Unicode
ယွီ၀မ်ရှင်း သည် ရှီရှန်းကို အနှောက်အယှက်ပေးရန်အတွက်ပင်မအားဘဲ သဘာဝဘေးဒဏ်ကို ကိုင်တွယ်ဖြေရှင်းရင်းအလုပ်များလွန်းနေလေသည်။ ရှီရှန်းကလည်း ဘာကိုမှ ဂရုမစိုက်ဘဲ စားရင်းသောက်ရင်း သူမရဲ့နန်းတော်ထဲမှာ ပုန်းအောင်းနေပြီး လောကကြီးကို မျက်နှာထွက်မပြသေးပေ။
ကျွမ့်အိမ်တော်ကလည်း တိုင်းပြည်အခြေအနေပရမ်းပတာဖြစ်နေခြင်းကို အသုံးချ၍ အစီအစဉ်တချို့ပြလုပ်နေကြသည်။
ကျွမ့်အိမ်တော်က တစ်စုံတစ်ဦးကို နန်းတော်ထဲသို့ ခိုးဝင်ခိုင်းပြီး ယွီ၀မ်ရှင်း ကို ရအောင်ကျွေးရန် ပစ္စည်းတချို့ပင် ရှီရှန်းထံ ပေးပို့ခဲ့သေးသည်။
နောက်ဆုံးတွင်တော့ ရှီရှန်းလည် ယွီ၀မ်ရှင်းကိုရှာရန် ရင်ကော့ပြီး ထွက်လာခဲ့သည်။
ယွီ၀မ်ရှင်းသည် ရှီရှန်းတစ်ယောက် သူ၏ ရညီလာခံခန်းမထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
တော်၀င်အစောင့်တစ်ယောက်မှ သူမကို မတားနိုင်ခဲ့ကြပါ။
ကျွမ့်သခင်ကြီး၏မျက်နှာက အံ့သြတကြီးဖြစ်နေပြီး ရှီရှန်း အဘယ်ကြောင့် ဤအချိန်မျိုးတွင် ဝင်လာသည်ကို ဝေခွဲမရဖြစ်နေပုံရသည်။
စိတ်ရှုပ်ထွေးနေကြသော အရာရှိများနှင့် နှိုင်းယှဉ်ပါက ယွီ၀မ်ရှင်းသည် များစွာ တည်ငြိမ်နေလေသည်။
"ကျွမ့်ချုံ မင်းဘာလုပ်တာလဲ၊ ဒီခန်းမထဲကို ဓားတစ်ချောင်းယူလာရဲတယ်! ဘယ်သူ့ကိုလုပ်ကြံချင်နေတာလဲ"
တော်၀င်မျိုးနွယ်တစ်ဦးက ချက်ချင်းထရပ်ပြီး သူမအား ကြိမ်းမောင်းခဲ့သည်။ရှီရှန်းသည် သူမ၏ဓားကို မှီရင်း အမှုထမ်းအိုကြီးကို အပြုံးမပျက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှင်တော့မဟုတ်ဘူး ဒါကြောင့် စိတ်မပူပါနဲ့"
"ဘာ-မင်း!!…"
"ကျွမ့်သခင်ကြီး ဘယ်လိုသမီးကိုမွေးထားသလဲဆိုတာ ကြည့်စမ်း ညီလာခံခန်းမထဲကို ဓားတစ်ချောင်း ယူလာဝံ့တယ် မင်းတို့ ကျွမ့်အိမ်တော် က ပုန်ကန်ဖို့ ကြံနေကြတာလား"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....