရူးနေတာ'
ရှီရှန်းက သူ့ကိုစိတ်လျော့ဖို့အချက်ပြလိုက်တယ် သူမအိတ်ထဲက အကြွေတစ်ဆယ်ထုတ်ပြီးတော့ ချက်လက်မှတ်ပေါ်တင်လိုက်တယ် နောက်ထပ်၃ကျပ်ပါ ထပ်ထုတ်ပေးတယ်
ပြီးတော့ ချင်ရှင်း ကိုပေးတယ်
"မစ္စချင် ငွေငါးသန်းယူပြီး ကျွန်မရှေ့မှာထပ်မပေါ်လာပါနဲ့ အကြွေဆယ့်သုံးကျပ်အပိုပေးထားတယ်"
ချင်ရှင်း"...."
'နင်က ငါ့ငွေကိုပြန်သုံးနေတာလား'
ချင်ရှင်းက ဒေါသတွေထွက်ပြီး တုန်လာတယ် သူမနောက်ကလူတွေကို အမိန့်ပေးလိုက်တယ်
"သူမကို ချုပ်လိုပ်စမ်း"
'ကိုယ့်အဆင့်ကိုယ်မသိတဲ့ ဒီဟာမကို ငါသင်ခန်းစာကောင်းကောင်းပေးပြမယ်'
ချင်ရှင်းက နေကာမျက်မှန်ဝတ်ထားပြီး သူမနဲ့အတူလာတဲ့လူထွားကြီးတွေကို ခေါ်လိုက်တယ်သူတို့အားလုံး ချန်းရှီနဲ့ ရှီရှန်းကို ဝိုင်းထားကြတယ်
ချန်းရှီက ရှီရှန်း ကိုနောက်ကိုဆွဲလိုက်တယ်
"ချူးချူး ငါအချိန်​ဆွဲထားပေးမယ် ​ပြေးနှင့်"
ချန်းရှီက ရှီရှန်းကို အသံတိုးတိုးလေးနဲ့ပြောတယ်
လူများတာကြောင့် သူမကိုအရင်ပြေးခိုင်းမှရမယ် သူ့လိုယောကျ်ားလေးကတော့ နည်းနည်းအရိုက်ခံရတာ ဘာမှမဖြစ်ပါဘူး
ချန်းရှီနဲ့ အဲ့လူသန်ကြီးတွေကို ယှဥ်ကြည့်ရင် ခြင်္သ့နဲ့ ဆင် လိုပဲ
ရှီရှန်းက ခေါင်းခါပြပြီးသူမဓားကို ထုတ်လိုပ်တယ် သူမကချန်းရှီနောက်မှာ ရပ်နေတာကြောင့် သူမဓားထုတ်တာကို ဘယ်သူမှ မမြင်လိုက်ကြဘူး ခုနှစ်ရောင်ခြည်အလင်းတန်းက လူတိုင်းရဲ့အမြင်ကို စူးရှသွားစေတယ်
.....

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now