Arc 14.31

3.2K 444 0
                                    

Unicode

ဆုပေးပွဲအခမ်းအနား ပြီးတော့ သူတို့တွေစားသောက်ပွဲကျင်းပကြတယ်

ရှီရှန်းနဲ့ ချင်ကောနဲ့က အတူတူမတ်တပ်ရပ်နေကြတယ် သူတို့စကားတွေအများကြီးမပြောကြဘူး ဒါပေမဲ့ အကြည့်တွေက တစ်ယောက်နဲ့တစ်ယောက်မခွာနိုင်ကြဘူး

ချင်ကောနဲ့အလုပ်အတူလာလုပ်တဲ့သူတွေကတော့လာနှုတ်ဆက်ကြတယ် အခြားသူတွေကတော့ အနားတောင်မကပ်ရဲကြဘူး

ဒီအသိုင်းအဝိုင်းကလူတိုင်းက ချင်သူဌေးက ဆက်ဆံရလွယ်ကူတဲ့သူမဟုတ်ဘူးဆိုတာ သိကြတယ် အမှားတစ်ခုလုပ်မိရင်တောင် 'ဒီလူနဲ့လုံးဝထပ်မပတ်သတ်ဘူး' ဆိုတဲ့ခေါင်းစဥ်ထဲရောက်သွားလိမ့်မယ် သူကအရမ်းစည်းကမ်းကြီးတယ် 

သူနဲ့အလုပ်တွဲလုပ်တဲ့သူတိုင်းကလည်း ဒါကိုအလေးအနက်ထားရတယ် သူနဲ့လက်မှတ်ထိုးဖို့အတွက်လည်း အကြိမ်၂၀လောက်ဆွေးနွေးခဲ့ရတယ်

"ချင်အိမ်တော်ကလူ တစ်ယောက်ယောက်လာနေတယ်"

ချင်ကောဘေးနားမှာရပ်နေတဲ့သူတစ်ယောက်က လက်ညှိုးထိုးပြတယ်

ချင်ကောနဲ့ ချင်မိသားစုတွေနဲ့မတည့်ဘူးဆိုတာ လျို့ဝှက်ချက်မဟုဘူး အခု ချင်မိသားစုက ကိုယ်စားလှယ်လွှတ်လိုက်တယ်

ဒါကြောင့်သူတို့တွေ လမ်းဖယ်ပေးကြတယ်

"ချင်ကော"

စာကားပြောလိုက်တဲ့သူက အသက်အလတ်အရွယ်လောက်ပဲရှိဦးမယ် ချင်မျိုနွယ်ဖြစ်တာကြောင့် ​ချောမောပြီး ခန့်ညားနေတယိ

ချင်ကောက သူ့ကိုအေးအေးစက်စက်ကြည့်လိုက်တယ် သူ့ကိုမကြိုဆိုသလို နှုတ်လည်းမဆက်ဘူး

ရှီရှန်းက အဲ့လူကို တစ်ခါမြင်ဖူးတယ် သူက ချ​င်ကောရဲ့အဖေရဲ့ဝမ်းကွဲအကို, ချင်လင်း

"မင်းအပြင်မှာ လျှောက်လုပ်နေတာတွေကျေနပ်ရင် ပြန်လာခဲ့ပါ: မင်းကချင်အိမ်တော်ရဲ့ သခင်ငယ်လေးပဲ မင်းကမိသားစုအမွေကို ဆက်ခံသင့်တယ်

ချင်လင်းက သူ့ကို စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်ကို ကြည့်တဲ့ပုံစံနဲ့ကြည့်လိုက်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Dove le storie prendono vita. Scoprilo ora