Arc 14.27

3.2K 498 3
                                    

Unicode

ချောင်ချန်းချန်း ပြည်ပကိုထွက်သွားတာက ငါးနှစ်ကြာခဲ့တယ်

ဒါပေမဲ့ ရှီီရှန်းရဲ့နေ့တိုင်းကတော့ သာသာယာယာမရှိခဲ့ဘူး

အကြောင်းပြချက်တစ်ခုခုကြောင့် ချင်ရှင်းကအရှုံးမပေးသေးဘဲ သူမကိုလိုက်နှောက်ယှက်နေခဲ့တယ်

အဆိုးဝါးဆုံး လုပ်ရပ်ကတော့ သူကရှီရှန်းကို ပြန်ပေးဆွဲဖို့တောင်ကြိုးစားခဲ့တယ် ရလဒ်အနေနဲ့ သူမရှီရှန်းကို လျော်ကြေးသုံးသန်းပေးလိုက်ရပြီး သုံရက်အချုပ်ကျသွားတယ်

သူမအချုပ်ကနေလွတ်တော့ ပြည်ပကိုစေလွှတ်ခြင်းခံရတယ်

ဒီကိစ္စဖြစ်ရပ်ကို အကြောင်းပြုပြီး ချင်မိသားစုက ချင်ကောရဲ့ ကုမ္ပဏီကို ဖိနှိပ်ဖို့လုပ်ခဲ့တယ် ဒါပေမဲ့ ချင်ကောက ဒီဖိအားတွေကို ကြံကြံ့ခံပြီးတော့ ကုမ္ပဏီကို ချဲ့ထွင်နိုင်ခဲ့တယ်

ရွှေထုပ်ပိုက်ထားတဲ့ ချင်ကောကတော့ ချမ်းသာပြီးအသိုင်းအဝိုင်းမြင့်တဲ့ မိန်းကလေးတွေ လိုက်တာခံရတော့တယ်

အခုခေတ် မိန်းကလေးတွေက ရည်းစားရှိတာမရှိတာဂရုမစိုက်ဘူး သူတို့ကြိုက်ရင်လိုက်ကြတာပဲ

သူမလူဒီလိုမျိုး အကြိုက်ခံနေရပေမယ့် ရှီရှန်းက စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားထားတယ်

"ကျွန်မကြတော့သွားလို့မရဘူး သူကြတော့သွားလို့ရတယ်လား!?''ထိုမိန်းကလေးက ရှီရှန်းကို လက်ညှိုးထိုးပြီးပြောတယ်

သူတို့နှစ်ယောက်လုံးက CEOအခန်းကိုသွားမယ့်ဓာတ်လှေကားကနေ အငြင်းပွားနေတယ်

အစောင့်ကပြုံးပြတယ်

"မစ္စ ကျေးဇူးပြုပြီး ကျွန်တော့်အလုပ်ကိုမနှောက်ယှက်ပါနဲ့ CEOကိုတွေ့ချင်ရင်သူနဲ့အရင်ချိန်းပါ သူသဘောတူတယ်ဆိုရင် မစ္စကိုသွားခွင့်ပေးမှာပါ"

"ဒါဆိုရင် သူ့မှာရော ခွင့်ပြုချက်ရှိလို့လား"

'ငါတို့စီအီးအိုရဲ့ ဇနီးပါဆိုခွင့်ပြုချက်လိုမလား?'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now