Unicode
ရှောင်ဟေးက ဆွဲခေါ်ခံခဲ့ရသည်။ သူမဟာ ဒူးထောက်နေပြီး တုန်တုန်ယင်ယင်နဲ့ သူမ၏ မျက်နှာသည်လည်း သေမင်းကိုတွေ့လိုက်ရသလို ဖြူဖျော့နေလေ၏။
"မင်းက ရှောင်ဟေးလား?"
သဲ့ကုန်းကုန်း က စူးစူးရှရှ အသံဖြင့် မေးလိုက်သည်။"ဟုတ်ပါတယ်"
ရှောင်ဟေးက သူမ၏နဖူးကို ကြမ်းပြင်နှင့်ထိထားပြီး ကြောက်ရွံ့တုန်လှုပ်စွာပြန်ဖြေသည်။"မင်း လင်အန်းကျောင်းတော် ကို သွားဖူးလား"
ရှောင်ဟေး တုန်လှုပ်သွားသည်။
"မသွားဖူးပါဘူး"သဲ့ကုန်းကုန်းက မင်ကျင့် ကို ကြည့်လိုက်သည်။
"ဒီနေ့ နေ့လယ် ၃ ချက်ခွဲလောက်မှာ မင်းက စာသင်ကျောင်းထဲကို အစားအသောက်တစ်ဗူးယူလာပြီး လေ့ကျင့်ရေးခြံဘေးမှာ တစ်ယောက်တည်းရှိနေတဲ့ မင်းသားငယ်ဆီ သွားခဲ့တယ် အဲဒီတုန်းက မင်းသားရဲ့အမိန့်အရ မုန့်တွေ လာပို့တာလို့ ထင်နေတာကြောင့် ငါ သိပ်ဂရုမစိုက်ခဲ့ဘူး"
မင်ကျင့်က အချိန်နှင့် နေရာကိုပါထုတ်ပြောပြီး သူနှင့် ဤပြသနာမှာ မသက်ဆိုင်ကြောင်း သေချာစေခဲ့သည်။
ရှောင်ဟေး၏ ခန္ဓာကိုယ်က ပို၍ပင် တုန်လှုပ်လာတော့သည်။
အခန်းက တိတ်ဆိတ်နေသည်။
နောက်ဆုံးတွင် ရှောင်ဟေးလည်း ဖိအားများကို မခံနိုင်တော့ဘဲ ငိုယိုကာ အသနားခံတော့၏။
"အရှင်မင်းကြီး ကျွန်တော်မျိုးမကို သနားပါ! ကျွန်တော်မျိုးမမသိခဲ့ဘူး! မုန့်တွေ အဆိပ်ခပ်ထားမှန်း တကယ်မသိဘူး! ကျေးဇူးပြုပြီး သနားပါ..."
ယွီ၀မ်ရှင်း ၏ မျက်လုံးများနီရဲလာပြီး အတတ်နိုင်ဆုံး လေသံကိုလျှော့ကမေးလိုက်သည်။
"မင်းသားငယ် ကို အန္တရာယ်ပြုဖို့ ဘယ်သူက အမိန့်ပေးတာလဲ""အဲဒါ…အဲဒါ…"
ရှောင်ဟေးက ခေါင်းမထောင်နိုင်သေးဘဲ ခဏတာ မျှ စကားထစ်နေခဲ့ပြီးနောက် နောက်ဆုံးတွင်အံကြိတ်ကာ ပြန်ဖြေခဲ့သည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....